Library Image

စာအုပ်မိတ်ဆက်ပွဲနှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဟောပြောပွဲ ၈.၇.၂၀၁၈ ( တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီ Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ ဖုန်း ၀၉၇၆၇၀၁၉၉၂၆

04/07/18



စာအုပ်မိတ်ဆက်ပွဲနှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဟောပြောပွဲ
၈.၇.၂၀၁၈ ( တနင်္ဂနွေနေ့) 
နေ့လယ် ၁ နာရီ
Yangon Book Plaza
 ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။
ဖုန်း ၀၉၇၆၇၀၁၉၉၂၆

             မြို့ပြရဲ့ နေ့စဉ် လူနေမှူ ဘ၀မှာ သဘာ၀ဓာတ်ငွေ့ဆိုတာ မရှိမဖြစ် အရေးပါလျက်ရှိပါတယ်။
          သဘာ၀ဓာတ်ငွေ့များကို ဉာဏ်ပညာ ကြီးကြီးနဲ့ သတိရှိရှိ သုံးစွဲမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးရမှာဖြစ်ပေမယ့် အရမ်းကာရော သုံးစွဲခဲ့မယ်ဆိုရင်တော့ ဆိုးကျိုးများ ရရှိနိုင်မှာဖြစ်ပါတယ်။
          တိုင်းပြည်တစ်ပြည်ဖွံဖြိုးတိုးတက်ဖို့ရာမှာလည်း စွမ်းအင်က မရှိမဖြစ် အရေးပါလျက်ရှိပါတယ်။ စွမ်းအင်တွေရဖို့ ကြိုးစားရာမှာ သဘာ၀ပတ်၀န်းကျင်ထိခိုက်မှူ အနည်းဆုံးဖြစ်အောင်လည်း ထည့်သွင်းစဉ်းစားနိုင်ဖို့ လိုအပ်ပါတယ်။
                အခုစာအုပ်ကတော့ သဘာ၀ဓာတ်ငွေ့လောင်စာများအကြောင်းကို မိတ်ဆက်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာအုပ်အသစ်မိတ်ဆက်ပွဲနဲ့အတူ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဟောပြောပွဲကိုပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
                ဟောပြောမယ့်သူများကတော့
            က. တက္ကသိုလ် မိုးဝါ
            ခ. ဒေါက်တာ ခင်မောင်ညို
           ဂ. ဦးစိန်မြင့် (သတ္တုဦးစီး) တို့ပဲ ဖြစ်ပါတယ်။
                 စိတ်ပါ၀င်စားသူမည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။