Library Image

အာဇာနည်နေ့ အမှတ်တရ စာအုပ်ဈေးရောင်းပွဲ စာမဖတ်သူ ပပျောက်ရေး ၂၀၁၈၊ ၁၉ ဇူလိုင်မှသည် ၂၂ ဇူလိုင် ထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီထိ Yangon Book Plaza ဖုန်း - ၀၉၇၆၇၀၁၉၉၂၆

15/07/18



အာဇာနည်နေ့ အမှတ်တရ စာအုပ်ဈေးရောင်းပွဲ
စာမဖတ်သူ ပပျောက်ရေး
၂၀၁၈၊ ၁၉ ဇူလိုင်မှသည် ၂၂ ဇူလိုင် ထိ
နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီထိ
Yangon Book Plaza
ဖုန်း - ၀၉၇၆၇၀၁၉၉၂၆

           အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးများကို အမှတ်တရရှိရှိ ဂုဏ်ပြုကြဖို့ အရေးကြီးသလို အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ လမ်းစဉ်ကိုလည်း လိုက်နာအတုယူကြဖို့ လိုအပ်ပါတယ်။
         အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးဟာ ပြည်သူလူထုကို စာဖတ်ဖို့ အစဉ်တိုက်တွန်းခဲ့သူများဖြစ်သလို တိုင်းပြည်ကို တည်ထောင်ဖို့အတွက် စာဖတ်ခြင်းဟာ လွန်စွာအရေးပါမှန်း သိမြင်ခဲ့ကြသူများလည်း ဖြစ်ပါတယ်။
        အာဇာနည်နေ့မှာ အကြောင်းကြောင်းကြောင့် စာမဖတ်ဖြစ်ကြသူများ၊ စာအုပ်နဲ့ေ၀းကွားခဲ့သူများကို Yangon Book Plaza မှာကျင်းပမယ့် အာဇာနည်နေ့အမှတ်တရ စာအုပ်ဈေးရောင်းပွဲကိုတော့ လက်မလွတ်တမ်း လာခဲ့ဖို့ ဖိတ်ချင်ပါတယ်။
          စာအုပ်တွေဈေးကြီးလို့ မ၀ယ်နိုင်ဘူးဆိုသူများအတွက် 
-လက်ဖက်ရည်တစ်ခွက်စာတောင် မရှိတဲ့ဈေး
- မုန့်ဟင်းခါး တစ်ပွဲစာတောင် မရှိတဲ့ဈေးတွေနဲ့
       စာအုပ်တွေ ၀ယ်နိုင်တော့မှာပါ။
           ???? တစ်အုပ် ၂၀၀ ကျပ်????
         သတ်မှတ်ထားတဲ့ စာအုပ်အုပ်ရေ သုံးသောင်းကျော်ကို ၂၀၀ ကျပ်အထူးဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။
          ၂၀၀ ကျပ်တန် စာအုပ်များဟာ ယခင် စာအုပ်အဌားဆိုင်များမှာ ထင်ရှားခဲ့တဲ့ အချစ် ၀တၳုစာအုပ်များ၊ လှိူ့၀ှက်ဆန်းကြယ် စာအုပ်များ၊ ဟာသ ၀တၳုစာအုပ်များ ဖြစ်ပါတယ်။
          အဓိကရည်ရွယ်ချက်ကတော့ နယ်စာကြည့်တိုက်များအတွက် ဘတ်ဂျက်နည်းနည်းနဲ့ စာအုပ်များများ ၀ယ်ယူလိုသူများ၊ စာအုပ်ဈေးနှူန်းကြီးမြင့်လို့ စာအုပ်တွေနဲ့ေ၀းကွာနေသူများ၊ အခုမှ စတင်ပြီး စာအုပ်ဖတ်မယ့် လူငယ်များအတွက် ရည်ရွယ်ပါတယ်။
             ဒီတော့ ငါတို့တတွေက အဲဒီလို စာအုပ်တွေကို စိတ်မ၀င်စားဘူး။ တခြား တန်ဖိုးမြင့်စာအုပ်ကြီးတွေကို လိုချင်ပါတယ်ဆိုသူများအတွက်လည်း....
           Yangon Book Plaza တစ်ခုလုံးမှာရှိသမျှစာအုပ်အားလုံးကို အနည်းဆုံး ၁၀% လျှော့ဈေးကနေ ရာခိုင်နှူန်းအမျိုးမျိုး ဈေးလျှော့ရောင်းပေးဦးမှာဖြစ်ပါတယ်။
        မိမိတို့ရဲ့ ကိုယ်ပိုင်အားလပ်ရက်လေးအတွင်း သူငယ်ချင်း ဒါမှမဟုတ် မိသားစုနဲ့ အကျိုးရှိရှိ ဖြတ်သန်းဖို့၊ စာအုပ်စာပေတွေနဲ့ ပြန်လည်နီးစပ်ဖို့အတွက်
        Yangon Book Plaza ကို အတူတူသွားရောက်ဖို့ အခုပဲ လူစုပြီး မန်ရှင်းခေါ်လိုက်ပါတော့။ 
         Yangon Book Plaza လိပ်စာကတော့
         ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်ဖြစ်ပါတယ်။ ၁၇ လမ်းက သံဈေး ၀င်ပေါက်မှာ သီးသန့်ဓာတ်လှေကားလည်း ရှိပါတယ်။
          ဖုန်း ၀၉၇၆၇၀၁၉၉၂၆ ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။