Library Image

စာဖတ်သူများ၏စာပေစကားဝိုင်း

21/11/16



စာဖတ်သူ အချင်းချင်း အပတ်စဉ် တွေ့ဆုံကာ စာအုပ် စာပေ အတွေးအမြင် အတွေ့အကြုံများကို ဆွေးနွေး ဖလှယ်နိုင်ကြရန် အဓိက ဦးတည်ချက်ထား ဆောင်ရွက်သွားမည့် အစီအစဉ်များအတွက် စိတ်ပါဝင်စားသူ လူကြီး/လူငယ် (၁၅)ဦး တက်ရောက်ပြီး အောက်ပါအချက်များ ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

အမည် - စာဖတ်သူ စကားဝိုင်း
နေ့ -  တနင်္ဂနွေနေ့တိုင်း
အချိန် -  နေ့လယ် ( ၁:၃၀ )နာရီတိတိမှ ( ၃:၀၀ )နာရီအထိ
နေရာ - ထွန်းတောက်ရောင်ခြည် စာကြည့်တိုက် (အပေါ်ထပ်)

ဆွေးနွေးမည့် ပုံစံ

အပတ်စဉ် အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို အခြေခံ၍ တက်ရောက်သူ တစ်ဦးမှ (မိနစ် ၃၀ ခန့်) ဦးဆောင် ဆွေးနွေးမည်။ ပြီးလျှင် အခြား တက်ရောက်သူများက (၄၅ မိနစ်ခန့်) ဝိုင်းဖွဲ့ ဖြည့်စွက် ဆွေးနွေးကြမည်။ ထို့နောက် နောက်လာမည့် တနင်္ဂနွေနေ့ "စာဖတ်သူ စကားဝိုင်း"အတွက် အကြောင်းအရာ ခေါင်းစဉ်/အစီအစဉ်တို့ကို (၁၅ မိနစ်ခန့်) ဆွေးနွေး ရွေးချယ်မည်။

☆ ၂၇.၁၁.၂၀၁၆ တနင်္ဂနွေနေ့ 

စာဖတ်သူ_စကားဝိုင်း ခေါင်းစဉ်မှာ 

စာဖတ်ခြင်းရဲ့ ကောင်းကျိုးကျေးဇူးများ ဖြစ်ပါသည်။

☆ စိတ်ပါဝင်စားသူများ တက်ရောက် ပါဝင် ဆွေးနွေး နားထောင်နိုင်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

☆ စကားဝိုင်းမှ အကြံပြု ဆွေးနွေး ညှိနှိုင်းမှု ရလာဒ်များကို အခြေခံလျက် သင့်လျော်သော အစီအစဉ်များကိုလည်း ပြုပြင် ဆောင်ရွက်သွားပါမည်။