Library Image

မင်းလူနှင့် သူ၏ စာပေဇာတ်ကောင်များ မေလ ၁၉၊ ၂၀၁၈ ၊Yangon Book Plaza

18/05/18



မင်းလူနှင့် သူ၏ စာပေဇာတ်ကောင်များ
မေလ ၁၉၊ ၂၀၁၈ ၊Yangon Book Plaza 

ဆရာမင်းလူရဲ့ ဘယ်ဇာတ်ကောင်တွေအကြောင်း ကြားချင် ပြောချင်ကြသလဲ

           မင်းလူနှင့် သူ၏ စာပေဇာတ်ကောင်များဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာမင်းလူ မွေးနေ့ အခမ်းအနားလေးကို Yangon Book Plaza မှာ မေလ ၁၉၊ ၂၀၁၈ မှာ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။
            အဆိုပါ အခမ်းအနားလေးမှာ ဆရာ့အလွမ်းပြေအဖြစ် ဆရာ့ဇာတ်ကောင်တွေအကြောင်းကို ဆွေးနွေးမယ့် ထူးခြားတဲ့ အစီအစဉ်လေးတွေ စီစဉ်ထားပါတယ်။
           သိတဲ့အတိုင်းပဲလေ။ ဆရာမင်းလူဟာ ကျွန်တော်တို့ ဒီနေ့ ဒီအချိန်ထိ တသသ ပြောဆိုလွမ်းဆွေးနေရတဲ့ ဇာတ်ကောင်များစွာကို ဖန်တီးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
           အတည်ပေါက်ကြီးနဲ့ တလွဲတွေလုပ်တက်တဲ့ ကိုကြီးငွေတို့၊ ဒေါသကြီးပြီး မှန်တယ်ထင်ရင် ဇွတ်လုပ်တက်တဲ့ မောင်၀တို့၊ လှလွန်း ရိုးလွန်းတဲ့ လှထုံတို့ အစရှိတဲ့ အထင်ကရ ဇာတ်ကောင်တွေအပြင် ဆရာ့ချစ်ရ ခင်ရတဲ့ ရေးဖော်ရေးဖက်တွေကိုပါ ဇာတ်ကောင်လုပ်ကာ ကျီစယ်ရေးသားခဲ့ပါသေးတယ်။ ဆရာမောင်သွေးသစ်နဲ့ ဆရာချစ်ဦးညိုတို့ကို ဒုံးပျံကြီးထဲထည့်ပြီး အာကသထဲလွှတ်လိုက်တာမျိုးတို့၊ စာပေကြော်ငြာ စတိတ်ရှိူးဆိုပြီး ဆရာ၊ ဆရာမ များစွာကို သီးချင်းတွေနဲ့ ကပြဖျော်ဖြေခိုင်းတာမျိုးတို့ အစရှိတဲ့ ဇာတ်လမ်းများ ဖန်တီးခဲ့ပါတယ်။
           ဖတ်ရတဲ့ ကျွန်တော်တို့မှာတော့ ကြည်နူးစွဲလန်းခဲ့ရပါတယ်။ 
            ယခုနှစ် ဆရာ့မွေးနေ့မှာတော့ ဆရာ့ဇာတ်ကောင်တွေကို စင်မြင့်ပေါ် ဖိတ်ခေါ်ကာ အလွမ်းဖြေကြရအောင်လားဗျာ။
             စင်မြင့်ပေါ်မှာ မြင်ချင်တွေ့ချင်ကြတဲ့ ဇာတ်ကောင်တွေကို အမှတ်တရ မန့်ခဲ့ပေးကြပါ။ ပြီးရင်လည်း အဲဒီဇာတ်ကောင်တွေကို ဘယ်လို စွဲလန်းရတယ်ဆိုတာလေးကိုပါ ရေးခဲ့ပေးကြပါ။
              ထိုကဲ့သု့ိ ကွန်မန့်ရေးသားပေးခဲ့တဲ့ အထဲမှာမှ အမှတ်ရဖွယ် အကောင်းဆုံး ကွန်မန့် ငါးခုကို ရွေးချယ်ကာ 
               “ မင်းလူနှင့် သူ၏ ဇာတ်ကောင်များ” မိတ်ဆက်ပွဲမှာ စင်မြင့်ပေါ်ကနေ အမှတ်တရ ရွတ်ဖတ်ပေးမှာ ဖြစ်ပါတယ်။
               ဆရာ့ မွေးနေ့ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ့ ပရိတ်သတ်တွေ ပါ၀င်ချင်ကြမှာ အမှန်ပဲ မဟုတ်လား။ ဒါကြောင့်လည်း အခုအစီအစဉ်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ့ပရိတ်သတ်တွေအနဲ့ ယခုပို့စ်အောက်မှာ ကွန်မန့်ရေးသားကာ ပါ၀င်နိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။
               ဆရာ့မွေးနေ့ အမှတ်တရပွဲကို Yangon Book Plaza ပေ့ချ်ကနေ Live လွှင့်ပေးမှာ ဖြစ်ကြောင်းလည်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်။