Library Image

စာအုပ်ဖတ်ညွှန်းရေးရင်းစာအုပ်ရနိုင်မည့်အခွင့်အရေး

02/09/17



#KKWYBOOKREVIEW

ကံ့ကော်ဝတ်ရည်စာချစ်သူအားလုံး ပျော်ရွှင်စရာ စက်တင်ဘာလကို ပိုင်ဆိုင်နိုင်ကြပါစေ...

စာအုပ်ကောင်းတွေကို ဖတ်ရှုပြီး စာအုပ်အညွှန်းရေးတတ်ကြတဲ့ စာချစ်သူတို့အတွက် ကံကော်ဝတ်ရည်ရဲ့ အထူးအစီအစဉ်တစ်ခု လာပါပြီ

ဒီအစီအစဉ်ကတော့ စာအုပ်တစ်အုပ်ရဲ့အကြောင်းကို စာဖတ်သူအချင်းချင်း ပြန်လည်ဝေမျှတဲ့ #စာအုပ်အညွှန်း တွေ ရေးသားပြီး စာအုပ်လက်ဆောင် ရယူနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်မှာ ဖော်ပြထားလို့ သေချာဖတ်ကြည့်ပါဦးခင်ဗျ...

၁။ #KKWYBOOKREVIEW အစီအစဉ်တွင် ကံ့ကော်ဝတ်ရည်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ စာအုပ်များရဲ့ စာညွှန်းများရေးသားခြင်းဖြင့် ပါဝင်နိုင်ပါတယ်။

၂။ ဤအစီအစဉ်တွင် ပါဝင်လိုပါက မိမိရေးသားသော စာအုပ်အညွှန်းတွင် '' #KKWYBOOKREVIEW " Hashtag စာသားထည့်ပြီး " Public " ဖြင့် ပို့စ်တင်ရမှာ ဖြစ်ပါတယ်။ (ယခင် ရေးသားဖူးတဲ့ ပို့စ်အဟောင်းတွေကို Edit Post( Hashtag ထည့်၊ Public ဖွင့်) ပြီး ပါဝင်လို့လည်း ရပါတယ်။)

၃။ ပါဝင်လိုတဲ့ စာအုပ်အညွှန်းတွေရဲ့ Post Link ကို Pageရဲ့ message box ကို ပေးပို့ရပါမယ်။

၄။ ပေးပို့ထားတဲ့ စာအုပ်အညွှန်းတွေထဲက ကံ့ကော်ဝတ်ရည်စာအုပ်တိုက်က နှစ်သက်တဲ့ စာအုပ်အညွှန်း(အများဆုံး) ၅ ပုဒ် ကို ၁၀ရက်တစ်ခါ ရွေးချယ်ပြီး စာအုပ်အညွှန်းတစ်ခုလျှင် ကံ့ကော်ဝတ်ရည် စာအုပ်တိုက်ထုတ် စာအုပ်တစ်အုပ် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

၅။ စာအုပ်လက်ဆောင်ရယူရာမှာ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်တဲ့ စာအုပ်အမျိုးပေါင်း ၃၀၀နီးပါးက ကြိုက်နှစ်သက်တဲ့စာအုပ်ကို ရွေးချယ်ရယူနိုင်ပါတယ်။ နယ်က စာချစ်သူများအတွက် စာတိုက်ကနေ ပို့ပေးပါမယ်။ ရန်ကုန်မြို့က စာချစ်သူများကတော့ ကံကော်ဝတ်ရည်စာအုပ်အိမ်မှာ လာရောက်ထုတ်ယူရပါမယ်။

၆။ စာအုပ်အညွှန်းရေးသားရာမှာ လွတ်လပ်စွာ အပြုသဘောဆောင်ပြီး ရေးသားနိုင်ပါတယ်။ ဝေဖန်မှုများကိုလည်း ကြိုဆိုလျက်ပါ။ ၁၀ရက်တစ်ကြိမ်တွင် တစ်ဦးလျှင် စာအုပ်အညွှန်း အကန့်အသတ်မရှိ ပါဝင်နိုင်ပါတယ်။

စာအုပ်အညွှန်းဖတ်ချင်သူတွေကလည်း #KKWYBOOKREVIEW ဆိုတဲ့ hashtag ကလေးကို Search Boxမှာ ရိုက်ရှာပြီး ကံကော်ဝတ်ရည်က စာအုပ်တွေအကြောင်း ရှာဖွေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလအတွက်
(၁) ၂ရက်နေ့မှ ၁၁ရက်နေ့ထိ တစ်ကြိမ်
(၂) ၁၃ရက်နေ့မှ ၂၂ ရက်နေ့ထိတစ်ကြိမ်
(၃) ၂၃ရက်နေ့မှ အောက်တိုဘာ၂ရက်နေ့ထိ တစ်ကြိမ် ရွေးချယ်သွားမှာဖြစ်လို့ ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Photo Credit: May Phoo

#KKWYBOOKREVIEW #ကံ့ကော်ဝတ်ရည် #ကံကော်ဝတ်ရည်စာအုပ်အိမ် #စာအုပ်အညွှန်း