08/05/18
အရေှ့တောင်အာရှ စာကြည့်တိုက်မှူ းများကွန်ဂရက်
Congress of Southeast Asian Libraries - (CONSAL) အကြောင်း တစ်စေ့တစ်စောင်း . . .
:-) အရေှ့တောင်အာရှ စာကြည့်တိုက်မှူ းများကွန်ဂရက်
Congress of Southeast Asian Libraries - (CONSAL) အကြောင်း တစ်စေ့တစ်စောင်း . . .
:-)
CONSAL ဆိုတာက အာဆီယံ (ASEAN) အဖွဲ့ကြီးပေါ်ပေါက်လာချိန်မှာ အရေှ့တောင်အာရှဒေသ ရဲ့
သွင်ပြင်လက္ခဏာတွေကို ပီပြင်စွာ ဖော်ဆောင်နိုင်ရန်
ရည်မှန်းချက် နဲ့ အရေှ့တောင်အာရှ စာကြည့်တိုက်မှူ း များ ကွန်ဂရက်ကို ၁၉၇၀ ခုနှစ်က စင်ကာပူနိုင်ငံမှာ
စတင်တည်ထောင်ခဲ့ပါတယ်။ CONSAL ကို အစပျိုးခဲ့တဲ့
သူတွေကတော့ စင်ကာပူနိုင်ငံ စာကြည့်တိုက်အသင်းနဲ့
မလေးရှားနိုင်ငံ စာကြည့်တိုက်အသင်းတို့ဖြစ်တယ်။
CONSAL ရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (CONSAL -Constitution) ကို ဦးစွာ အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုး
ဝင်ရောက်လာခဲ့တဲ့ နိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နဲ့
တောင် ဗီယက်နမ် နိုင်ငံများမှ စာကြည့်တိုက်အသင်းများဖြစ်ကြတယ်။ အခုအချိန်မှာတော့ CONSAL မှာ
အဖွဲ့ဝင်အဖြစ် ၁၀ နိုင်ငံရှိလာပြီဖြစ်တယ်။
အာဆီယံနိုင်ငံများဖြစ်ကြတဲ့ စင်ကာပူ၊ မလေးရှား၊
အင်ဒိုနီးရှား၊ ဗီယနမ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေက အမျိုးသားစာကြည့်တိုက်များ၊ စာကြည့်တိုက် ပညာသင်ကျောင်းများ၊ ဌာနများားူစာကြည့်တိုက် အသင်းများ၊ စာကြည့်တိုက်မှူ းများနှင့်စာကြည့်တိုက်နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများက နိုင်ငံအသီးသီး၏ အသင်းဝင်များ (National Members)၊ အဖွဲ့အစည်းများမှ အသင်းဝင်များ (Associate Members)၊ ဂုဏ်ထူးဆောင် အသင်းဝင်များ Honorary Members) အဖြသ်ပါဝင်လာကြ
သည်။
၂၀၀၀ ပြည့်နှစ် ဧပြီလတွက် CONSAL အမွုဆောင်အဖွဲ့ (Executive Board) ၏ သဘောတူညီချက်အရ CONSAL ၏ စီမံကိန်းများအား ညိှနွိုင်းဆောင်
ရွက်ခြင်းကို အဓိကလုပ်ဆောင်ရန် ရည်ရွယ်ပြီး
အရေှ့တောင်အာရှ စာကြည့်တိုက်မှူ းများ
ကွန်ဂရက်၏ အတွင်းရေးမှူ းအဖွဲ့ (CONSAL Secretariat) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စင်ကာပူ နိုင်ငံက ၃ နှစ်ကာလကြာ လက်ခံဖွင့်လှစ်ခဲ့ပါတယ်။
CONSAL Secretariat မှာ ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူ း ခန့်အပ်ခံရသူကတော့ Mr. R. Ramachandran ပဲ ဖြစ်ပါတယ်။
:-) CONSAL အဖွဲ့ရဲ့ ရံပုံငွေကို အစိုးရအပြင်
နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော UNESCO, IFLA နှင့် သြစတေးလျနိုင်ငံ အမျိုးသားစာကြည့်တိုက်တို့ဖြစ်ကြပါတယ်။
CONSAL ရဲ့ ရည်မှန်းချက် တွေက
၁။ အရေှ့တောင်အာရှ ဒေသအတွင်းရှိ စာကြည့်တိုက်မှူ းများ၊ စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက် နှင့် စာကြည့်တိုက်အဖွဲ့အစည်းများ၊ စာကြည့်တိုက် နှင့်ဆက်နွယ်သော အဖွဲ့အစည်းများ စသည်တို့ကို ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်မွုနှင့် ကွန်ရက်တည်ဆောက်ရန်၊ ထိန်းသိမ်းရန်၊ တိုးတတ်ခိုင်မာလာစေရန်၊
၂။ အရေှ့တောင်အာရှ နိုင်ငံအတွင်းရှိ စာကြည့်တိုက် နှင့်သုတပညာရပ်များ၊ အထောက်အထားနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မွုများ၊
စာကြည့်တိုက်နှင့်ဆက်နွယ်ပက်သက်သော အခြားဝန်ဆောင်မွုများကို အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အထောက်အကူပြုစေရန်၊
၃။ အရေှ့တောင်အာရှဒေသအတွင်းရှိ အဖွဲ့အစည်ူများနှင့် အပြည်ပြည်ဆိုငိရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ပူးပေါင်း၍ CONSAL ၏ အကောင်ထည်
ဖော်ဆောင်ရွက်ချက်များ၊ အကျိ ု းစီးပွားကို ကုညီပံ့ပိုးရန်၊
၄။ အရေှ့တောင်အာရှဒေသအတွင်းရှိ စာကြည့်တိုက် ဆိုင်ရာ အခက်အခဲများကို ဝိုင်းဂန်းဖြေရှငိးရန်၊
၅။ အမွုဆောင်အဖွဲ့ က သဘောတူဆုံးဖြတ်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်
တို့ဖြစ်ပါတယ်။
:-)
CONSAL ကို အဖွဲ့ဝင်နိုင်ငံမျာူက ၃ နှစ် တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ လက်ခံကျင်းပရပါတယ်။ မြန်မာနိုင်ငံဟာ ၁၆ ကြိမ်မြောက် ကျင်းပခဲ့သော CONSAL ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်
CONSAL ၏ ၁ရ ကြိမ်မြောက်ကို ကျင်းပရန်တာဝန်ယူခဲ့ပါတယ်။ ယခု ၁ရ ကြိမ်မြောက် CONSAL
ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ
ခဲ့ခြင်းပါတယ်။ ထိုသို့တာဂန်ကို မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက် နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ
အသင်း MLA ပူးပေါင်း၍ အဓိက တာဝန်ယူရခြင်း
ဖြစ်ပါတယ်။
CONSAL ၏ သဘောအရ အမွုဆောင်အဖွဲ့အစည်းအဝေး ၂ ကြိမ်ကို ပထမ ၂ နှစ်တွင် လက်ခံကျင်းပရပြီး ၃ နှစ်မြောက်တွင် အမွုဆောင်အဖွဲ့ အစည်းအဂေး
၁ ကြိမ်နှင့် အထွေထွေညီလာခံက်ို လက်ခံကျင်းပရပါတယ်။
:-)
- ညီလာခံကြီး၏ ခေါင်းစဉ် (Theme) ရွေးချယ်မွု၊
- ဆွေးနွေးပွဲ/စာတမ်းဖတ်ကြားခြင်း အစီစဉ်များ၊
- ပြုလုပ်မည့်နေရာ နှင့် အချိန် သက်မှတ်ခြင်း၊
- စာတမ်းရှင်များနှင့် သဘာပတိများ ဖိတ်ကြားခြင်း၊
- ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများ ချမှတ်ခြင်း
- သက်ဆိုက်ရာ ပုဂ္ဂိုလ်များကို ဖိတ်ကြားခြင်း
(IFLA ဥက္ကဌ/ အာရှဒေသမှ စာကြည့်တိုက်များ၊
စာကြည့်တိုက်ပညာရှင်များ၊ စာကြည့်တိုက် နှင့်
ဆက်နွယ်သော လုပ်ငန်းရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၊ နိုင်ငံတော်အကြီးအကဲများကို ဖိတ်ကြား
ရပါတယ်။)
- ဖွင့်ပွဲ / ပိတ်ပွဲ/ ညစာစားပွဲ/ တတ်ရောက်လာသူများအတွက် နေမွု ထိုင်မွု စားသောက်ဧည့်ခံခြင်းများကို
စီစဉ်ရပါတယ်။
ဆရာမ ဒေါ်မြဦး (National Library Myanmar, NPW) ရဲ့ MLA စာစောင်မှာ ေရးသားထားသော
CONSAL အကြိုဆောင်းပါးမှ
ကောက်နုတ်တင်ပြပါသည်။)
:-) :-):-)
(လွယ်တော့ မလွယ်ဘူးနော့် - Phoe Nyan ရေ့)
၁ရ ကြိမ်မြောက် CONSAL ကို ဂုဏ်ပြု ဖော်ပြအပ်ပါသည်။