Library Image

ပညာ့ဗိမာန်စာကြည့်တိုက်အား အလှူရှင်များနှင့်ကျောင်းသားဟောင်းများမှ အဆင့်မြှင့် မွမ်းမံခြင်းနှင့် စာအုပ်များ၊ စာအုပ်စင်များ လှူဒါန်းခြင်းအခမ်းအနား

12/11/18



သို့
စာအုပ်တိုက်များ/စာအုပ်ထုတ်ဝေသူများ

လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာ့ဗိမာန်စာကြည့်တိုက်အား အလှူရှင်များနှင့်ကျောင်းသားဟောင်းများမှ အဆင့်မြှင့် မွမ်းမံခြင်းနှင့် စာအုပ်များ၊ စာအုပ်စင်များ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအခမ်းအနားတွင် ကျောင်းသား/သူများအတွက် စာဆိုတော်နေ့အကြို အသိပညာပေးဟောပြောပွဲများထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသူများအား စာကြည့်တိုက်ဖွွံ့ဖြိုးရေး ကော်မတီမှ စာအုပ်တစ်အုပ်စီ စတုဒီသာ လှူဒါန်းပေးမည်ဖြစ်ပြီး စာအုပ်တိုက် (၂ဝ)မှလည်း စာအုပ်များကို ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ကျင်းပမည့်နေရာ - အ.ထ.က(၁) လမ်းမတော် (St. John)
အခမ်းအနားကျင်းပမည့်အချိန် - နံနက် ၉:ဝဝ နာရီ
ကျင်းပမည့်နေ့ရက် - ရ.၁၂.၂ဝ၁၈ (သောကြာနေ့)
စာအုပ်စတုဒီသာအချိန် - နံနက် ၉:ဝဝ နာရီ - ညနေ ၄:ဝဝ နာရီ
စာအုပ်ဆိုင်များရောင်းချမည့်အချိန် - နံနက် ၉:ဝဝ နာရီ - ညနေ ၄:ဝဝ နာရီ
ပညာပေး ဟောပြောပေးမည့်သူများ
  (၁) အ.ထ.က (၁) လမ်းမတော် အငြိမ်းစားဆရာမကြီး ဒေါ်ခင်ထွေးထွေး (နေနွယ်ဇင်မြင့်)
  (၂) အ.ထ.က (၁) လမ်းမတော် ကျောင်းသားဟောင်း ဒေါက်တာရဲမြင့်ကျော် (လင်္ကာရည်ကျော်)

စာအုပ်စျေးရောင်းပွဲတွင်ပါဝင်ရောင်းချလိုသော စာအုပ်တိုက်များ/စာအုပ်ထုတ်ဝေသူများအတွက်
နောက်ဆုံးစာရင်းပေးသွင်းရမည့်နေ့ရက် - ၁၇.၁၁.၂ဝ၁၈
(၁၇.၁၁.၂ဝ၁၈ ရက်နောက်ပိုင်းမှ လာရောက်စာရင်းပေးသွင်းသော စာအုပ်တိုက်များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ပညာ့ဗိမာန်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စာအုပ်တိုက်များအား ရွေးချယ်အတည်ပြုပါမည်။)

ဆိုင်ခန်းအရေအတွက် -၂ဝ
ဆိုင်ခန်းအကျယ် - ၉ပေ x ၂.၅ပေ ( ၃ပေ x ၂.၅ပေ စာပွဲ ၃လုံးခင်းနိုင်သည် (သို့) ၄ပေ x ၂.၅ပေ စားပွဲ ၂လုံးခင်းနိုင်သည်။)
စာအုပ်စျေးရောင်းပွဲအတွက် အခကြေးငွေကောက်ခံမည်မဟုတ်ပါ။
ရောင်းချသင့်သောစာအုပ်များမှာ ကလေးစာပေများ၊ ကျောင်းသင်ခန်းစာနှင့်သက်ဆိုင်သောစာအုပ်များဖြစ်ပါသည်။

စာအုပ်စျေးရောင်းပွဲတွင်ပါဝင်ရောင်းချလိုသော စာအုပ်တိုက်များ/စာအုပ်ထုတ်ဝေသူများအနေဖြင့် Public Librarians Support Group မှဦးဆောင်ကျင်းပသော စာအုပ်စတုဒီသာအစီအစဉ်တွင် စာအုပ်များ ပါဝင်လှူဒါန်းပေးရမည်။ ပါဝင်လှူဒါန်းမည့် စာအုပ်များနှင့် စာအုပ်အရေအတွက် ခန့်မှန်းတန်ဖိုးကို ၂ဝ.၁၁.၂ဝ၁၈ နောက်ဆုံးထား၍ ဝ၉-၇၈၅၁ဝ၅၁၉၄ ၊ ဝ၉-၅၁ဝ၅၁၉၄ သို့ ဆက်သွယ်
အကြောင်းကြားပေးရပါမည်။
 ၂၃.၁၁.၂ဝ၁၈ မှ ၂၈.၁၁.၂ဝ၁၈ အတွင်းလှူဒါန်းမည့် စာအုပ်များကို လာရောက်ကောက်ခံသွားပါမည်။
(စာအုပ်စတုဒီသာပွဲတွင် စာအုပ်တစ်အုပ်ထုတ်ယူနိုင်သော လက်မှတ် ၂ဝဝဝ ကိုကျောင်းသား/သူများ၊ ဆရာ/မများ၊ ကျောင်းသား/သူဟောင်းများ၊ အခမ်းအနားတက်ရောက်မည့်သူများနှင့် လမ်းမတော်မြို့နယ် အတွင်းရှိ စာပေချစ်သူများကို ကြိုတင်ဝေငှသွားမည်ဖြစ်ပါသည်။)

စာအုပ်ရောင်းချသူများလိုက်နာရမည့်စည်းကမ်းများ
- စာအုပ်များကို အထူးစျေးနွုန်းများဖြင့် ရောင်းချပေးရမည်။
- သံမရိုက်ရ၊ တိတ်မကပ်ရ၊ ဗီနိုင်းများကို ကြိုးဖြင့်ချိတ်နိုင်သည်။
- နံနက် ရ:ဝဝ နာရီတွင် ပစ္စည်းများကို စတင်ဝင်ရောက်ခင်းကျင်းနိုင်ပါသည်။
- နံနက် ၈:၃ဝ နာရီတွင် ပစ္စည်းများကို အပြီးခင်းပေးရပါမည်။
- ညနေ ၅:ဝဝ နာရီတွင် ပစ္စည်းများကိုအပြီးသိမ်းပေးရပါမည်။