ဆယ်စုနှစ်ပေါင်းများစွာ
တင်းကျပ်၊
ချုပ်နှောင်၊
ဖျက်စီး၊
နှိပ်ကွပ် ခြင်းတွေရဲ့ အကျိုးဆက်ကတော့
ယနေ့ခေတ် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ စာပေလောကအကြောင်းကို ဆွေးနွေးပြောဆိုကြတဲ့အခါ
မြန်မာဆိုတာ မပါသလောက်ဖြစ်ခဲ့ပါပြီ။
လန်ဒန်စာအုပ်ပွဲတော်၊ ဖရန်ဖက်စာအုပ်ပွဲတော်၊ တိုကျိုစာအုပ်ပွဲတော်၊ နယူးယောက်စာအုပ်ပွဲတော် အစရှိတဲ့ နိုင်ငံတကာစာအုပ်ပွဲတော်ကြီးတွေမှာ စင်ကာပူ၊ ထိုင်း၊ မလေး၊ ဗီယက်နမ်၊ အင်ဒိုနီးရှား အစရှိတဲ့ အရှေ့တောင်အာရှနိုင်ငံက ထုတ်ေ၀သူတွေ စာရေးဆရာတွေ နှစ်စဉ် ပါ၀င်ဆင်နွှဲနေကြပါတယ်။
ကမ္ဘာကျော် စာရေးဆရာတွေရဲ့ စာအုပ်ကို အမေရိကားမှာ ဒီနေ့ထွက်၊ နောက်တစ်ပတ်နေရင် ထိုင်းဘာသာနဲ့ ထိုင်းမှာ ဖတ်လို့ရနေပါပြီ။
ကမ္ဘာအထင်ကရ မဂ္ဂဇင်းတွေအားလုံးလည်း ထိုင်းဘာသာနဲ့ လစဉ်ထုတ်ေ၀လျက်ရှိပါတယ်။
အားလုံးဟာ စနစ်တကျ လည်ပတ် လုပ်ကိုင်နေကြပါတယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ခေတ်ပြိုင်ဘာသာပြန်စာအုပ်တွေကို ဘာသာပြန်ဆိုနိုင်သူဦးရေက လက်ဆယ်ချောင်းတောင်မပြည့်သလို ပင်ကိုယ်ရေး လုံးချင်း၀တၳုတွေကို စဉ်ဆက်မပြတ်ရေးသားထုတ်ေ၀နိုင်သူဦးရေကလည်း ဆယ်ဦးတောင် မပြည့်ပါဘူး။
ပြည်တွင်းကနေ နိုင်ငံတကာကို ထိုးဖောက်ဖို့ မဆိုထားနဲ့ နိုင်ငံတကာမှာ စာအုပ်ကို ဘယ်လို ထုတ်ရတယ်၊ အေးဂျင့်တွေနဲ့ ဘယ်လိုလုပ်ရတယ်၊ အယ်ဒီတာတွေရဲ့ အခန်းကဘယ်လိုရှိတယ်၊ ထုတ်ေ၀သူဆိုတာ ဘယ်လိုမျိုး၊ ဘာသာပြန်မူပို်င်ခွင့်ဆိုတာ ဘာလိုမျိုးဆိုတာတွေကို သိတဲ့သူတွေ နည်းပါသေးတယ်။
ဒါတွေက စိတ်ဓာတ်ကျစရာမဟုတ်ပါဘူး။
အားလုံး ညီညီညွတ်ညွတ် ၀ိုင်းလုပ်ရင် ဖြစ်နိုင်တာပဲ။ ဗီယက်နမ်တို့ အင်ဒိုနီးရှားတို့လည်း ကျွန်တော်တို့လိုပဲ ခေတ်ဆိုး စနစ်ဆိုးအောက်က ရုန်းထခဲ့ရတာပဲ။
ဒါပေမယ့် အချင်းချင်း ဒီကောင်က ဘာမို့လို့လဲတို့၊
သူပါရင် ငါမပါဘူးတို့၊
သူဆင်းရဲမှ ငါချမ်းသာမယ်တို့၊ သူပြုတ်ကျမှ ငါတိုးတက်မယ်တို့ ဆိုတဲ့ စိတ်တွေတော့ ဖြုတ်ချပစ်မှ ရမှာပေါ့။
လာမယ့် သြဂုတ်လ ၂၆ ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ် ၂နာရီမှာ ခေတ်ပြိုင် အရှေ့တောင်အာရှ စာအုပ်သုံးအုပ်ကို ဘာသာပြန်တဲ့ ဆရာတွေနဲ့အတူ ကျွန်တော် သိသလောက် မှတ်သလောက်လေး မျှေ၀ချင်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံက စာရေးဆရာတွေ နိုင်ငံတကာ ဈေးကွက်ထဲကို ဘယ်လိုနည်းနဲ့ ထိုးဖောက်ခဲ့သလဲဆိုတာတွေ၊ အရှေ့တောင်အာရှနိုင်ငံက စာပေဒီရေ အနိမ့်အမြင့်တွေ ပြောချင်ပါတယ်။
စိတ်၀င်စားသူ မည်သူမဆို လာရောက် ဆွေးနွေးနိုင်ပါတယ်။
ဖိတ်ပါတယ်။
Credit : မြေမှူန်လွင်