Library Image

စုပေါင်းကက်တလောက်

08/01/18



စုပေါင်းကက်တလောက် ????

စုပေါင်းကက်တလောက်ဆိုသည်မှာ စာအုပ်စာတမ်းတို့၏အမည် သို့မဟုတ် ဘာသာရပ် သို့ မဟုတ် စာရေးသူအမည်ဖြင့် စီစဉ်ထားသော စာကြည့်တိုက်တစ်ခုရှိ စာအုပ်စာတမ်းအားလုံး သို့မဟုတ် ဘာသာရပ်တစ်ခုနှင့်ဆိုင်သော စာအုပ်စာတမ်းအားလုံး၏ ကက်တလောက်ကို စာကြည့်တိုက်အမည်များပါဖေါ်ပြပြီး အသစ်ဖြစ်ပေါ်လာသည့် အချက်အလက်တို့ဖြင့် အမြဲဖြည့်စွက်ပေးနေပါက စုပေါင်းကက်တလောက် ဖြစ်ပေါ်နိုင်ပါသည်။
ဤသို့သော စုပေါင်းကက်တလောက်အတွေး အခေါ်ကို ၁၆၅၁ ခုုနှစ်တွင် အောက်စဖို့၊ ဘုရင်မကောလိပ်၏ ကျောင်းအုပ်ဆရာကြီး ဂျယ်ရယ်လန်ဘိန်း (Gerard Langbaine) ကစတင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ပထမဆုံး စုပေါင်းကက်တလောက်သည် ၁၈၅၉ ခုနှစ် အီတလီနိုင်ငံ မီလန် (Milan) မြို့၌ထုတ်ဝေခဲ့သည်။ ပဒုံမင်း၏ စုပေါင်းကက်တလောက်သည် ၁၇၉၉ ခုနှစ် ဧပြီလ ၆ ရက်နေ့ မြန်မာနိုင်ငံ အမရပူရရွှေမြို့တော်၌ စတင်သည်။ အမေရိကန်နိုင်ငံ၏ ပထမဆုံး စုပေါင်းကက်တလောက် မှာ ၁၈၇၆ ခုုနှစ် ဘော်တီမိုး (Baltimore) မြို့တော်၌ ထွက်ရှိခဲ့သည်။ ပဒုံမင်းလက်ထက် မောင်းထောင်ဆရာတော်၏ စုပေါင်းကက်တလောက် သည် ကမ္ဘာ့ပထမဆုံး စုပေါင်းကက်တလောက် ထက် နှစ်ပေါင်း ၆၀ စောနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကမ္ဘာ့ပထမဦးဆုံး စုပေါင်းကက်တလောက် သည် မြန်မာမင်းပိဋကတ်တိုက်များတွင် အသုံးပြုလျက် ရှိပြီးဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

#Credit ZahDlis