Book Image
ဗဂျီအောင်စိုး
ဗဂျီအောင်စိုးကို ၁၉၂၃ ခုနှစ်တွင် မွေးဖွားသည်။ ၁၉၄၇ ခုနှစ်တွင် တာရာမဂ္ဂဇင်း၌ စတင်ပန်းချီ ရေးဆွဲခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာန တွင် ပန်းချီကထိကအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာနနှင့် စက်မှုတက္ကသိုလ်တွင် ၁၉၇၈-ခုနှစ်အထိ ကထိကအဖြစ် Graphic Art နှင့် History of Art ဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

၁၉၅၁-ခုနှစ်မှာ အိန္ဒိယအစိုးရ အကူအညီဖြင့် အိန္ဒိယပြည် ဝိသာရဘာရတီ တက္ကသိုလ် တဂိုး  ထူထောင်သော စန္တိနိကေတံ တွင် အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီ ပညာ ကို တနှစ်ကြာ သွားရောက်သင်ကြားခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခဲ့သော ဆေးဆိုးပန်းရိုက်သင်တန်း ကျောင်းတွင် ဒီဇိုင်းနည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနှစ်အစောပိုင်းတွင် ရှုမဝမဂ္ဂဇင်းက သူ့ပုံတပုံ ဖော်ပြခဲ့ရာ အများစုကြား ပွက်လောရိုက်သွားပြီး တချို့က သူ့ကို ရူးနေသည်ဟုပင် ပြောခဲ့ကြသည်။ စာမဲ့ကဗျာ စာအုပ်နှင့် ရိုးရာမှသည် ခေတ်သစ်သို့  စာအုပ်နှစ်အုပ်ရေးသား ပြုစုခဲ့သည်။ ရှုမဝမဂ္ဂဇင်း နှင့် မဂ္ဂဇင်းပေါင်း များစွာတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။

၁၉၉၀-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အမာ(ခေါ်) ဒေါ်သန်းကြည်နှင့် သားသမီးရှစ်ယောက် ကျန်ရစ်သည်။

သူ၏ လက်မှတ်

ဝလုံးလေး ၈ လုံး ရန်ထားသည့် ဝလုံးကြီး တလုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီလို့ ရေးတဲ့သူ တယောက် ဆိုတာ ပန်းချီကို မရင်းနှီးသော စာဖတ် သူတွေပါ သိပါသည်။ သူ့ သရုပ်ဖော်ပုံတွေ၊ ပန်းချီကားတွေမှာ လက်မှတ်ကို အမျိုးမျိုး ထိုးထားတာ တွေ့နိုင်သည်။ အောင်စိုး၊ ဗဂျီအောင်စိုး၊ အောင်ဗဂျီကိုး၊ ဦးအောင်စိုး … အစရှိသဖြင့်...။

သူ၏ စကားသုံးခွန်း

ပန်းချီ၏ အသက်သည် “ပုံဆွဲ”
ပန်းချီ၏ ရသသည် “ဒီဇိုင်း”
ပန်းချီ၏ အနှစ် သာရသည် “အရောင်” 

ကိုးကား

↑ ဗချီအောင်စိုးအမှတ်တရ စာစုမှ
↑ ဗဂျီအောင်စိုး ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ထုတ်သည့် စာအုပ် နောက်ကျောဖုံးမှ

Reference from: wikipedia

Written Books

Book Review Image

ရိုးရာမှသည် ခေတ်သစ်သို့

ဗဂျီအောင်စိုး
Book Review Image

စာမဲ့ကဗျာ

ဗဂျီအောင်စိုး