Library Image

စာဖတ်သူများစကားဝိုင်း ၁၂.၁၁.၂၀၁၇ ၁၀နာရီ မှ ၁၂နာရီ

11/11/17



Save The Library (စာကြည့်တိုက်များကွန်ရက်)မှစီစဉ်သည့်


စာဖတ်သူများ စကားဝိုင်း

(စာအုပ်များအကြောင်း)


စာကြည့်တိုက်တွေမှာထားသင့်သည့် စာအုပ်များစာရင်းရရှိရန်ရည်ရွယ်ပါသည်


အစီအစဉ်ကို သိမ်ဖြူစာအုပ်တန်းဖွင့်သည့် ကာလတစ်လျှောက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် ၁၀နာရီ မှ ၁၂နာရီအထိ စကားဝိုင်းကို ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်


ဒီတစ်ပတ် အစီအစဉ်ကိုတော့

အလင်းတံခါးစာကြည့်တိုက်ကနေ ဦးဆောင်ကျင်းပသွားမှာဖြစ်ပါတယ် 


ဆွေးနွေးမည့်ခေါင်းစဉ်


"ဘဝနဲ့အတွေးအမြင်ကိုပြောင်းလဲစေခဲ့သောစာအုပ်များ" 


နေ့ရက် - 12.11.2017


နေ့ရက် - တနင်္ဂနွေနေ့


အချိန်   -  မနက် ၁၀နာရီ မှ ၁၂နာရီ


ယနေ့လူငယ်တွေ ဘဝကိုဘယ်လိုဖြတ်သန်းနေကြလဲ?

စာပေဟာ လူငယ်တွေရဲ့ဘဝကို ဘယ်လိုပုံဖော်ပေးနိုင်သလဲ?

စာပေကြောင့် လူငယ်တွေရဲ့ဘဝမှာ ဘယ်လိုအရာတွေကို Change ဖြစ်သွားစေသလဲ?

အဲဒီစာအုပ်တွေက ဘယ်လိုစာအုပ်မျိုးတွေလဲ?

.....

စာပေရဲ့အကျိုးကို တကယ့်လက်တွေ့ကျကျ သိရမယ့်စကားဝိုင်း။

ပညာရှင်တွေမပါ၊ စာရေးဆရာတွေမပါဘဲ လူငယ်တွေကိုယ်တိုင်ဆွေးနွေးမယ့်စကားဝိုင်း။

အဓိကဆွေးနွေးမည့်လူငယ်များကတော့...

(1)ကိုအောင်မျိုး

(2)ကိုဖြိုးသက်ခိုင်

(3)မသဲငုံဖူး

(4)မမှူးသက်ကျော်

(5)ကိုကျော်ဆန်းလင်း(moderator)

တို့ပဲဖြစ်ပါတယ်။


(ကျေးရွာလေးကနေ စာပေနဲ့နီးစပ်ခဲ့ရမှုကြောင့် လက်ရှိအချိန်မှာ ဘဝကိုအကျိုးရှိရှိ နေနိုင်ခဲ့တာ ဘယ်လိုစာအုပ်တွေက ပြောင်းလဲစေခဲ့တယ်ဆိုတာကို လူငယ်တစ်ယောက် သုံးသပ်ပြောဆိုမှုနဲ့အတူ စာအုပ်တွေအကြောင်းပြောကြဖို့ ဖိတ်ကြားအပ်ပါတယ်)


မှတ်ချက် - ပွဲမစခင် ၁၀နာရီတိတိ အချိန်ကိုလေးစားပြီးလာရောက်ကြသူတွေကို စာအုပ်မဲနိုက်ပေးပြီး ပွဲပြီးတာနဲ့ စာအုပ်များကို ထုတ်ယူသွားလို့ရတဲ့အစီအစဉ်လည်း ပါပါတယ်


နောက်အစီအစဉ်တစ်ခုက 


ကလေးတစ်ယောက် စာအုပ်တစ်အုပ် မျှဝေခြင်း

(မိဘတွေ က ကလေးတွေကိုဖတ်စရာစာအုပ်ဝယ်ပေးသည့် အလေ့အထ ဖြစ်ပေါ်လာစေရန်)


တနင်္ဂနွေမနက် ၉နာရီ မှ ၁၂နာရီ အတွင်း စာအုပ်တန်းလာတဲ့ ၁၅နှစ်အောက် ကလေးတွေကို ၁၅၀၀ကျပ်တန် စာအုပ်ဝယ်ယူခွင့်ကဒ်ထုတ်ပေးမှာဖြစ်သလို ကြိုက်တဲ့စာအုပ်ကို ကြိုက်တဲ့စာအုပ်ဆိုင်မှာ ထုတ်ယူသွားနိုင်မှာဖြစ်ပါတယ်


စာကြည့်တိုက်တွေ ပရဟိတအဖွဲ့တွေ ပူးပေါင်းပါဝင် ဆောင်ရွက်ချင်ပါက ဖုန်း - 09795969686 ကိုဆက်သွယ်နိုင်ပါတယ်


#မည်သူမဆို တက်ရောက်နိုင်ပြီး မိမိဖတ်ခဲ့ဖူးတဲ့ စာအုပ်များအကြောင်းကို ဝင်ရောက်ဆွေးနွေးနိုင်ပါသည်#