Library Image

စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ အမှတ်တရစာအုပ်ဈေးရောင်းပွဲလေးကို လာမယ့် ဩဂုတ် ၁ (ဗုဒ္ဓဟူးနေ့) ကနေ ဩဂုတ် ၁၃ ရက် (တနင်္လာ) နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်က ကြားတောရလမ်း၊ အဏဝါဓမ္မာရုံ

29/07/18



#စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ စာအုပ်ဈေးရောင်းပွဲလေး

      စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ အမှတ်တရစာအုပ်ဈေးရောင်းပွဲလေးကို လာမယ့် ဩဂုတ် ၁ (ဗုဒ္ဓဟူးနေ့) ကနေ ဩဂုတ် ၁၃ ရက် (တနင်္လာ) နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 
     နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်က ကြားတောရလမ်း၊ အဏဝါဓမ္မာရုံမှာ နေ့စဉ် ၉းဝဝ နာရီ ကနေ ညနေ ၅း၃၀ ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 
    တစ်ဦးချင််းစာဖတ်ပရိသတ်များကို ၂၀ ရာခိုင်နှုန်း နဲ့ အရောင်းဆိုင်များနဲ့ စာကြည့်တိုက်များအတွက် ၃၅ ရာခိုင်နှုန်း လျှော့ရောင်းပေးမှာ ဖြစ်ပါတယ်။ 
    မိတ်ဆွေဖြစ်စာဖတ်သူ အစီအစဉ်လည်း ခါတိုင်းလိုပဲ ပါဝင်နေမှာပါ။ ဟန်းမိတ်လက်ဆောင်များလည်း စီစဉ်ထားမှာ ဖြစ်ပါတယ်။
   ၁၀၀၀ ဖိုး ၃ အုပ်ကနေ စလို့ ၅၀ ရာခိုင်နှုန်းလျှော့ စာအုပ်များလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
   ဒီပွဲအတွက် အထူးထုတ်စာအုပ်များကိုတော့ ဒီ page မှာ တင်ထားပြီး ဖြစ်ပါတယ်။ 
    ချစ်ခင်လေးစားရပါသော စာပေမိတ်ဆွေများ စာပေချစ်သူများ ကြွရောက်အားပေးကြဖို့ လေးလေးစားစား ဖိတ်ကြားလိုက်ပါတယ်ရှင့်။