Library Image

ဗဂျီအိမ်မှကလေးများအတွက်စာအုပ်ဆိုင်ဖွင့်ပြီး Save the Library App တွင်စာကြည့်တိုက်များစာရင်းထည့်သွင်းပေးမှုအစီအစဉ်ပြုလုပ်မည် ဒီဇင်ဘာ ၁ မှ ၄ ရက်နေ့ထိ

23/11/16



Save the Library App
Android App Download Link - https://goo.gl/sfch7e
ဒေါင်းကြည့်ပြီးစိတ်ဝင်စားပါက မိမိတို့စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကိုSave the Library App ထဲတွင်ထည့်သွင်းနိုင်ရန် အောက်ပါအတိုင်း ပေးပို့ပေးစေလိုပါသည်

၁။ပြည်နယ်(သို့)တိုင်းဒေသကြီး

၂။မြို့နယ်အမည်

၃။ကျေးရွာအုပ်စု

၄။ကျေးရွာအမည်/ရပ်ကွက် အိမ်နံပတ် လမ်းနာမည် 

၅။စာကြည့်တိုက်အမည်

၆။ဆက်သွယ်ရန်အတွက် နာမည် ဖုန်းနံပတ် Email , Facebook 

၇။ဘယ်တုန်းကစတည်ထောင်သည် လက်ရှိဆောင်ရွက်ချက် နောက်လုပ်မည့်အစီအစဉ် အကျဉ်း

၈။စာကြည့်တိုက်ဓာတ်ပုံ

၉။တည်နေရာဖော်ပြရန်အတွက် Google Map ကနေ့ စာကြည့်တိုက်နေရာကိုထောက်ပြီး လာဒ်တီကျူ  လောင်တီကျူ  ပေးပို့နိုင်ပါက တိကျစွာရှာလို့ပိုအဆင်ပြေမည် မပို့တတ်ပါကလည်း ခန့်မှန်းရှာနိုင်ပါသည် နောက်မှထပ်ဖြည့်လည်းရပါသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များစာရင်းနဲ့နေရာ ကိုရှာဖွေရလွယ်ကူစေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ကူညီပေးစေလိုပါသည်။

စာကြည့်တိုက်အချက်အလက်များကို Save the Library Massage Box ထဲသို့ ပို့ပေးစေလိုပါသည်။

https://m.facebook.com/savethelibraryinmyanmar/

စုံစမ်းမေးမြန်းလိုပါက
ကိုမောင်မောင်စိုး-09795969686သို့ဆက်သွယ်နိုင်ပါသည်။