#စာအုပ်မိတ်ဆက်ပွဲဖိတ်ကြားခြင်း
===================
တိုက်တိုက်ဆိုင်ဆိုင်၊ ဆရာကျော်ဝင်းရဲ့ စာအုပ်ဖြစ်တဲ့ ပျောက်ဆုံးသွားသောမျိုးဆက်တစ်ခု… (ဒုတိယပိုင်း) သိပ်မကြာခင်က၊ ထွက်လာတယ်။
ကျနော့် စာအုပ်လည်း၊ မထင်မှတ်ဘဲ ထုတ်ဝေဖြစ်ခဲ့တယ်။
ဆရာ့ စာအုပ်နဲ့ ကျနော့် စာအုပ်က၊ မရှေးမနှောင်း။
ရှေ့ဆင့်နောက်ဆင့် ဆိုသလို။
ဆရာရဲ့ ပျောက်ဆုံးသွားသောမျိုးဆက် (ပထမပိုင်း) ကလည်း၊
ကျနော့် ပထမဆုံးစာအုပ်ဖြစ်တဲ့ #မင်ခြစ်ကောက်ကြောင်းများ စာအုပ်နဲ့ ရှေ့ဆင့် နောက်ဆင့်
မနှစ်က၊ ထွက်ဖြစ်ခဲ့တယ်။
အကြောင်းတိုက်ဆိုင်စွာပဲ၊ ကျနော့် စာအုပ် မိတ်ဆက်ပွဲလုပ်တဲ့ အချိန်မှာ၊ ဆရာက မန္တလေးမှာ ရှိနေခဲ့တယ်။ ဆရာက စာသင်ရင်း၊ ရောက်လာတာ။ ဒီလိုနဲ့၊ ကျနော့်ရဲ့ မင်ခြစ်ကောက်ကြောင်းများ စာအုပ် မိတ်ဆက်ပွဲကို ဆရာလည်း၊ ပါဝင် ချီးမြှင့်ခဲ့တယ်။ အခုလည်း ထပ်ပြီး ကြုံပြန်တယ်။ အခု ဆရာ ကျော်ဝင်း မန္တလေးမှာ၊ စာသင်ဖို့ ရောက်လာတယ်။ ကျနော့် စာအုပ်လည်း၊ အခုထွက်လာပြီ။
တိုက်ဆိုင်မှုတွေကို ထပ်ပြီး ထပ်တူပြုဖို့၊ ကျနော် ဆရာကျော်ဝင်းကို တစ်ခု တောင်းဆိုတယ်။
ဆရာ့ စာအုပ်နဲ့ ကျနော့် စာအုပ်ကို ပူးတွဲပြီး၊ မိတ်ဆက်ပွဲ လုပ်ပါရစေ… လို့။
ဆရာက ကျနော့်အတွက် သီးသန့်အချိန်ပေးဖို့ မျှော်လင့်တယ်။
ကျနော် ဝမ်းသာရတယ်။
အခု ကျနော်၊ လှိုက်လှိုက်လှဲလှဲ ဝမ်းသာရတယ်။
#ပျောက်ဆုံးသွားသောမျိုးဆက်တစ်ခု…. စာအုပ်နဲ့
#နိုင်ငံရေးဖတ်စာများ…. စာအုပ် (၂) အုပ် ပူးတွဲ စာအုပ် မိတ်ဆက်ပွဲ။
ဒီပွဲကို လုပ်ခွင့်ရလို့၊ ကျနော် ကြည်နူးမိတယ်။
မိတ်ဆွေများလာပါ။
လှိုက်လှိုက်လှဲလှဲ ဖိတ်ပါတယ်…..
လုပ်မယ့် နေ့က၊ လာမယ့် သောကြာနေ့ ၊ မေလ ၁၁ ရက်နေ့။
အချိန်က၊ ညနေ ၅ နာရီမှာ စမယ်။
နေရာက၊
ကျနော် ကျောင်းပြီးပြီးချင်း၊ စာကြည့်တိုက်မှူးဘဝကို စတင်ခဲ့တဲ့၊
၂၇ လမ်း၊ ၆၉ လမ်းထောင့်က....၊
မြမန္တလာဟိုတယ်… (စာကြည့်တိုက်)။
မြမန္တလာစာကြည့်တိုက်ဟာ၊ ကျနော်တို့ #ယုံကြည်ရာအဖွဲ့ ရဲ့ ဘူမိနက်သံလည်း ဖြစ်ခဲ့တယ်။
ယုံကြည်ရာ စာကြည့်တိုက် သနေ္ဓတည်ရာ၊ နေရာဌာနလည်း ဖြစ်ခဲ့ပါတယ်။
===================
ကျနော့် #နိုင်ငံရေးဖတ်စာများစာအုပ်အတွက် သီးသန့် အစီအစဉ်ရှိပါတယ်။
အဲ့ဒါကတော့ ….
- ကျနော့်စာအုပ်မိတ်ဆက်ပွဲကို လာပါ။
- သင့်အတွက်….
- လက်ဆောင်တစ်အုပ် ယူပါ။
- သင့်မိတ်ဆွေအတွက် တစ်အုပ်ဝယ်ပါ။
………………………..
ခင်မင်စွာဖြင့် /
|| မင်းသေ့ ||