Library Image

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပေါင်း ၇၀၀၀၀ (ခုနှစ်သောင်း) ခင်းကျင်းရောင်းချပွဲ

17/07/17



နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်
စာအုပ်ပေါင်း ၇၀၀၀၀ (ခုနှစ်သောင်း)
ခင်းကျင်းရောင်းချပွဲ????????????
အများဆုံး ၅၀၀ ကျပ်မှ အနည်းဆုံး ၂၀၀ ကျပ်
၁၉.၇.၁၇ ( အာဇာနည်နေ့)မှ ၂၆.၇.၁၇ ထိ
မနက် ၉ နာရီမှ ည ၇ နာရီထိ
Yangon Book Plaza
ငါးလွှာ၊ သံဈေး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
ဖုန်း - 09767019926

                      နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ် ၇၀၀၀၀ ( ခုနှစ်သောင်း) ခင်းကျင်းရောင်းချပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာပါပြီ။????
             စိတ်ဝင်တစားမေးမြန်းကြတဲ့ မီဒီယာအသီးသီးမှ တာဝန်ရှိသူများ၊ မက်ဆေ့ပေးပို့ကာစုံစမ်းကြတဲ့ စာပေချစ်မြတ်နိုးသူများကို အထူးကျေးဇူးတင်ပါတယ်။
            အနည်းဆုံး ၂၀၀ ကျပ်ကနေ အများဆုံး ၅၀၀ ကျပ် ၊ တနည်းအားဖြင့် လက်ဖက်ရည်တစ်ခွက်ဖိုး၊ မုန့်ဟင်းခါး တစ်ပွဲဖိုးလောက်နဲ့ စာအုပ် ဝယ်ယူရရှိနိုင်မယ့် အစီအစဉ်အတွက် စိတ်ဝင်စားမှူ များပြားနေတာကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။
            အဆိုပါ ပွဲအတွက် ကြိုတင် ရင်ခုန်နေသူများအတွက် အချက်အလက်အချို့ကို ကြိုတင် သတင်းကောင်းပါးပါရေစ။
            စာအုပ်  ၇၀၀၀၀ ( ခုနှစ်သောင်း) ထဲမှာ ရုပ်ပြ၊ ကာတွန်း၊ ဘာသာပြန်၊ လုံးချင်း ဝတ္ထု၊ ပုံပြင် အစုံအလင် ပါရှိပါတယ်။ ဒါပေမယ့် အရေအတွက်၊ အမျိုးအစားကတော့ အကန့်အသတ်ရှိပါတယ်။ ဦးရာလူ စနစ်နဲ့ပဲ အပုံလိုက်ရောင်းချပေးမှာ???? ဖြစ်ပါတယ်။ စောစောလာလေ ရွေးချယ်စရာ ပိုများလေပါပဲ။????
           အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ ပတ်သက်တဲ့စာအုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်များကိုလည်း အထူးလျှော့ဈေးများနဲ့ သီးသန့် ခင်ကျင်းရောင်းချပေးဦးမှာ ဖြစ်ပါတယ်။ ????‍♂️????‍♀️
          စာကြည့်တိုက်များကို စာအုပ် လှူဒါန်းဖို့ဖြစ်စေ၊ ကိုယ်တိုင် ဝယ်ယူ ဖတ်ရှူဖို့ ဖြစ်စေ၊ ကိုယ့်မျိုးဆက်သစ်များအတွက် စာပေအမွေ လက်ဆင့်ကမ်း ပေးဖို့ဖြစ်စေ အတန်ဆုံး ဈေး၊ အကောင်းဆုံး အခွင့်အရေးပါပဲ။ လက်မလွတ်တမ်း လာရောက် လေ့လာ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။????‍♂️????‍♀️
           သားသား မီးမီး ညီ ညီမ များကိုလည်း စာအုပ်ပလာဇာကို ခေါ်လာရင်း စာအုပ်များနဲ့ ရင်းနှီးခွင့်ပေးလိုက်ကြပါ.....