Library Image

တက္ကသိုလ်မှာ ဘာလုပ်‌ကြမလဲ မေလ ၃၁ ရက် မနက် ၁၀ နာရီ မှ ၁၂ နာရီ

25/05/18





• မတူညီ‌သောနယ်‌ပယ်‌အသီးသီးမှ စာ‌ရေးဆရာများ‌ဆွေး‌နွေးကြမည်‌့ "တက္ကသိုလ်‌မှာ ဘာလုပ်‌ကြမလဲ" Pannel Discussion •

‌မေလ ၃၁ ရက်‌‌နေ့တွင်‌ ကျင်‌းပမည်‌့ Back to University ပွဲတွင်‌ စာ‌ပေစကားဝိုင်‌းတစ်‌ခု ထည်‌့သွင်‌းထားပါသည်‌။ ၄င်‌းကို pannel discussion အသွင်‌ဖြင်‌့ ကျင်းပသွားမည်‌ဖြစ်‌ပြီး လာ‌ရောက်‌‌ဆွေး‌နွေးမည်‌့ စာ‌ရေးဆရာများမှာ ‌မြေမှုန်‌လွင်‌၊ ဂျူး၊ ပါစကယ်‌ခူးသွယ်‌၊ မသီတာ (စမ်‌း‌ချောင်‌း) နှင်‌့ ဗြိတိသျှကိုကို‌မောင်‌တို့ ဖြစ်‌သည်‌။ 

‌မြေမှုန်‌လွင်‌မှာ "‌ကျောက်‌စာကို ခဲဖျက်‌နှင်‌့ ဖျက်‌၍မရ" ဝတၳုအပါအဝင်‌ လုံးချင်‌းစာအုပ်‌များ ‌ရေးသားခဲ့ပြီး လက်‌ရှိတွင်‌ ငါတို့စာ‌ပေ၊ Exit Books၊ We Distribution လုပ်‌ငန်‌းတို့ကို ဦးစီးလုပ်‌ကိုင်‌လျက်‌ရှိသည်‌။ မြန်‌မာ့ပညာ‌ရေးစနစ်‌ကို မယုံကြည်‌သဖြင်‌့ မည်‌သည်‌့တက္ကသိုလ်‌ကိုမှ မတက်‌‌ရောက်‌ခဲ့သူဖြစ်‌သည်‌။

ဂျူးမှာ နိုင်‌ငံ‌ကျော်‌အမျိုးသမီးစာ‌ရေးဆရာတစ်‌ဦးဖြစ်‌ပြီး မန္တ‌လေး‌ဆေးတက္ကသိုလ်‌တွင်‌ ‌ဆေးပညာသင်‌ကြားခဲ့သည်‌။

ပါစကယ်‌ခူးသွယ်‌မှာ ကမ်ဘာ‌ကျော်‌စာအုပ်‌တစ်‌အုပ်‌ဖြစ်‌သည်‌့ From the Land of Green Ghosts ကို ‌ရေးသူဖြစ်‌ပြီး ၄င်‌းစာအုပ်‌ကို စာ‌ရေးဆရာ သင်‌့လူက "အိုဘယ်‌့အစိမ်‌းတို့‌မြေ"အမည်‌ဖြင်‌့ မြန်‌မာဘာသာပြန်‌ခဲ့သည်‌။ Gonville နှင်‌့ Caius College၊ Cambridge တက္ကသိုလ်‌မှ ဘွဲ့ရခဲ့သူဖြစ်‌သည်‌။ မန္တ‌လေးတက္ကသိုလ်‌‌ကျောင်‌းသား‌ဟောင်‌းတစ်‌ဦးလည်‌းဖြစ်‌သည်‌။

မသီတာ(စမ်‌း‌ချောင်‌း)မှာ ‌ဆေးတက္ကသိုလ်‌ ၁ မှ M.B.,B.Sဘွဲ့ရရှိခဲ့ပြီး စမ်‌း‌ချောင်‌း-အင်‌းစိန်‌-ဟားဗတ်‌ အပါအဝင်‌ စာအုပ်‌များစွာ‌ရေးသားခဲ့သည်‌။

ဗြိတိသျှကိုကို‌မောင်‌မှာ သ‌ရော်‌စာအ‌ရေးအသားဖြင်‌့ လူသိများပြီး ပဲခူးတက္ကသိုလ်‌တွင်‌ ပညာသင်‌ကြားခဲ့သည်‌။ ကွန်‌မန်‌ဒိုဘချို ဝတၳုနှင်‌့ အခြား‌သောသ‌ရော်‌စာစာအုပ်‌များ ‌ရေးသားထုတ်‌‌ဝေခဲ့ပြီးဖြစ်‌သည်‌။ 

အထက်‌ပါစာ‌ရေးဆရာများက ‌မေ ၃၁ရက်‌‌နေ့တွင်‌ လာ‌ရောက်‌‌ဆွေး‌နွေးကြမည်‌ဖြစ်‌ပြီး မည်‌သည်‌့တက္ကသိုလ်‌‌ကျောင်‌းသား‌ကျောင်‌းသူမဆို လာ‌ရောက်‌နား‌ထောင်‌နိုင်‌ပါ‌သည်‌။ 

#BTU
#LifeInUM1
#UM1SU