Library Image

ယောမင်းကြီးဇရပ် (Talk Show) တတိယမြောက် စကားဝိုင်းဆွေးနွေးပွဲ ဆင်းရဲခြင်းလွတ်ကင်းအောင် Poverty in society

07/09/18



ယောမင်းကြီးဇရပ် (Talk Show) 
တတိယမြောက် စကားဝိုင်းဆွေးနွေးပွဲ

ဆင်းရဲခြင်းလွတ်ကင်းအောင် 
Poverty in society

●—————————————

ကုန်းဘောင်ခေတ် စာဆို စလေ ဦးပုညက "ရေရွက်လို့ရောင်း၊ ဝမ်းကို ကျောင်း ရတယ်၊ ခေါင်းကျိန်းလို့ ယိခဲ့ပြီ၊ ပဲစိ တဝက်၊ ပြောင်း တဝက်နှင့် ဆန်ပြက် သိကာ၊ ပါကောင်းလို့ ပါတော့တယ်။ ဟင်းလျာက ပီလော၊ လည်ချောင်း မြေလှန်၊ ဂလုံဆန် အောင်၊ စုံကန်လို့ မေှျာရတယ်" ဟူ၍ ဆင်းရဲသူတို့ အကြောင်း "ရေသည်ပြဇာတ်" ရေးခဲ့ဖူးသည်။ ဝန်ကြီး ပဒေသရာဇာက "နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊ သမီးနှင့်သား၊ များလို့ မဝင်သာ၊ ဒူးတဖက်သာ၊ တွန်းကာ ဖယ်လျက်၊ သူ့ထက် ငါလေ၊ စားတော့မည်ဝေ၊ စပေသာလှ အုန်းခွက်ကယ်နှင့်လေး" ဟူ၍ ထန်းတက်သမားဖွဲ့ တျာချင်း ရေးခဲ့သည်။ ဆရာမောင်ထင်က လူမွဲ လယ်သမားတို့ အကြောင်းကို "ငဘ" ဟူ၍ စာဖွဲ့ဖူးသည်။ ဆရာမ နုနုရည် (အင်းဝ) က "ထဘီလေး တထည်" ဟူ၍ လူဆင်းရဲ မိန်းကလေး တဦးအကြောင်း ဝတ္ထုရေးဖူးသည်။ ခေတ်အဆက်ဆက်တွင် လူဆင်းရဲတို့က ရှိမြဲ၊ ဆင်းရဲတွင်း နက်မြဲ ဖြစ်နေသည်။

■ ဆင်းရဲမွုဟူသည်မှာ အဘယ်နည်း

ယေဘုယျ ဆိုရသော် " အရေးကြီးလှသည့် ဘဝဆိုင်ရာ ဆုံးဖြတ်ချက်အများအပြားတွင် ရွေးချယ်ခွင့်များ ကင်းမဲ့နေခြင်း ဖြစ်သည်။ လူတဦး လိုလား အပ်သည့်၊ ဖြစ်ချင်သည့် ကိစ္စ အထွေထွေ အတွက် လွတ်လပ်ခွင့် ကင်းမဲ့နေခြင်း" ဟု ဆိုကြပါသည်။ ဆင်းရဲသူများတွင် အခြေခံ လိုအပ်ချက်များ မဖူလုံကြ၊ မကြာခဏ ဖျားနာသည်။ စောစီးစွာ သေဆုံးနိုင်သည်။ စိတ်ဓာတ် ပျက်ပြားစရာများ ရှိနေသည်။ စာတတ်မြောက်မွုနှင့် ပညာရေး အကန့် အသတ်များကြောင့် သူကိုယ်တိုင်က မစွမ်းနိုင်၊ သူ၏ ကမ္ဘာကိုလည်း နားမလည်နိုင်၊ ကျေနပ်သည့် လုပ်ငန်းခွင်မှာ မပျော်နိုင်၊ ပိုဆိုးသည်မှာ အန္တရာယ်ပြွမ်းသည့် အလုပ်များ လုပ်ကိုင်နေရသည်။ ဂုဏ်သိက္ခာနှင့် အခြားသူများထံမှ လေးစားမွုလည်း ကင်းမဲ့နေရသည်။ နောက်ဆုံးရပ်ရွာမှ ဖယ်ကျဉ် ထားခံရပြန်သည်။

အချို့ ဘာသာတရားများက ဆင်းရဲမွုကို ကံ၊ ကံ၏အကျိုး၏ မြင်ကြသည်။ လူ တဦးချင်းစီ၏ တာဝန်ဟုမြင်သည်။

အချို့ကတော့ ဆင်းရဲမွုသည် မမှျတသည့် စနစ်၏ ရလဒ်ဟု မြင်ကြသည်။ ယင်းစနစ်က လူအချို့ကို အခွင့်ထူးခံ ရစေပြီး၊ လူအချို့ကို အကန့်အသတ်များနေစေသည်။

အချို့ကတော့ ဆင်းရဲမွုသည် လူသားတိုင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ငြင်းပယ် ခံနေရခြင်းဟု မြင်ကြသည်။ ယင်း ဖြစ်ရပ်အတွက် စုပေါင်းဆောင်ရွက်မွု လိုအပ်သည်ဟု မြင်ကြသည်။

အချို ့နိုင်ငံရေး ခေါင်းဆောင်များကတော့ ဆင်းရဲမွုသည် လူမွု တည်ငြိမ်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်အတွက် ရန်သူဟု မြင်ကြသည်။

အချို့ စီးပွားရေး ပညာရှင်များကတော့ ဆင်းရဲမွုသည် လူဦးရေ၏ အချို့အစိတ်အပိုင်းကို သူတို့ စွမ်းဆောင်နိုင်ရည်ထက် သိသာစွာ နိမ့်ကျစေသော ပြုန်းတီးမွုနှင့် မထိရောက်၊ မထက်မြက်မွုဟု မြင်ကြသည်။

အချို့သော စီးပွားရေး လုပ်ငန်းရှင်များကတော့ ဆင်းရဲမွုကို လူမွု ပိရမစ်တြိဂံ၏ အနိမ့်ဆုံး အောက်ခြေတွင် ရှိနေသော "မတို့ မထိရသေးသော စျေးကွက်ကြီး" ဟု မြင်ကြပြန်သည်။

ယခုတပတ် ယောမင်းကြီး စကားဝိုင်းတွင် ဆင်းရဲမွဲတေမွု နှင့် လွတ်မြောက်ရာ အကြောင်းအချက်များကို ဆွေးနွေး ပြောဆိုကြပါမည်။

● နေ့ရက် - စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၈ ခုနှစ် (တနင်္ဂနွေ)
● အချိန် - နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ
● နေရာ - နိုဗိုတယ်ဟိုတယ်၊ ပြည်လမ်း၊ ရန်ကုန်။

((( သတိပြုရန် )))

တက်ရောက်လိုသူများအနေဖြင့် 
ဖုန်း - ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊ ဝ၉ ၅၁၈၈ ရ၀၉ များသို့ 
ရုံးချိန်အတွင်း ဆက်သွယ်၍ လည်းကောင်း၊ 
အီးမေးလ် - mediaprojectmanager@ispmyanmar.com, info@ispmyanmar.com သို့ အမည်စာရင်းပေးပို့၍ လည်းကောင်း၊
ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။

စာရင်းပေးသွင်းသူများထံ တဦးချင်းစီအလိုက် အတည်ပြု code number များ ပြန်လည်ပေးပို့ပေးပါမည်။ ဆွေးနွေးပွဲနေ့တွင် အဆိုပါ code number အမှတ်စဉ်အတိုင်း ထိုင်ခုံနေရာ စီစဉ်ထားပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

■ ယောမင်းကြီးဇရပ်ဟူသည်

ယောမင်းကြီးဇရပ် စကား၀ိုင်း ဆွေးနွေးပွဲသည် မြန်မာ့ မဟာဗျူဟာနှင့် မူ၀ါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ အစီအစဉ်သစ်တခု ဖြစ်ပါသည်။ ထိုအစီအစဉ်ကို လစဉ် ပြုလုပ်သွားမည်ဖြစ်ပြီး DVB ရုပ်သံလိုင်းမှတဆင့် အပတ်စဉ် တင်ဆက်သွားပါမည်။

ယောမင်းကြီး ဇရပ် စကား၀ိုင်းဆွေးနွေးပွဲ (Talk Show) သည် အခြားသော ဆွေးနွေးပွဲ ဖိုရမ်များနှင့် မတူ ခြားနားချက်မှာ လတ်တလော ကြုံတွေ့ နေရသည့် နိုင်ငံရေး၊ လူမွုရေး၊ စီးပွားရေး ပြဿနာ များကို ဆွေးနွေးမည် မဟုတ်ဘဲ ရေရှည် သဘော ဆောင်သည့် အကြောင်းအရာများ၊ အလယ်အလတ် ကာလ သဘောဆောင်သည့် အကြောင်းခြင်းရာ များကို ဆန်းစစ် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

ယင်းအစီအစဉ်တွင် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ ပညာရှင်များ၊ လက်တွေ့ အားထုုတ် ဆောင်ရွက်နေကြသူများကို ဖိတ်ကြား၍၊ မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမွု၊ ဓလေ့ထုံးတမ်း၊ တန်ဖိုးထားမွုများနှင့် ပြဿနာများကို ဆန်းစစ်သုံးသပ်ကြမည်ဖြစ်သည်။ ထို့အတူ အနာဂတ်သစ်ကို ပုံဖော်နိုင်ရေး ေ၀ဖန် ပြောဆိုကြပါမည်။ ရေှ့တူရူနိုင်မည့် မေှျာ်မြင်ချက် လားရာများကိုလည်း ဆွေးနွေးကြပါမည်။ ဆွေးနွေး မွုများသည် နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ၀ိသေသနှင့် စိတ်ဓာတ် တည်ဆောက်ရေး၊ လူမွု အဖွဲ့အစည်း အားကောင်း ခိုင်မာရေးတို့အတွက် တတပ်တအား ဖြစ်စေရန် ရည်ရွယ်ပါသည်။

ယောမင်းကြီးဇရပ် စကား၀ိုင်း ဆွေးနွေးပွဲ၏ ပွဲဦးထွက် စကား၀ိုင်းကို “အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀” (Myanmar 2050) ခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ဒုတိယမြောက် စကား၀ိုင်း ဆွေးနွေးပွဲကို သြဂုတ် ၁၂ ရက်က " အကျပ်အတည်းအတွင်းမှ ခေါင်းဆောင်မွု - အိပ်ရင်းမတ်တတ် လမ်းလေှျာက်နေခြင်းလော၊ 
မဟာဗျူဟာမြောက် စွန့်ဦးတီထွင် ခေါင်းဆောင်သူလော" (Sleep-walker or Strategic Entrepreneur : Leadership in Times of Crisis) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။

■ ယောမင်းကြီးဇရပ်ဟု အဘယ့်ကြောင့် အမည်ပေးရပါသနည်း

ယောမင်းကြီး ဦးဘိုးလွိုင် (၁၈၃၀ - ၁၈၈၃) သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ပညာကျော် အမတ်တဦး ဖြစ်ပါသည်။ ဉာဏ်ပညာ ထက်မြက်သည့်အပြင် ဘုရင်ကိုလည်း ဟုတ်တိုင်း မှန်ရာ အရှိကို အရှိအတိုင်း တင်လေှျာက်သည့် အတွက် အကြိမ်ကြိမ် မင်းမျက်သင့်ခံရသူ ပညာရှိလည်း ဖြစ်ပါသည်။ ရတနာပုံခေတ် ပြုပြင်ပြောင်းလဲရေးကာလကို ဦးဆောင်ခဲ့သော မှူးမတ်တဦး ဖြစ်ပြီး “ရာဇဓမ္မ သင်္ဂဟကျမ်း” ကဲ့သို့သော အစောပိုင်း မြန်မာ့ အုပ်ချုပ်ရေးပညာ ကျမ်းမျိုးကိုလည်း ပြုစုခဲ့ သူဖြစ်ပါသည်။ ယခု အစီအစဉ်၌ ယောမင်းကြီးဟု ဂုဏ်ပြုရခြင်းမှာ ဦးဘိုးလွိုင်သည် -

(၁) အာဏာရှိသူကို ဟုတ်တိုင်းမှန်ရာ မထောက်မညှာ ပြောဆိုရဲသော 
သတ္တိရှိသူ
(၂) ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ရည် ထက်မြက်သူ
(၃)ေ ခတ်ပြင််အမြင် စူးရှမွုရှိသူ ဖြစ်သောကြောင့် ဖြစ်ပါသည်။

“ဇရပ်”ဟူသည်မှာ လူအများတို့ လက်ဖက်ရည်ကြမ်း၀ိုင်းထိုင် ဒူးတိုက် ဆွေးနွေးရာ နေရာ၊ အရေးအကြောင်း ရှိပါက စုေ၀း တိုင်ပင်နှီးနေှာကြရာ နေရာ ဖြစ်ပြီး အများပြည်သူ ပါ၀င်နိုင်မွုကိုလည်း ဖော်ညွွန်းသောကြောင့် ဖြစ်ပါသည်။

■ ISP Myanmar အကြောင်း

မြန်မာ့ မဟာဗျူဟာနှင့် မူ၀ါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲ ကင်းသည့် အစိုးရ မဟုတ်သော သုတေသန အဖွဲ့ ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မွု အားကောင်းပြီး သည်းခံစိတ် ကြီးမားသော လူအဖွဲ့အစည်းတရပ် အဖြစ် ပေါ်ထွန်း လာစေရေး ဖြစ်သည်။ ထို့အတူ အစိုးရသည်လည်း တာ၀န်ယူမွု၊ တာ၀န်ခံမွု ရှိသည့် အပြင် ပြည်သူအားလုံး ပါ၀င်မွုကို လမ်းဖွင့်ပေးသော အစိုးရတရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။

ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီ ကျသော ခေါင်းဆောင်မွုကို မြှင့်တင် အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများ ပါ၀င်ဆောင်ရွက်မွု အားကောင်းစေရန် ဖြစ်သည်။ ISP Myanmar အနေဖြင့် အစီအစဉ် သုံးရပ်ကို ဆောင်ရွက်နေပြီး ယင်းတို့မှာ -

(၁) မူ၀ါဒဦးတည်သည့် သုတေသနလုပ်ငန်းများ၊
(၂) သုတေသန အရည်အသွေး မြှင့်တင်ရေး သင် တန်းများနှင့် ခေါင်းဆောင်အဆင့် ဆွေးနွေး ထိစပ်ခြင်း၊ 
(၃) မီဒီယာကြားခံပေါင်းစုံဖြင့် ဆက်ဆံဆက်သွယ် ရေးနှင့် ပြင်ပဆက်ဆံရေး လုပ်ငန်းများဖြစ်ကြ သည်။

ISP Myanmar သည် မြန်မာ့ မဟာဗျူဟာ နှင့် မူ၀ါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) ကို ထုတ်ေ၀နေပြီး ရေးသူ ဖတ်သူ ဆွေးနွေးပွဲပုံစံဖြစ်သော Myanmar Quarterly Symposium ကိုလည်း ပြုလုပ်လျက် ရှိပါသည်။