Library Image

သရပါ (၁၀) နှစ်ပြည့် ၂၇၊၂၈၊၂၉ နိုဝင်ဘာ ၂၀၁၇

26/10/17



မင်္ဂလာပါဗျာ

သရပါ ၁၀ နှစ်ပြည့်ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Seminar တွေ၊ workshop တွေ Professional Networking session လေးတွေနဲ့ ပြည့်နှက်နေပါတယ်...

လာမဲ့ သောကြာ ၊ စနေ ၊ တနင်္ဂနွေ (27 - 28- 29 .10.2017) နေ့လေးကိုတော့ အကျိုးရှိအောင် တူတူပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ. . .

Friday က Seminar လေးတွေအကြောင်းအရင်ပြောမယ်နော်. .

27. 10. 2017 ( 1;00 PM- 3:00PM)
လူမှုရေး လုပ်ကြသူများ
စာကြည့်တိုက်တွေကို ရှင်သန်ဖို့ ၊စာကြည့်တိုက်တွေကို အောင်မြင်ဖို့ ဆောင်ရွက်နေတဲ့ Save The Library

လူငယ်တွေကြီးပဲ စုစည်းထားပြီး ၊ လူမှုပတ်ဝန်းကျင်မှာ လိုအပ်တဲ့ အကူအညီတွေ၊ လူမှုရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတဲ့ Care Teen အဖွဲ့နဲ့ အတူတူ လူမှုရေးစကားဝိုင်းလေးကို စီစဉ်ထားပါတယ်. .

လူမှုရေး လုပ်ကြသူများလို့ စကားဝိုင်းနာမည်လေး ပေးထားပါတယ်. . .
စာကြည့်တိုက် ဆောင်ရွက်နေသူတွေ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်ချင်သူတွေတက်ရောက်သင့်တဲ့ ပွဲလေးလည်းဖြစ်ပါတယ်. .

27.10.2017

ညနေ ၄ နာရီကနေ ၆ နာရီမှာ Guest Speakers တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်......

လက်ရှိ Singapore Embassy Myanmar, Singapore Commercial Section မှာ Business Development Manager အဖြစ် တာဝန်ယူထားတဲ့ လူငယ်အမျိုးသမီး တစ်ဦးကိုဖိတ်ခေါ်ထားပါတယ်...

သူမကတော့ Professional တစ်ဦးအဖြစ် ဘယ်လိုတွေ ဆောင်ရွက်သင့်တာတွေ

ဘဝမှာ စိတ်ဓာတ်မကျဖို့တွေ၊ ဘဝရဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုကျော်လွှားမှုတွေကို သူမ ဘဝအတွေ့အကြုံတွေနဲ့ ယှဉ်တွဲပြီး ဖော်ပြသွားမှာပါ. .

မဖြိုးသူထက် နဲ့ စကားဝိုင်းပြီး ပြောဖို့ လူဦးရေ ၂၀ ကန့်သတ်ထားပါတယ်...ဒါကြောင့် အခုပဲ စာရင်းပေးဖို့ ဖိတ်ခေါ်ပါရစေ. .

28.10.2017

ညနေ (၁) နာရီ က နေ ( ၃) နာရီ

ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အောင်မြင်ခြင်း စကားဝိုင်းလေး ကို စီစဉ်ထားပါတယ်

စကားဝိုင်းဆိုတော့ လူနည်းနည်းနဲ့ ဆရာနဲ့ အတူတူ အောင်မြင်ခြင်းတွေကို ရင်းရင်းနှီးနှီးဆွေးနွေးနိုင်မှာပါ. .

စကားဝိုင်းဆိုတော့ လူဦးရေ ၂၀ကန့်သတ်ပေးထားပါတယ်နော်...လူတိုင်း စကားဝိုင်းထဲ ဝင်နိုင်အောင်ပါ. . ဒါကြောင့် အခုပဲ ဆရာနဲ့ တူတူ စကားပြောနိုင်ဖို့ ဖိတ်ခေါ်ပါရစေ. . .
29.10.2017
ဆရာမ စိမ့်စမ်းဖြူ နဲ့ မိုးမခအလွမ်း စကားဝိုင်းလေးကို စီစဉ်ထားပါတယ်

ဆရာမနဲ့အတူတူ စာပေအကြောင်း ၊ မတူညီတဲ့ ဘဝနှစ်ခုရဲ့ ဖြတ်သန်းမှုတွေ၊ အောင်မြင်မှုအချိုးအကွေ့တွေ၊ စာပေခွန်အားတွေ၊ စိတ်ဓာတ်မကျပဲ ကြိုးစားဖို့တွေ စသည်စသည်တို့ ကို လူငယ် လည်းဖြစ်၊ စာရေးဆရာမလည်းဖြစ်တဲ့ ဆရာမ စိမ့်စမ်းဖြူက မိုးမခ စကားဝိုင်းမှာ ရေနွေးကြမ်းဝိုင်းလေးနဲ့ ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်.

ဘယ်မှာလုပ်မှာလဲ???

စကားဝိုင်းတွေ အားလုံးကို နေရာထူးထူးခြားခြားလေးမှာစီစဉ်ထားပါတယ်
Bo Aung Kyaw Street Art Gallery မှာပါ.... ပန်းချီကားတွေကြားထဲ၊ အနုပညာတွေကြားထဲမှာ စကားတွေပြောရမှာဆိုတော့ အရသာသစ်တမျိုးပေးနိုင်သလို၊ ဓာတ်ဖမ်း၊ ဓာတ်ပုံရိုက်ချင်သူတွေအတွက်လည်း အရမ်းကိုမိုက်တဲ့ သရပါက ပြသ ထားတဲ့ပန်းချီကားတွေကိုကြည့်ရအုံးမှာပါ. .

ကဲ အခုပဲ ဒီ ဖုံးလေးတွေကို ဆက် ဒါမှမဟုတ်လည်း တက်ရောက်မဲ့ Form လေးဖြည့်ပြီး အခုပဲ Free Ticket ရယူလိုက်ပါတော့. .
လူကန့်သတ်ထားတာဆိုတော့ အခုပဲ တစ်ကယ်ကို အခုပဲ ဆက်သွယ်စာရင်းသွင်းလိုက်ပါနော်......

စိတ်ဝင်စားတဲ့ကြယ်ပွင့်များက

09-795958996
09-795792115
09 - 5060376
09-780 143 757
09- 776452984

https://goo.gl/forms/4QbZnpSHo2Ii0t1W2