Library Image

မြန်မာ့ ပန်းချီနှစ်တစ်ရာ စာအုပ်ပြပွဲနဲ့ ရောင်းပွဲနဲ့ ဆွေးနွေးပွဲ

08/05/18



မြန်မာ့ ပန်းချီနှစ်တစ်ရာ စာအုပ်ပြပွဲနဲ့ ရောင်းပွဲနဲ့ ဆွေးနွေးပွဲတွေကို စီစဉ်ရင်း ထူးဆန်းတာ တစ်ခုတွေ့မိတယ်။

မြန်မာပြည်မှာ ပန်းချီပြပွဲတွေ၊ ပန်းချီ ပြခန်းတွေ ဖွံဖြိုးသင့်သလောက်ဖွံ့ဖြိုးပေမယ့် ပန်းချီနဲ့သက်ဆိုင်တဲ့ စာအုပ်စာပေတွေ အတော်အားနည်းပါတယ်။
အခုပြပွဲမှာ ပြသမယ့် ပန်းချီဆိုင်ရာ စာအုပ်တွေဟာ ဆရာဦးကြည်၀င်း (လောကအမွန်ရည်ညွှန်းစာကြည့်တိုက်) က စုဆောင်းထားတာတွေ ဖြစ်ပြီး မြန်မာပြည်မှာ ထွက်သမျှ ပန်းချီဆိုင်ရာ စာအုပ်အကုန်လုံးနီးပါး ပါ၀င်ပါတယ်။ ကျန်လည်း အနည်းငယ်ပဲ ကျန်မယ်လို့ ထင်ပါတယ်။
ဒါပေမယ့် စာအုပ်အရေအတွက်ကိုကြည့်လိုက်တော့ မျက်လုံး အနည်းငယ်ပြူးသွားတယ်။ စုစုပေါင်းမှ အုပ် ၁၅၀ နီးပါပဲ ရှိတယ်။
နှစ်တစ်ရာအတွင်းမှာမှ အုပ် ၁၅၀ တဲ့လေ....
အဲဒီအုပ် ၁၅၀ ထဲမှာ ပန်းချီေ၀ဖန်ရေးနဲ့ဆိုင်တဲ့ စာအုပ်ဘယ်နှစ်အုပ်ပါလဲ...
ပိုတောင် မျက်လုံးပြူးရပါသေးတယ်။
ပန်းချီပြပွဲတွေသွား၊
ပွဲတွေကို သေချာချည်းကပ်၊
ေ၀ဖန်ရေးသားနိုင်တဲ့ စာအုပ်မျိုးက မပါသလောက် နည်းပါတယ်။ ဆယ်အုပ်တောင် မပြည့်တာကို အံသြဖွယ် တွေ့လိုက်ရပါတယ်။
ပန်းချီလောကတိုးတက်ဖို့ဆိုတာ ပန်းချီဆရာတွေ ပန်းချီဆွဲနေရုံနဲ့ ပြီးတဲ့ အရာမဟုတ်ပါ။
တစ်လောကလုံးမှာ ရှိသမျှ ပညာရှင်တွေ တန်းတူညီတူ တိုးတက်မှသာ အဲဒီနိုင်ငံက ဖွံဖြိုးမှာဖြစ်ပါတယ်။
ပန်းချီနဲ့သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့၊ ပန်းချီေ၀ဖန်ရေးတွေ ပိုမိုအားကောင်းလာပေါ့၊ ပြတိုက်ပြခန်း ခင်ကျင်းခြင်း အတက်ပညာတွေ ထွန်းကားလာဖို့အတွက် အခုပွဲလေးဟာ အစ အဦး အပျိုးလေးဖြစ်ခဲ့ရင် ပင်ပန်းရကျိုးနပ်မှာပါ။
ပူးပေါင်း ပါ၀င်ပေးတဲ့ ပညာရှင်တိုင်းကို ကျေးဇူးတင်ပါတယ်။
ပွဲကို စပွန်ဆာလုပ်ပေးတဲ့ ၀န်ဇင်းအီးဘုတ် App ကိုလည်း ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် နှစ်ပေါင်း များစွာ စုဆောင်းထားတဲ့ စာအုပ်တွေကို ပြသခွင့်ပေးတဲ့ ဆရာဦးကြည်၀င်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။
မည်သူမဆို လာရောက်လေ့လာအားပေးနိုင်ပါတယ်။
ပွဲကာလအတွင်းမှာ စာအုပ်ဆိုင်တွေမှာ ၀ယ်ဖို့ခက်တဲ့ ပန်းချီဆိုင်ရာ စာအုပ်တွေကိုလည်း အထူးဈေးနဲ့ ရောင်းပေးမှာပါ။
အခြားပန်းချီဆိုင်ရာ စာအုပ်တွေကိုလည်း ဈေးလျှော့ရောင်းပေးမှာဖြစ်ပါတယ်။
စာအုပ်ပြပွဲမှာ ပြသထားသမျှ စာအုပ်တိုင်းကို စနစ်တကျ ပြုစုထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း အခမဲ့ ေ၀သွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတိုင်းမှာလည်း မည်သူမဆို ၀င်ရောက်ဆွေးနွေးလို့ရအောင် စီစဉ်ထားပါတယ်။
နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်...