Library Image

ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ် မိတ်ဆက်ပွဲနှင့် စာအုပ်များ လှူဒါန်းပွဲ ဇူလိုင် ၁၄ ( သောကြာ) နေ့လယ် ၁၂ နာရီ

14/07/17



ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ် မိတ်ဆက်ပွဲနှင့်

စာအုပ်များ လှူဒါန်းပွဲ
ဇူလိုင် ၁၄ ( သောကြာ) နေ့လယ် ၁၂ နာရီ
Yangon Book Plaza 
ငါးလွှာ၊ သံဈေး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
ဖုုန်း - ၀၉၇၆၇၀၁၉၉၂၆

          စိတ်ကူးချိုချို စာပေကနေ ထူးခြားတဲ့ စာအုပ်တစ်အုပ် ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ထူးခြားတာထက်ကို ပိုပါတယ်။ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရမယ့် စာအုပ်ကြီး တစ်အုပ်ပါ။
           စာအုပ်နာမည်က Royal Orders of Burma ဆိုတဲ့ စာအုပ်ကြီး ဖြစ်ပါတယ်။ အတွဲ ၁၀ တွဲရှိပြီး စာမျက်နှာ စုစုပေါင်း ၇၀၀၀ နီးပါး ရှိတဲ့ စာအုပ်တွဲကြီး ဖြစ်ပါတယ်။ ဆရာကြီးဟာ အဆိုပါ စာအုပ်ကြီးကို သုံးဆယ့်သုံးနှစ်ကျော် အချိန်ယူရေးသားခဲ့ပါတယ်။ မြန်မာမင်းအဆက်ဆက်တို့ရဲ့ အမိန့်တော် ပြန်တမ်းတွေကို နိုင်ငံအနှံ လိုက်လံစုဆောင်းချိန် ၂၅ နှစ်တိတိကြာခဲ့ပြီး ပြုစုချိန် ၈ နှစ် ကြာခဲ့တဲ့ စာအုပ်ကြီးပါ။ ပြုစုချိန်မှာလည်း တစ်နေ့ကို ၁၆ နာရီတိတိ အလုပ်လုပ်ပြုစုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာအုပ်ကြီးကို ပြုစုနိုင်ခဲ့တဲ့အတွက် ဆရာကြီးကို ဖူကူအိုကာ ဆု ချီးမြင့်ခဲ့ပါတယ်။
            မြန်မာပြည်မှာ တစ်ကြိမ်တစ်ခါမှ ထုတ်ဝေခဲ့ဖူးခြင်းမရှိဘဲ အခုမှ စိတ်ကူးချိုချိုက ပြန်လည် ပုံနှိပ်ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ 
              ဇူလိုင် ၁၄ ရက်နေ့ Yangon Book Plaza မှာကျင်းပမယ့် ပွဲကို လာရောက်သူတိုင်းကို ၁၀ တွဲ မူရင်ဈေး ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း) အစား ၉၆၀၀၀ ( ကိုးသောင်းခြောက်ထောင်) ကျပ်နဲ့ အထူးဈေးလျှော့ရောင်းချပေးသွားမှာဖြစ်ပါတယ်။
           သမိုင်းလေ့လာလိုက်စားလိုသူများ၊ စာကြည့်တိုက်များအတွက် စုဆောင်းလိုသူများ လက်မလွတ်တမ်း ဝယ်ယူထားသင့်တဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
            အထူးဈေးနဲ့ ရရှိဖို့ဆိုရင်တော့ စာအုပ်မိတ်ဆက်ပွဲကို အရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။