Library Image

Yangon Book Plaza Book Outlet Week SEP 1st to 10th လျှော့ဈေး စာအုပ်များ၊ စာအုပ်တိုက်များစာရင်း

30/08/17



Yangon Book Plaza 
Book Outlet Week
SEP 1st to 10th
လျှော့ဈေး စာအုပ်များ၊ စာအုပ်တိုက်များစာရင်း

           Yangon Book Plaza ရဲ့ ၆လပြည့် Book Outlet Week ကြီးကျင်းပဖို့ ရက်အနည်းငယ်သာလိုပါတော့တယ်။
            ကြိုတင်ကြေညာထားတဲ့အတိုင်း 50% လျှော့ဈေးစာအုပ်စာရင်းများနဲ့အတူ  ၃၀%၊ ၂၀%၊ ၁၀% အစရှိသဖြင့် တိုက်လုံးကျွတ် ဈေးလျှော့ပေမယ့် စာအုပ်တိုက်စာရင်းများကိုပါ ကြိုတင် ရင်ခုန်စေနိုင်ဖို့ တင်ပေးလိုက်ပါတယ်။
            ဒါမှသာ မိမိစိတ်ကြိုက်စာအုပ်များကို ကြိုတင်ရွေးချယ်ကာ အချိန်တိုအတွင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
             ဒါ့အပြင် အထူးအစီအစဉ်လေးကိုလည်း မေ့နေမှာစိုးလို့ ထပ်သတိပေးပါရစေ။
              စက်တင်ဘာလ ၁ ရက်နေ့ အစောဆုံး ရောက်လာမယ့် အယောက် ၁၀၀ အတွက် စိတ်ကူးချိုချိုစာပေ (သို့) ငါတို့စာပေ (သို့) ဂလိုဘယ်အလင်းစာပေတို့က ကြိုက်နှစ်သက်ရာ စာအုပ်တစ်အုပ်ကို ၅၀% လျှော့ဈေးနဲ့ ဝယ်ယူခွင့် ကဒ်ပြားရရှိမှာ ဖြစ်ပါတယ်။
               ကလေးများ ခေါ်လာမယ့် မိဘများအတွက်လည်း ကလေးကစားကွင်းကို Book Outlet Week မှာ အခမဲ့ ဖွင့်လှစ်ပေးထားဦးမှာ ဖြစ်ပါတယ်။
              စာအုပ်တိုက်စာရင်းတွေကို ပုံမှာကြည့်နိုင်သလို အခုလည်း အသေးစိတ် တင်ပေးလိုက်ပါတယ်။ နောက်နေ့တွေမှာလည်း  အခုပေ့ချ်ကနေပဲ Book Oultet Week မှာအတန်ဆုံး စာအုပ်တွေ၊ ဝယ်သင့်တဲ့ စာအုပ်လမ်းညွှန်တွေကို ထပ်မံတင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။

၃၀% လျှော့ဈေးဖြင့် တိုက်လုံးကျွတ်ရောင်းမယ့် စာအုပ်တိုက်များ
- ငါတို့စာပေ
- မဟာစာပေ
- ဂလိုဘယ်အလင်းစာပေ
- ရန်အောင်စာပေ ၂ ( စာအုပ် အမျိုး ၂၀ သာ)
- စာပေခရီးသွားများ စာအုပ်တိုက် ( စာအုပ် ၈ မျိုးသာ)
- သက်ခိုင်စာပေ (မင်းဒင် စာအုပ်များ လက်ကျန်ရှိသလောက်)

၂၀% လျှော့ဈေးဖြင့် တိုက်လုံးကျွတ်ရောင်းမယ့် စာအုပ်တိုက်များ

- စာပေလောက
- စိတ်ကူးချိုချိုစာပေ
- အင်းလျား စာပေ (မိုးမိုးအင်းလျား စာအုပ်များ)
- ကျော်မွှေး စာပေ
- ဇွန်ပွင့်
- ဝါးလည် Socity
- ကောင်းဆုသာစာပေ
- ကိုနေ(မန်း) စာပေ
- ရွှေလက်ဆောင် စာပေ
-  မြန်မာ့ခေတ်စာပေ
- စာပေခရီးသွားများစာပေ
- ရန်အောင်စာပေ (၂)

၁၅% လျှော့ဈေးဖြင့် တိုက်လုံးကျွတ်ရောင်းမယ့် စာအုပ်တိုက်များ

- မိုးသိင်္ဂီစာပေ
- အိမ်သူရွှေမ
- ဦးသိန်းလွင်စာပေ
- ရွှေဟင်္သာစာပေ
- ဘဝတက္ကသိုလ်စာပေ
- ကောင်းသန့်စာပေ
- မုံရွေးစာပေ
- ရှူတိုင်းယဉ်စာပေ ( ဥပဒေစာအုပ်များ)
- ကံကော်ရိပ် အထူးထုတ်စာအုပ်များ

၁၀% OFF
 - အထပ်ပါ စာရင်းမှာ မပါတဲ့ စာအုပ်တိုက်များ အသီးသီးက စာအုပ်များအားလုံး
- စာအုပ်ဈေးကွက်အတွင်း  ဖြန့်ချိထားသမျှ စာအုပ်အသစ်အဟောင်းအားလုံး