Library Image

မောင်ချောနွယ် ၁၆နှစ်ပြည့် အမှတ်တရ

02/09/18



မောင်ချောနွယ် ၁၆နှစ်ပြည့် အမှတ်တရ

ညီမလေး မမမြင့်ဆိုတဲ့ နာမည်ဟာ ဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေနဲ့အတူ ရင်းနှီးခဲ့တာ ကြာခဲ့ပါပြီ။
အဲ့ဒီ ညီမလေး မမမြင့်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော်နဲ့တွေ့ခဲ့တယ်။
ဆရာချောကွယ်လွန်ခြင်း ၁၆နှစ်ပြည့် အမှတ်တရပွဲလေး လုပ်ချင်တယ်တဲ့။
ဟာ လုပ်ရမှာပေါ့ ... 
ဆရာချောက ကျွန်တော့်ကျေးဇူးရှင်ပဲဆိုတော့ အန်တီမြင့်က နည်းနည်းကြောင်သွားတယ်။ ဟုတ်လားတဲ့။
ဟုတ်တယ်လေ အန်တီမြင့် ..ဆရာချောက ကျွန်တော်တင် မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးရဲ့ ကျေးဇူးရှင်။ တစ်တိုင်းပြည်လုံးက သူ့လုပ်စာထိုင်စားနေတာလို့ပြောလိုက်တော့ အန်တီမြင့်က ရယ်ပါတယ်။
ဆရာချော အမှတ်တရ ပွဲမှာ ဆန်းဆန်းပြားပြား အစီအစဉ်တွေ မပါပါဘူး။ 
အမှတ်တရ စကားပြောမယ်။ ကဗျာရွတ်မယ်။
ဒါနဲ့နေပါပြီး။
ဆရာချော ကဗျာတွေထက် ဆန်းပြားခမ်းနားတာရော ကျွန်တော်တို့မှာ ဘာရှိလို့လဲ။
ကျေးဇူးရှင်ကြီးကို အတူတူဂုဏ်ပြုကြဖို့ ဖိတ်ခေါ်ပါတယ်။