Library Image

Save The Library အဖွဲ့သားများစီစဉ်သည့် ပြည်သူ့စာကြည့်တိုက်များ (ဖွံဖြိုးရေးနှင့်ထောက်ပံရေးဆိုင်ရာ ဆွေးနွေးပွဲ) ဆွေးနွေးမည့်နေရာ Yangon Book Plaza ၂၀.၈.၂၀၁၇ (တနင်္ဂနွေနေ့) နေ့ခင်း ၁နာရီ မှ ၄ နာရီ

16/08/17



Save The Library အဖွဲ့သားများစီစဉ်သည့်

ပြည်သူ့စာကြည့်တိုက်များ
(ဖွံဖြိုးရေးနှင့်ထောက်ပံရေးဆိုင်ရာ ဆွေးနွေးပွဲ)

ဆွေးနွေးမည့်နေရာ

Yangon Book Plaza
၂၀.၈.၂၀၁၇ (တနင်္ဂနွေနေ့)
နေ့ခင်း ၁နာရီ မှ ၄ နာရီ 

ဆွေးနွေးမည့်သူများ

၁။မြန်မာနိုင်ငံစာကြည့်တိုက်အသင်း
၂။မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း
၃။ MBAPF
၄။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဖွဲ့များက ဦးဆောင်ပြီး စာကြည့်တိုက်ပညာရှင်များ ၊စာရေးဆရာများ၊စာကြည့်တိုက်အရေးလုပ်ဆောင်နေကြသူများ နှင့် ဆွေးနွေးပွဲတက်ရောက်သူများပါဝင်ဆွေးနွေးကြမှာဖြစ်သလို
အဝေးရောက်စာကြည့်တိုက်များအနေဖြင့် ဆွေးနွေးပွဲကို Save The Library Page တွင် live ကြည့်ပြီး မိမိတို့သိချင်သော မေးချင်သော မေးခွန်းများကို ဖုန်း - 09795416613,09954527043 ကိုခေါ်ဆိုပြီးဆွေးနွေးနိုင်ပါသည်။

တကယ်တော့ ဒီခေါင်းစဉ်ဟာ လူတွေစိတ်ဝင်စားတဲ့ခေါင်းစဉ်မျိုးမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ လူအများစုက ဒီဘိတ်လိုဆွေးနွေးငြင်းခုံရတာမျိုးမှစိတ်ဝင်စားကြတာပါ

ဒါဆိုလူတွေစိတ်ဝင်စားတဲ့ခေါင်းစဉ်မျိုးဘာကြောင့် မရွေးသလဲဆိုရင် အလုပ်ပါတဲ့ဆွေးနွေးတာမျိုးလိုချင်လို့ပါ ကျွန်တော်တို့အနေနဲ့ ပွဲပြီးမီးသေဆွေးနွေးတာမျိုးမလိုချင်သလို လူတွေသဘောကျလက်ခုပ်တီးပြီးပြီးရောဆိုတာမျိုးလည်းမဖြစ်ချင်လိုပါ ဆွေးနွေးတဲ့အကြောင်းအရာတွေဟာ စာကြည့်တိုက်ဖွင့်လိုသူတွေ ဖွင့်နေသူတွေအတွက် နားထောင်တိုင်း အကျိုးရှိတာမျိုးလိုချင်လို့ပါ ကျွန်တော်တို့ဆွေးနွေးတာကို ဗီဒီယိုရိုက်ပြီးစာကြည့်တိုက်တိုင်းကို အရောက်ပို့နိုင်အောင် လုပ်ဆောင်သွားဖို့လည်းရည်ရွယ်ထားပါတယ်။

ဆွေးနွေးပွဲရည်ရွယ်ချက်

၁။ ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်က စာကြည့်တိုက်လုပ်ဆောင်သူတွေအနေနဲ့စာကြည့်တိုက်ကိုထောက်ပံနေတဲ့အဖွဲ့တွေရှိတယ်ဆိုတာနဲ့နောက်ထပ်ထောက်ပံတဲ့အဖွဲ့တွေပေါ်ပေါက်လာစေရန်

၂။ စာကြည့်တိုက်လုပ်ဆောင်သူတွေအနေနဲ့မိမိတို့ကြုံတွေ့ရတဲ့အခက်အခဲကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ စဉ်းစားဆွေးနွေးအဖြေထုတ်နိုင်စေရန်

၃။ ပြည်သူ့စာကြည့်တိုက်များအတွက်အထောက်အကူပြုနိုင်သော"ပြည်သူ့စာကြည့်တိုက်ဥပဒေ"ပေါ်ပေါက်လာစေရန်

စာပေချစ်မြတ်နိုးသူများနှင့်စာကြည့်တိုက်အရေးစိတ်ဝင်စားသောသူများတက်ရောက် နားထောင်ဆွေးနွေးကြဖို့ဖိတ်ကြားအပ်ပါသည်။