Library Image

တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် Yangon Book Plaza 5.8.17 (စနေနေ့) နေ့လယ် ၁ နာရီ

28/07/17



တာရာမင်းဝေ

ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်
Yangon Book Plaza
5.8.17 (စနေနေ့)
နေ့လယ် ၁ နာရီ
မြန်မာ့ခေတ်ပေါ် ဝတ္ထုလမ်းကြောင်းရဲ့ အထင်ရှားဆုံး စာရေးဆရာများထဲက တစ်ဦးဖြစ်တဲ့ ဆရာတာရာမင်းေ၀ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားကို Yangon Book Plazaမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
တာရာမင်းဝေကို ချစ်ခင် မြတ်နိုးတဲ့ စာပေမိတ်ဆွေများ၊ စာဖတ်ပရိတ်သတ်များ မည်သူမဆို လာရောက် ပါဝင်ဆင်နွှဲလို့ရပါတယ်။
တာရာမင်းေ၀ အကြောင်း အမှတ်တရ ပြောဆိုခြင်း၊ ကဗျာ ရွတ်ဆိုခြင်းများကိုလည်း ထည့်သွင်းစီစဉ်ထားပါတယ်။
အထူးခြားဆုံး အစီအစဉ်တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ဆရာ အောင်ဒင် စီစဉ်တဲ့ အမှတ်တရ တာရာမင်းေ၀ ဆိုတဲ့ စာအုပ်လေးပါ။
အဆိုပါ စာအုပ်ဟာ စာအုပ် ဈေးကွက်အတွင်းကို ဖြန့်ချိရောင်းချမယ့် စာအုပ် မဟုတ်ပါဘူး။ တာရာမင်းေ၀ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို လာရောက်ကြမယ့် တာရာမင်းဝေကို ချစ်သူ ခင်သူတွေအတွက် လက်ဆောင် အဖြစ် စီစဉ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
တာရာမင်းဝေနဲ့ နီးစပ်တဲ့ စာပေလောက၊ နိုင်ငံရေး လောကက လုပ်ဖော်ကိုင်ဖတ်များ ဝိုင်းဝန်း ပြုစုရေးသားထားတဲ့ စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။
တာရာမင်းဝေရဲ့ အမှတ်တရပွဲလေးကို မှတ်မှတ်ရရ လာရောက်ရင်း စာအုပ် လက်ဆောင်ရယူ ဆင်နွှဲလိုက်ပါ။
Yangon Book Plaza ရဲ့ လိပ်စာကတော့ ငါးလွှာ၊ သံဈေး၊ လမ်းမတော်လမ်း၊ ဖြစ်ပါတယ်။ ၁၇ လမ်းဘက်ရှိ သံဈေး ဝင်ပေါက်မှာ လူစီးသီးသန့် ဓာတ်လှေကား ရှိပါတယ်။ ဖုန်း - 09767019926 ကိုလည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ပိတ်ရက်မရှိ နေ့စဉ် မနက် ၉ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်လျက်ရှိပါတယ်။