
#မြန်မာဝတ္ထုတိုရာပြည့် ရက်သတ္တပတ် အခမ်းအနား
(၃၀-၉-၂၀၁၇ (စနေ) မှ ၆-၁၀-၂၀၁၇ (သောကြာ)ထိ
၁၉၁၇ မှ စတင်ခဲ့သော မြန်မာဝတ္ထုတိုများ၏ ရာပြည့်ခရီးကို ဂုဏ်ပြုသောအားဖြင့် စိတ်ကူးချိုချို စာအုပ်တိုက်မှ စီစဉ်ပြီး မြန်မာစာပေအဖွဲ့အစည်းများပါဝင်ကာ Yangon Book Plaza မှ ပူးပေါင်းကူညီပေးသော #မြန်မာဝတ္ထုတိုရာပြည့် ရက်သတ္တပတ် အခမ်းအနားများကို အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ၇ ရက်တိုင် ကျင်းပသွားမည်ဖြစ်ရာ Yangon Book Plaza ၊ ၅ လွှာ၊ သံဈေး၊ လမ်းမတော်သို့ ကြွရောက်ချီးမြှင့်ပေးပါရန်နှင့် စာပေချစ်သူ၊ စာပေဝါသနာရှင်များ မေးမြန်း ပါဝင်ဆွေးနွေး ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
စီစဉ်သူများ၊ ပါဝင်ဟောပြောသူများမှလွဲ၍ ကျန်ပွဲတက်ရောက်သူများအား နေ့စဉ် Happy Hour အချိန် ၂ ချိန် သတ်မှတ် ၍ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် ပွဲအထိမ်းအမှတ် ပြက္ခဒိန်များ၊ ပွဲအထိမ်းအမှတ် ဘေးလွယ်အိတ်များ၊ ဝတ္ထုတိုစာအုပ်များ အမှတ်တရ မဲဖောက်ပေးပါမည်။
နေ့စဉ်တက်ရောက်လာသူအားလုံးအား #မြန်မာဝတ္ထုတိုရာပြည့်ခရီး စာအုပ်လက်ဆောင် တစ်အုပ်စီလည်း ပေးပါမည်။
#ယခုပွဲအတွက် အထူးစီစဉ်ထုတ်ဝေထားတဲ့ ဝတ္ထုတိုလက်ရာ ၅ ပုဒ်စီ ပါဝင်တဲ့ ဝတ္ထုတိုစာအုပ် အုပ် ၄၀ ကိုလည်း #ပွဲကျင်းပရာရက်များအတွင်း Yangon Book Plaza ရှိ #စိတ်ကူးချိုချိုစာအုပ်ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါပြီ။