Library Image

အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံကို နေပြည်တော် မြန်မာကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ၂၀၁၈ ခုနှစ် မေလ ၂ ရက်မှ ၅ ရက်အထိ

17/04/18




၁၇ကြိမ်မြောက် အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံတက်ရောက်ရန်အတွက် မှတ်ပုံတင်စာရင်းရေးသွင်းရန်ဖိတ်ခေါ်ခြင်း
၁၇ကြိမ်မြောက် အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံကို နေပြည်တော် မြန်မာကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ၂၀၁၈ ခုနှစ် မေလ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပါသည်။
ညီလာခံအဓိကခေါင်းစဉ်မှာ Next Generation Libraries: Collaborate and Connect ဖြစ်ပါသည်။
၁၇ကြိမ်မြောက် တက်ရောက်နိုင်ရန်အတွက် မှတ်ပုံတင်စာရင်းများရေးသွင်းနိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။ 
မှတ်ပုံတင်ခြင်းကို ညီလာခံ၏ website www.consalxvii.org/ registration အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံသို့တွင်သာ ပြုလုပ်နိုင်ပါသည်။ 
ကြိုတင်မှတ်ပုံတင်ခြင်းနောက်ဆုံးနေ့ရက်- ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်
ညီလာခံမတိုင်မီမှတ်ပုံတင်ခြင်း - ၂၀၁၈ ခုနှစ် ဧပြီလ ၂၉ ရက်
ညီလာခံနေရာတွင်မှတ်ပုံတင်ခြင်း - ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်
မှတ်ပုံတင်ကြေး 
            တစ်ရက်တည်း ကြိုတင် ညီလာခံမတိုင်မီ ညီလာခံ
                 မှတ်ပုံတင်ခြင်း မှတ်ပုံတင်ခြင်း မှတ်ပုံတင်ခြင်း နေရာတွင်                                                     
                                                                                မှတ်ပုံတင်
နိုင်ငံခြားသားများUS$ 100 US$ 250 US$ 300 US$ 350
မြန်မာနိုင်ငံသားများ  
(MLA အသင်းဝင်)** ၂၀၀၀၀ ကျပ် - ၃၀၀၀၀ ကျပ်
မြန်မာနိုင်ငံသားများ
(MLA အသင်းဝင်မဟုတ်သူများ)၃၀၀၀၀ ကျပ် - ၄၀၀၀၀ ကျပ်
မြန်မာနိုင်ငံသား 
(ကျောင်းသား)*** ၁၅၀၀၀ ကျပ် -             
၂၀၀၀၀ ကျပ်

မှတ်ပုံတင်ကြေး အပြည့်အဝပေးသွင်းပြီးသူများကိုသာ ညီလာခံတက်ရောက်ခွင့်ပေးမည်ဖြစ်ပါသည်။ မှတ်ပုံတင်ကြေးပေးသွင်းရာတွင် အထက်ဖော်ပြပါ မှတ်ပုံတင်ကြေးအမျိုးအစားအလိုက် နောက်ဆုံး ပေးသွင်းရမည့်နေ့အလိုက် သတ်မှတ်ထားသော ပမာဏကို အပြည့်အဝပေးသွင်းရပါမည်။

မှတ်ပုံတင်ကြေးတွင် ပါဝင်မှု
မှတ်ပုံတင်ကြေးတွင် အောက်ပါတို့ အကြုံးဝင်ပါသည်။
• ညီလာခံ၊ စာတမ်းဖတ်ပွဲများနှင့် ပြပွဲများသို့ဝင်ရောက်ခွင့်၊ 
• ညီလာခံမှ ပေးသော အိတ်နှင့်အခြားပစ္စည်းများရယူခွင့်
• ညီလာခံဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ညစာစားပွဲတက်ရောက်ခွင့်
• လေ့လာရေးခရီးတစ်ခုလိုက်ပါခွင့်
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏အသင်းဝင်များအနေဖြင့် အသင်းဝင်နံပါတ်ကို မှတ်ပုံတင်ပုံစံတွင် ဖော်ပြပေးရန်လိုအပ်ပါသည်။ 
ကျောင်းသားအဖြစ်မှတ်ပုံတင်နိုင်ရန်သက်ဆိုင်ရာတက္ကသိုလ်/ကောလိပ်မှ ထုတ်ပေးသော အသိအမှတ်ပြု ကတ်ပြား သို့မဟုတ် တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးကို သတ်မှတ်ထားသောနေ့ရက်တွင် အထောက်အထားတစ်ခုခုကိုပေးသွင်းပြီးဖြစ်ကြောင်းတင်ပြရမည်။
မီဒီယာများမှ သတင်းရယူလိုသူများသည် ညီလာခံမှတ်ပုံတင်ကြေးပေးသွင်းရမည်ဖြစ်ပြီး သတင်းမှတ်တမ်း ရယူမည့် အထောက်အထားများကို ညီလာခံကျင်းပရေးကော်မတီသို့ တင်ပြရမည်။ သတင်းသမားများသည် သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော အဖွဲ့အစည်း၏သက်ဆိုင်သည့်မှတ်ပုံတင်ကတ်ကို တင်ပြရန်လိုအပ်ပါသည်။
** မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဝင်များသည် အသင်းဝင်အမှတ်ကို မှတ်ပုံတင်ပုံစံတွင် ဖြည့်သွင်းရပါမည်။
*** မြန်မာနိုင်ငံသားကျောင်းသားများသည် ကျောင်းသားကတ် သို့မဟုတ် တက္ကသိုလ်/ကောလိပ်မှ ထောက်ခံစာကို တင်ပြရပါမည်။

ညီလာခံပစ္စည်းများ
ညီလာခံမှတ်ပုံတင်ကြေး အပြည့်အဝပေးသွင်းပြီးကြောင်း ငွေလက်ခံဖြတ်ပိုင်းလက်ခံရရှိပါက ညီလာခံနေ့ရက်တွင် အဆိုပါငွေလက်ခံဖြတ်ပိုင်းကို မှတ်ပုံတင်နေရာတွင် တင်ပြ၍ ညီလာခံအိတ်နှင့် ပါဝင်သောပစ္စည်းများကို ထုတ်ယူနိုင်ပါသည်။

ငွေပေးသွင်းခြင်းစနစ်
ညီလာခံမှတ်ပုံတင်ကြေးကို ဘဏ်ငွေလွှဲစနစ်ဖြင့် ပေးသွင်းရပါမည်။ ငွေလွှဲရာတွင် ညီလာခံ တက်ရောက်မည့်သူ၏အမည်ဖြင့်သာ ပေးသွင်းရပါမည်။ ငွေလွှဲရာတွင် ဘဏ်စရိတ်များကို ငွေလွှဲသူကသာ ကျခံရမည်ဖြစ်ပါသည်။ မိမိ၏အမည်နှင့် CONSAL XVII ကို ဘဏ်ငွေလွှဲရာတွင် ဖော်ပြရန်မမေ့ပါနှင့်။ ဘဏ်ငွေလွှဲခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ့အထိသာ လက်ခံမည်ဖြစ်ပါသည်။

Bank Information
For International (US Dollar currency)
Bank Name: Cooperative Bank Limited (PLC)
Bank Account Holder: Myanmar Library Association
Account Number : 0010101200726548
SWIFT-CODE : CPOBMMMY
Bank Address : No. 334/336, corner of 23 st, & Strand Rd, Latha Township, Yangon, Myanmar
See Eligible Transferring Banks

For local (Myanmar Currency)
Bank Name: Kanbawza Bank
Bank Account Holder: Myanmar Library Association
Account Number : 133-302-06002875101
Bank Address : New University Avenue Road, Yankin TSP, Yangon, Myanmar
Email: registration@consalxvii.org
Tel: 95 67 418427; 418426
Fax: 95 67 418426

သင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဝင်ဖြစ်ပါသလား 

အသင်းဝင်များအတွက်အသင်းဝင် database http://www.myanmarlibraryassociation.org တွင် 
မိမိ၏ကိုယ်ရေးအချက်အလက်များနှင့် digital ဓါတ်ပုံကိုလည်းကိုယ်တိုင်ရေးသွင်းခြင်း၊တည်းဖြတ်ခြင်းများကိုပြုလုပ်နိုင်ပါတယ်။အသင်းဝင်များနှင့်စဉ်ဆက်မပြတ်ထိတွေ့နိုင်စေရန်နှင့်အသင်းဝင်ကပ်ပြားများထုတ်ပေးရန်အတွက်သင်၏ကိုယ်ရေးအချက်အလက်များကိုမှန်/မမှန်စစ်ဆေးနိုင်ရန်အသင်းဝင် database http://www.myanmarlibraryassociation.org တွင်မှတ်ပုံံတင်ခြင်းပြုလုပ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်။

အသုံးပြုပုံလမ်းညှွန်
အသင်းဝင်အသစ်များကိုလည်းဖိတ်ခေါ်ပါတယ်။အသင်းဝင် database http://www.myanmarlibraryassociation.org/ တွင် အသင်းဝင် ပုံစံဖြည့်ပေးပါရန်
မေးခွန်းနှင့်အခက်အခဲများရှိပါကinfo@myanmarlibraryassociation.org email ဖြင့်လည်းကောင်း၊ဖုံး၀၉၂၅၀၃၅၄၃၅၄၊၀၉၄၅၁၇၄၁၄၂၉၊၀၉၄၂၀၀၇၂၁၃၀ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။