Library Image

လာမယ့် မေလ ၂၅ ရက်နေ့မှာ ဦးနုရဲ့ အမှတ်တရ ပြခန်း ဖွင့်လှစ်ပါ့မယ်

21/05/18



လာမယ့် မေလ ၂၅ ရက်နေ့မှာ
ဦးနုရဲ့ အမှတ်တရ ပြခန်း ဖွင့်လှစ်ပါ့မယ်
အဆိုပါ ပြခန်းဟာ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားတာ ဖြစ်ပြီး ပြတိုက်မဟုတ်ပါဘူး။
ပြတိုက်တစ်ခုလိုပြည့်စုံမွူမျိုးတော့ လောလောဆယ် မရနိုင်သေးပါဘူး။
နောက်ပြီး ဦးနုဟာ ၀န်ကြီးချုပ်ဖြစ်ခဲ့ပေမယ့် ဒီဘက်ခေတ် ၀န်ကြီးချုပ်တွေလို ဘောစိ ၀န်ကြီးချုပ်မဟုတ်ပါဘူး။ အခုပြမယ့် ပြခန်းအိမ်တောင် ဦးနုရဲ့ ဇနီးက သူ့ပိုက်ဆံနဲ့သူ ၀ယ်ထားတာဖြစ်ပါတယ်။ ဆိုလိုတာက ၀န်ကြီးချုပ်အိမ်ဆိုပြီး ဟီးဟီထ တိုက်ကြီးနဲ့ ပြခန်းကြီးဖြစ်မယ်လို့ ကြိုမတွေးထားစေချင်လို့ပါ။ ဦးနုဟာ ဘယ်လို အိမ်မှာနေခဲ့တယ်။ ဘယ်လို ထိုင်ခုံမှာထိုင်ပြီး စာရေးခဲ့တယ်။ ဘယ်လို ဘုရားစင်နဲ့ ဘုရားရိှခိုးခဲ့တယ်ဆိုတာလောက်ပဲ သိနိုင်မယ့် ပြခန်းဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ ပြခန်းဟာလည်း နေ့စဉ် ဖွင့်ထားမှာမဟုတ်ဘဲ Appoinment ပြုလုပ်ပြီးမှ ဖွင့်လှစ်ပြသပေးမယ့် ပြခန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖွင့်ပွဲကျင်းပမယ့် မေလ ၂၅ ရက်နေ့မှာတော့ ဘယ်သူမဆို လွတ်လပ်စွာ လာရောက်ကြည့်ရွူနိုင်ပါတယ်။ အပွိင့်မန့် မလိုပါဘူး။ 
လာရောက်လေ့လာကြည့်ရွူဖို့ ဖိတ်ကြားအပ်ပါတယ်။