Library Image

ဘာသာပြန်ပွဲတော် ၂၃-၂၄၊ စက်တင်ဘာ ၊ ၂၀၁၇ Yangon Book Plaza

21/09/17



ဘာသာပြန်ပွဲတော်
၂၃-၂၄၊ စက်တင်ဘာ ၊ ၂၀၁၇
Yangon Book Plaza
ဖုန်း - 09767019926
အခုလာမယ့် စက်တင်ဘာ ၃၀ရက်နေ့ဟာ International Translation Day ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ကို ကြိုဆိုသောအားဖြင့် ဘာသာပြန်ပွဲတော်တစ်ခုကို Yangon Book Plaza မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဆိုပါပွဲတော်ကို Myanmar Translation Network ကနေ ဦးစီးကျင်းပတာဖြစ်ပြီး အဖွဲ့ဝင်လိုသူများအနေနဲ့ အဆိုပါ ပွဲတော်အတွင်း တစ်ခါတည်း အဖွဲ့ဝင်နိုင်မှာလည်း ဖြစ်ပါတယ်။
ပွဲတော်ကို အောက်ပါအတိုင်းကျင်းပသွားမှာပါ။
၁။ ရှားပါးစာအုပ်များ ပြပွဲ
၂။ ဘာသာပြန်ရေးရာများ ဆွေးနွေးပွဲ
၃။ ဘာသာပြန်စာအုပ်များကို လျှော့ဈေးဖြင့် ရောင်းချခြင်းတို့ပဲ ဖြစ်ပါတယ်။
ရှားပါးဘာသာပြန်စာအုပ်အမျိုးပေါင်း ၄၀၀ ဝန်းကျင်ကို စုစည်းပြသထားမှာပါ။ ဆွေးနွေးပွဲခေါင်းစဉ်တွေနဲ့ အချိန်တွေကိုလည်း ဖော်ပြလိုက်ပါတယ်။
၂၃.၉.၁၇
1PM - 2:30PM
ကဗျာနှင့်ဘာသာပြန်
ဟံလင်း၊ မျိုးတေဇာမောင်၊ ကဲဆုသာ၊ မောင်သိန်းအောင်
3PM- 4:30PM
ပညာရေးအတွက် ဘာသာပြန်
ဒေါက်တာခင်မောင်ညို၊ ဆရာမိုး (Follow Me)၊ ကောင်းသန့်
၂၄.၉.၁၇
1PM - 2:30PM
လူငယ်နှင့် ဘာသာပြန်လုပ်ငန်း
ဒီနိုဗို၊ မိုးသက်ဟန်၊ တေဇာ (လရောင်လမ်း)၊ ချိုပိန်းနောင်
ကာတွန်းရုပ်ပြ ဘာသာပြန်ဆိုခြင်း
အော်ပီကျယ်၊ မြေမှူန်လွင်
တို့ဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ ဆွေးနွေးပွဲများကို အခမဲ့ လာရောက် ပါဝင်နားဆင်ရင်း ဆွေးနွေးနိုင်ပါတယ်။