ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း
#စာတမ်းဖတ်ပွဲ_ဖိတ်ကြားလွှာ
■ ခေါင်းစဉ် - Accessibility of Myanmar Government Websites
(မြန်မာနိုင်ငံတွင် ပြည်သူလူထုအကြား အင်တာနက်အသုံးပြုမှု များပြားလာခြင်းနှင့်အတူ အစိုးရ၏ ဝန်ဆောင်မှုများ (Services) ကို ပြည်သူလူထုက လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရေးနှင့် တိကျလျင်မြန်စွာ အချက်အလက်စီးဆင်းရောက်ရှိရေးသည် အထူးအရေးပါလှပေသည်။ သို့ဖြစ်ပါ၍ ယခုသုတေသနစာတမ်းသည်မြန်မာနိုင်ငံရှိ အစိုးရ Websites များကို ပြည်သူများ အသုံးပြုရလွယ်ကူမှုနှင့် ဝင်ရောက်ကြည့်ရှုနှုန်းကို လေ့လာဆန်းစစ်ထားသော ရှေ့ပြေးဆန်းစစ်ချက်တစ်ခု ဖြစ်ပါသည်။)
■ နေ့ရက် - ဇွန်လ ၉ ရက်၊ ၂၀၁၈ ခုနှစ်
■ အချိန် - နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီထိ
■ နေရာ - ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်း၊ ရွှေငုဝါလမ်းသွယ်၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
ရုံးဖုန်း - 09 97 07 451 70
(မည်သူမဆို လွတ်လပ်စွာ ပါဝင်တက်ရောက်နိုင်ပါသည်)