Library Image

သိမ်ဖြုစာအုပ်အစီအစဉ် (မတ်လ ၁၀,၁၁)

09/03/18



ဒီတစ်ပတ်သိမ်ဖြုစာအုပ်အစီအစဉ်
(မတ်လ ၁၀,၁၁)

၁၀.၃.၂၀၁၈ (စနေနေ့)
နေ့ခင်း ၂ နာရီ

မတ်လ ၁၃ ရက်နေ့မှာ ဆရာမ မိုးမိုး(အင်းလျား)ကွယ်လွန်ခဲ့တာ ၂၈နှစ်ရှိခဲ့ပါပြီ။
 
ဆရာမကွယ်လွန်ခြင်းအမှတ်တရအဖြစ် စာအုပ်တန်းမှာ စာပေချစ်သူများကို မုန့်ဟင်းခါးဖြစ်ဧည့်ခံမှာဖြစ်သလို ဆရာမ၏ ဘဝနှင့်စာပေ VCD ခွေကို လည်းမျှဝေသွားပါမယ်
ဆရာမနဲ့ပတ်သက်ပြီးအမှတ်တရစကားပြောခြင်းအစီအစဉ်လည်းပါပါတယ်

ဆရာမရေးသားခဲ့တဲ့စာအုပ်အားလုံးကိုလည်း 10% လျော့ဈေးဖြင့်ရောင်းချပေးမှာဖြစ်ပြီး
ဆရာမ မိုးမိုး(အင်းလျား)ရဲ့ပရိတ်သတ်အားလုံးတက်ရောက်ကြဖို့ဖိတ်ကြားအပ်ပါသည်။

၁၁.၃.၂၀၁၈ (တနင်္ဂနွေနေ့)
မနက် ၁၀ နာရီမှ ၁၂နာရီ

ပြည်သူ့စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးစကားဝိုင်းနှင့်စာကြည့်တိုက်များသို့စာအုပ်များထောက်ပံဖြည့်စည်းပေးခြင်းအစီအစဉ်

စကားဝိုင်းဦးဆောင်ဆွေးနွေးမည့်သူ - ဆရာဟိန်းလတ်

ဆွေးနွေးပွဲပြီးနောက်စာအုပ်လှုဒါန်းခြင်းအစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေရှင်း(ရန်ကုန်တိုင်းဒေသကြီး) မှ ၁၀သိန်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း မှ ၂သိန်း ပေါင်း ၁၂သိန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက် ၃၀ အား တစ်တိုက် ၄ သောင်းစီပေးပြီး သိမ်ဖြုစာအုပ်တန်း၌မိမိတို့စာကြည့်တိုက်စိတ်ကြိုက် စာအုပ်ဝယ်ယူနိုင်သည့်အစီအစဉ်၊ Save The Library နှင့် LION Library Support Group မှ စာအုပ်များလှုဒါန်းခြင်း တို့ကိုပါ ပြုလုပ်သွားမှာဖြစ်ပါတယ်

နေ့ခင်း( ၂နာရီမှ ၃ခွဲထိ )

ဆရာမစန်းစန်းနွဲ(သာယာဝတီ) က
"ကျွန်မတို့ခေတ်ကစာအုပ်တန်းနှင့်စာအုပ်များအကြောင်း" ကိုဟောပြော ဆွေးနွေးမှာဖြစ်ပြီး
စိတ်ဝင်စားသော မည်သူမဆို တက်ရောက်နားထောင်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။



 မြန်မာနိုင်ငစာကြည့်တိုက်များဖောင်ဒေရှင်း(ရန်ကုန်တိုင်းဒေသကြီး) အဖွဲ့ဝင်များဆောင်ရွက်ရမည့်လုပ်ငန်းများချမှတ်
………………………………………………………
၁။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် သက်ဝင်လှုပ်ရှားနေသော စာကြည့်တိုက်များစာရင်းကောက်ယူပြီး မြို့နယ်အလိုက်စာကြည့်တိုက်ကွန်ရက်ဖွဲ့စည်းရန်

၂။ ဖွဲ့စည်းထားသောကွန်ရက်တွင်ပါဝင်သည့် စာကြည့်တိုက်များအား ရန်ကုန်တိုင်းဖောင်ဒေရှင်းမှ လိုအပ်သောအကူအညီများပေးနိုင်အောင် စာကြည့်တိုက်များမှ လိုအပ်သည့်ပရိဘောဂ၊စာအုပ်များနှင့်ငွေကြေးစသည်တို့အားစာရင်းပြုစုတင်ပြတောင်းဆိုရန်

၃။ ကလေးများစာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာကြည့်တိုက်အတွင်း၊ ကျောင်းများ၊ရပ်ကွက် ၊ကျေးရွာ ၊ပန်းခြံ စသည့်နေရာများ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ဆိုင်သည့်လှုပ်ရှားမှုများပြုလုပ်သွားကြရန်

စတဲ့အချက်တွေကိုဆွေးနွေးတိုင်ပင်ခဲ့ကြသလို ပြည်သူ့စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးအတွက် စစ်တမ်းကောက်ယူကာ စာကြည့်တိုက်များ၏လိုအပ်ချက်များကို ရန်ကုန်တိုင်းဖောင်ဒေရှင်းမှဖြည့်ဆည်းနိုင်ရန်ကြိုးပမ်းသွားပါမည်။

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေရှင်း ဗဟိုကော်မတီဝင်များဖြစ်သည့် ဆရာဟိန်းလတ်၊ဆရာမအိကေသွယ်မင်း တို့မှရန်ကုန်တိုင်းကိုတာဝန်ယူပြီးလုပ်ဆောင်သွားမှာဖြစ်ပါသည်။

စိတ်ဝင်စားသူများ အသင်းဝင်ပြီးပူပေါင်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
 မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေရှင်း(ရန်ကုန်တိုင်းဒေသကြီး)သို့ အသင်းဝင်ရောက်လိုသူများ စာကြည့်တိုက်ဖွင့်လိုသူများ ၊ဖွင့်ထားသူများ စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် အောက်ပါဖုန်းနံပတ်များကို မေးမြန်းစုံစမ်း အကူအညီတောင်းခံ နိုင်ပါသည်

မြို့နယ်အလိုက် ကွန်ရက်တာဝန်ခံများ

ကျောက်တံတားမြို့နယ် 
…………………………………
လောကအမွန် ရည်ညွှန်းစာကြည့်တိုက်
မအိမွန် - 01373852

ဒဂုံမြို့နယ်
….……………
ဦးဝိစာရပြည်သူ့စာကြည့်တိုက်
ဦးနွဲ့မြင့်သိန်း - 09254013069

တာမွေမြို့နယ်
…………
အားမာန်သစ်စာကြည့်တိုက်
ဒေါ်ခင်လပြည့်ဝန်း (ဘဏ္႑ရေးမှုး)- 0973143327

ကမာရွတ်မြို့နယ်
………………
ပတ္တမြားစာကြည့်တိုက်
ကိုဉာဏ်လင်းမောင်(ဒုဥက္ကဌ)- 09420102640

လှိုင်မြို့နယ်
………
အလင်းသစ်စာကြည့်တိုက်
ဦးအောင်မြင့်-09795544426

သုတမီးအိမ်စာကြည့်တိုက်
ဦးစစ်ငြိမ်း-0931068500
ဒေါ်ခိုင်ခိုင်ထွေး-09964175715

အင်းစိန်မြို့နယ်
……………
အမြင်သစ်စာကြည့်တိုက်
ဦးညွှန့်ဝင်း- 09261189746
ကိုရဲမင်းဇော်-09452337919

လှိုင်သာယာမြို့နယ်
…………………
ရွေ့လျားစာကြည့်တိုက်
ကိုဇော်ဇော်လင်း(အတွင်းရေးမှုး)-09253480981

မြောက်ဥက္ကလာပမြို့နယ်
……………………………………
မွန်မြတ်စေတနာရှင်စာကြည့်တိုက်
ကိုအောင်ဖြိုးမြင့်-09795544426

သင်္ဃန်းကျွန်းမြို့နယ်
…………………
နေသူရိန်စာကြည့်တိုက်
ဦးမင်းဇော်-0943041635

အထက်ပါကွန်ရက်တာဝန်ခံများဆီသို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

ဦးမောင်မောင်စိုး(ဥက္ကဌ) - 09795969686