Library Image

အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ၁၄.၁၂.၂၀၁၈ ရက်နေ့မှ ၁၆.၁၂.၂၀၁၈ ရက်နေ့အထိ ''ကြည်နူးရွှင်ပျော်ကလေးစာကြည့်တိုက်ပွဲတော်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်'' ကိုကျင်းပပြုလုပ်သွားမည်

13/12/18



 အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ၁၄.၁၂.၂၀၁၈ ရက်နေ့မှ ၁၆.၁၂.၂၀၁၈ ရက်နေ့အထိ ''ကြည်နူးရွှင်ပျော်ကလေးစာကြည့်တိုက်ပွဲတော်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်'' ကိုကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
# အဆိုပါပွဲတော်တွင် အခြေခံပညာကျောင်းများ ကို်ယ်ပိုင်ကျောင်းများနှင့် အခြားကျောင်းများကိုဖိတ်ခေါ်၍ ကာတွန်းပညာရှင်များက ကလေးများအတွက်သိမှှတ်ဖွယ်ရာများကိုဟောပြောခြင်း အမှတ်တရ ကာတွန်းရေးဆွဲပေးခြင်း အမျိုးသားစာကြည့်တိုက် နေပြည်တော် သပြေကလေးသူငယ်ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှုအဖွဲ့ Gakken အဖွဲ့တို့ ပူးပေါင်း၍ ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များ ဉာဏ်စမ်းအစီအစဉ်များ ပုံပြင်ပြောခြင်းအစီအစဉ်များ ကလေးများအတွက် လက်မှုပညာအစီအစဉ်များ အမှတ်တရဓာတ်ပုံရိုက်ကူးရန်နေရာများ စသည်တို့ ပါဝင်မည်ဖြစ်ပါသည်။
# ထို့ပြင်အမှတ်တရဈေးရောင်းပွဲတော်တွင်လည်း စာပေချစ်မြတ်နိုးသူများအတွက် စာအုပ်ဆိုင်များ မြန်မာအစားအစာများ အမှတ်တရပစ္စည်းများ အဝတ်အထည်များ စသည်တို့ကို ရောင်းချပေးသွားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာကို ဝယ်ယူစားသောက်နိုင်ရန်အတွက် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။
# ကြည်နူးရွှင်ပျော်ကလေးစာကြည့်တိုက်ပွဲတော်နှင့် အမှတ်တရဈေးရောင်းပွဲတော်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

# ပျော်ပျော်ရွှင်ရွှင်ဖြင့် မည်သူမဆိုပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်