Library Image

ဒုတိယအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာစာတမ်းဖတ်ပွဲ ကျင်းပ

05/05/18



သိမ်ဖြု ပုံနှိပ်ထုတ်ဝေရေးအဆောက်အအုံ
ဝန်ကြီးများရုံးရေှ့
သိမ်ဖြုစာအုပ်တန်း မေ ၅၊၆ 
စာအုပ်များပါ ဝယ်ယူနိုင်

ဒုတိယအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာစာတမ်းဖတ်ပွဲ ကျင်းပမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် မေ ၃

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်း မီဒီယာ စာတမ်းဖတ်ပွဲကို မေ ၅ ရက် (စနေနေ့)နှင့် မေ ၆ ရက် (တနင်္ဂနွေနေ့) တို့တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက်ခန်းမ၌ ကျင်းပသွားမည်ဖြစ် သည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာ စာတမ်းဖတ်ပွဲတွင် စာတမ်း ၁ဝ စောင် ဖတ်ကြားသွားမည်ဖြစ်ပြီး ဦးအုန်းကြိုင် (MPC) က မြန်မာ့ ဒီမိုကရေစီနိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင်ပီပြင်စွာရပ်တည်ရေး၊ ဒေါက်တာ မောင်မောင်စံ (MPC) က ဂျင်မီရဲ့ ကမ္ဘာ ကျွန်တော်တို့ရဲ့ကမ္ဘာ၊ ဦးဇေယျ (MPC) က ရခိုင်ပြည်နယ်အရေးနှင့် ငြိမ်းချမ်းရေး သတင်းစာ ပညာအသုံးအနွုန်း၊ ဦးရဲမြင့်ဖေက သတင်းသမားဘဝ ဖြတ်သန်းခဲ့ရခြင်းပုံရိပ်၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)(စာရေးဆရာအသင်း)က သတင်းသမားများ နှင့် မီဒီယာကျင့်ဝတ်၊ ဒေါက်တာတင်လွိုင်(MPC)က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအစတည်ပုံနှင့် အနာဂတ်အတွက် ဆောင်ရွက်သင့်သည်များ၊ ဦးမြတ်ခိုင် (မြန်မာနိုင်ငံ သတင်းစာဆရာအသင်း)က သတင်းလွတ်လပ်ခွင့် တိုက်ပွဲများ၊ ဦးချစ်ဝင်းမောင် (မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ-MJU)က NLD အစိုးရလက်ထက် မြန်မာ့သတင်းမီဒီယာလွတ်လပ်မွု အခြေအနေကို လေ့လာ သုံးသပ်ခြင်း၊ ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်(MPC)က ပြည်သူ့ ကျန်းမာရေးနှင့် သတင်းမီဒီယာကဏ္ဍ၊ ဦးနိုင်မောင်၊ ဦးကြည်နိုင် (မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ-MWU)က မျက်မေှာက်ခေတ် သတင်းမီဒီယာလောက ကို တစေ့တစောင်းအကဲခတ်ခြင်း စသည့် စာတမ်းများ ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲနှင့်အတူ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ၏ သတင်းမီဒီယာလုပ်ငန်းများကို လည်းကောင်း၊ စာအုပ်ဆိုင်များကို လည်းကောင်း ခင်းကျင်းပြသနိုင်ရေးအတွက် ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟို ပုံနှိပ်တိုက်၌ ဆိုင်ခန်းငယ်များ ထားရှိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါစာတမ်းဖတ်ပွဲသို့ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ပြီး မေးခွန်းများ မေးမြန်းဆွေးနွေးနိုင်ကြောင်းနှင့် ဒုတိယအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာ စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်