Library Image

ငြိမ်းချမ်း(ခဲ့)သော နေ့ရက်များသို့ ၁၉.၇.၂၀၁၈ ​နေ့ခင်​း ၂နာရီ စာအုပ်မိတ်ဆက်ပွဲ

19/07/18



ငြိမ်းချမ်း(ခဲ့)သော နေ့ရက်များသို့
၁၉.၇.၂၀၁၈ ​နေ့ခင်​း ၂နာရီ
စာအုပ်မိတ်ဆက်ပွဲ

ဒီစာအုပ်လေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စာအုပ်စီစဉ်သူတွေက နယ်ပယ်ဒေသအသီးသီးက လူ ၁၈၀ လောက်ကို တွေ့ဆုံမေးမြန်းပြီး နွုတ်ပြောသမိုင်းအဖြစ်ပြုစုတယ်။ အဲဒီထဲက အချို့ကို စာရေးဆရာ ဆရာမ ၆ ဦးကို ပေးဖတ်တယ်။ ဖတ်ပြီးရလာတဲ့ စိတ်ကူးစိတ်သန်း အသိအမြင်ကို ကဗျာဖြစ်စေ အက်ဆေးဖြစ်စေ ဝတ္ထုဖြစ်စေ အရေးအသားဖြစ်စေ ရေးသားပေးဖို့ တိုက်တွန်းတယ်။ ကိုယ်ဖတ်ရတဲ့ နွုတ်ပြောသမိုင်းတွေထဲက နှစ်သက်တဲ့အကြောင်းအရာသုံးခုကို အကြောင်းပြချက်ပေးရွေးချယ်ပေးရတယ်။ စာအုပ်ထဲမှာ စာရေးဆရာရေးသားတဲ့ စာပေလက်ရာနှင့်အတူ ဖော်ပြပေးတယ်။

ကိုယ်လည်း ဒီစာအုပ်မှာ ပါဝင်ခွင့်ရခဲ့တယ်။ နွုတ်ပြောသမိုင်းတွေ ဖတ်ခဲ့ရတယ်။ ရွေးချယ်ပေးခဲ့ရတယ်။ အရေးအသားတစ်ခုကို ရေးသားခွင့်ရခဲ့တယ်။

ဒီအကြောင်းတွေကို ၁၉ ရက်နေ့ရောက်ရင် ပြောကြဦးမယ်။ စိတ်ဝင်စာဖို့ ကောင်းတဲ့ နွုတ်ပြောသမိုင်းတွေကို ကြားရပေဦးမယ်။ ဆွေးနွေးရပေဦးမယ်။

စာအုပ်မှာ နွုတ်ပြောသမိုင်း ၁၈ ခုပါပြီး စမ်းစမ်းနွဲ့(သာယာဝတီ) မသီတာ(စမ်းချောင်း) မင်းကိုနိုင် နေဘုန်းလတ် ဟန်ဆန်းနှင့် မောင်ဆောင်းခ တို့ရဲ့ စာပေလက်ရာတွေ စီစဉ်သူတွေရဲ့ ကြိုးပမ်းမွုတွေအကြောင်း အတွေ့အကြုံတွေအကြောင်းရေးသားထားတာတွေကို ဖတ်ရပါမယ်။ စာအုပ်တန်ဖိုးက ၃၀၀၀ ကျပ်ပါ။