Library Image

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားကို နေပြည်တော်၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပသွားမည်

20/12/18



စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပသွားမည်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဒီဇင်ဘာ ၁၅

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနား ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများနှင့် ပတ်သက် ၍ မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရေှးဦးစွာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေ ဖြင့် ပြည်သူတိုင်း စာပေဖတ်ရှု လေ့လာသည့် အလေ့အထ ပိုမိုကျယ်ပြန့် တိုးတက် လာစေရန်အတွက် နို်င်ငံတစ်ဝန်းလုံးတွင် ကလေးစာပေပွဲတော်များ၊ လူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်များ၊ စာအုပ်စျေးရောင်းပွဲတော်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

နေပြည်တော်တွင် ကျင်းပမည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်း အနား၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရွုသည့် အလေ့အထ ကောင်းများ ပိုမိုတိုးတက် လာစေရေးအတွက် အားပေး လွုံ့ဆော်ရန် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လှုပ်ရှားမှုများကို  နိုင်ငံအနှံ့တွင် ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ရည်ရွယ်ပါကြောင်း။   

အဆိုပါ လှုပ်ရှားမှုအခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက်များအနက် ဆန်းသစ်တီထွင်မွု အကောင်းဆုံး စာကြည့်တိုက် ၂၀ ကို ဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းစာကြည့် တိုက်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ၅ ခု၊ စာတမ်း ၃ စောင်ကို ဖတ်ကြားရှင်းလင်း သွားမည်ဖြစ်ပြီး ပြခန်း ၂၆ ခန်း ပြသရန် လျာထားပါကြောင်း၊ ထို့ပြင် စာအုပ်စျေး ရောင်းပွဲတော်များကိုလည်း ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး လှုပ်ရှားမှုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မီဒီယာများက ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွွန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွွန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွွန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွွန်ကြားရေးမှူး ဒေါ်မြဦးနှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွွန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်တို့က စာတတ် သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ဌာနအလိုက် ပါဝင်ပြသ သွားမည့် ပြခန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။ 

စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနား၌ ပါ၀င်ပြသမည့် ပြန်ကြား ရေးဝန်ကြီးဌာန ပြခန်းများတွင် မြန်မာ့အသံရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွွင့် ခဲ့သည့် ပြည်သူ အသိပညာပေး အစီအစဉ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ပြည်သူ အသိပညာပေး လုပ်ငန်းများ၊ ယခင်ပြန်ကြားရေးနှင့် အသံလွွင့်ဌာနခွဲ အနေဖြင့် တာ၀န်ယူစဉ် စက်ဘီးနယ်လှည့် စာကြည့်တိုက် ဆောင် ရွက်ခဲ့မွု၊ ယခင် ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းပြန်ကြားရေး ရိုက်ကူးခဲ့သည့် မှတ်တမ်းများ၊ စက်ပစ္စည်းများ၊ ထင်ရှားကျော်ကြားသည့် စာရေးဆရာကြီးများ၏ ဓာတ်ပုံများ၊ ထုတ်ဝေ ခဲ့ပြီးသော စာအုပ်စာစောင်များ၊ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ မှ နို၀င်ဘာလအထိ ထုတ်ေ၀ ခဲ့သော စာအုပ် ၃၀၀၀ ကျော်ကို လည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ၁၉၄ရ ခုနှစ်မှ စတင်ကာ စာပေဗိမာန်က ထုတ်ဝေခဲ့သည့် စာအုပ်များကို နှစ်အလိုက် ပြသ မည်ဖြစ်ကာ အထူးသဖြင့် ရှားပါး စာအုပ်များကို အလေးထားပြ သွားမည်ဖြစ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည့် လူထုအလင်းစာစဉ်၊ လူထုအိတ် ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ်၊ လူထု သိပ္ပံ စာ စဉ်၊လူထုသိပ္ပံကျမ်းတွဲများ၊ ၁၉၅၁ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် စာပေဗိမာန် မဂ္ဂဇင်း များနှင့်၁၉၅၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ တွဲ ၊၁၉၆၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဝေါဟာရ ဘဏ် စာအုပ် ၂ တွဲနှင့် အတူ ရေှးစာရေး ဆရာ ကြီးများရေးသားခဲ့သည့် ရှားပါးပြည်သူ့လက်စွဲစာစဉ်များ၊ ယခင်က စာပေဗိမာန်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးတွဲပြီး ကျောင်းသုံး ဖတ်စာစာအုပ်များကို ပြုစုထုတ် ဝေခဲ့သည့်အတွက် ယခင် ကျောင်းသုံးဖတ်စာ စာအုပ်များ၊ စာပေဗိမာန်က ကြီးမှူး၍ စာတမ်း ဖတ်ပွဲ ၂၄ ကြိမ် ကျင်းပခဲ့ပြီး အဆိုစာ တမ်းဖတ်ပွဲများမှ စာတမ်းများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည့် စာတမ်းဖတ်ပွဲ စာ အုပ်များ ၊ စာပေဗိမာန်မှ ထုတ်ဝေ ခဲ့သည့် စာအုပ်များ ၊ စာပေဗိမာန်မှ ယခုအချိန်အထိ အဓိက ထုတ်ဝေနေသည့် ရွွေသွေး ဂျာနယ်၊ သုတပဒေသာစာစောင်၊ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များထဲမှ ရေှးဦးထွက် ရှိထားသည့် စာအုပ်စာစောင်များကို လည်းကောင်း ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ အမျိုးသားစာကြည့် တိုက်ပြခန်းများတွင် ပေစာ ၅ မျိုး၊ ပေထုပ်အကြောင်း၊ ပေပင်နှင့် ပေရွက်များ အကြောင်း၊ ပုရပိုက်များ၊ ပေစာရေးသားရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ပုရပိုက်များ ထိန်းသိမ်းထား သည့် စာတိုက်သေတ္တာများ၊ မင်ကူးထားသည့် ကျောက်စာများ ၊ မြန်မာနိုင်ငံ အကြောင်း ရေးသားထားသည့် စာအုပ် ၉၄ အုပ်၊ မြန်မာအက္ခရာ ပြောင်း လဲ လာပုံ၊ လက်တွေ့ပေစာရေးသားပုံ၊ စာစည်းရိုးနှင့် စာပုလွေ ရက်လုပ်ပုံ အဆင့် ဆင့် တို့ကို လည်းကောင်း၊ အမျိုးသားပြတိုက်ပြခန်းများတွင် ကျောက်စာမူရင်းနှင့် ရွွေပေလွွာများ၊ အလောင်းမင်းတရား၏ ရွွေပေလွွာ ဗွီဒီယိုမှတ်တမ်းနှင့် ခေတ် အဆက်ဆက်စာပေနှင့် သက်ဆိုင်သည့် ပြသပစ္စည်းများစွာကို ပါဝင်ပြသသွား မည်ဖြစ် ကြောင်း သိရသည်။

အခြေခံပညာ ဦးစီးဌာနပြခန်းများတွင် ကလေးမိတ်ဆွေ စာကြည့်တိုက်ပုံစံနှင့် ကလေးများအတွက် ရည်ရွယ်သည့် လွုပ်ရှားမွုများ၊ အခင်းအကျင်းများနှင့် ကလေး စာကြည့်တိုက်အတွင်း လွုပ်ရှားဆောင်ရွက် နေသည့် လုပ်ငန်းများကို ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနပြခန်းများတွင် မော်ကွန်း-မှတ် တမ်း အထောက်အထားများနှင့် ထိန်းသိမ်းနည်းများကို ပြသသွားမည်ဖြစ်ပြီး မော်ကွန်း-မှတ်တမ်း ပြသခြင်း အပိုင်းတွင် စစ်သူကြီး မဟာဗန္ဓုလပေစာ(၁၈၂၄)၊ ရန္တပိုစာချုပ် (၁၈၂၆)၊ မင်းတုန်းမင်းစာခွေ(၁၈၅၅)၊ နန်းတွင်း အရေးတော်ပုံစာတွဲ (၁၈၆၆)၊ ပြင်သစ်နှင့် မြန်မာဘုရင်တို့ ချုပ်ဆိုသော စာချုပ်(၁၈၈၃)၊ ၁၈၈၅ ခုနှစ် ဧပြီ ၄ ရက်တွင် ရောမမြို့၌ ချုပ်ဆိုကြသည့် မဟာမိတ်စာချုပ်၊ အတွင်းဝန်လေှသင်းဝန် စလေမြို့စားမင်း၊ လင်းပင်မင်းသား၏ လက်ရေးမူနှင့် လက်မှတ်၊ ကင်းဝန်မင်းကြီး လက်မှတ်များ၊ ဗြိတိသှျခေတ် မြန်မာနိုင်ငံတော် ပြန်တမ်း(၁၈၈၆)၊ သီပေါမင်းလက်ထက်တွင် ဘဏ္ဍာ တော်အဖြစ် အသိမ်းခံရသည့် မြောက်ရွွေရေး မိဖုရား၏ လက်ဝတ်ရတနာ ပိုင်ဆိုင်မွု စာရင်း(၁၈၈၆)၊ ပတ္တမြားငမောက် စာတွဲ(၁၈၈၇)၊ ဗမာ့လွတ်လပ်ရေးကြေညာ စာတမ်း (၁-၈-၁၉၄၃)၊ ဂျပန်ခေတ် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း(၁၉၄၄)၊ အောင်ဆန်း-အက်တလီ စာချုပ်(၁၉၄၇)၊ ပင်လုံစာချုပ်(၁၉၄၇)၊ ဦးအောင်ဆန်း စတင်ခေါင်းဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ စာရင်း၊ မြန်မာ နိုင်ငံတော် တိုင်းပြုပြည်ပြု လွွတ်တော်ညီလာခံများ၏ စာတွဲ ၁- အစည်းအဝေး အမှတ်-၁(၁၉၄၇)၊ နု-အက်တလီစာချုပ်(၁၉၄၇)၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇)၊ လွတ်လပ်ရေး ကြေညာစာတမ်း(၁၉၄၈)၊ ပြည်တော်သာ စီမံကိန်း(၁၉၅၄)၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(၁၉၇၄)၊ ရှမ်းပုရပိုက်ဖြူ (၅)ဆူ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မွု ရပ်စဲရေး သဘောတူစာချုပ်(၂၀၁၅)၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) နှင့် ယင်းစာချုပ်၏ နောက်ဆက်တွဲ (က)(ခ)(ဂ)နှင့် (ဃ)တို့ ပါဝင်သော စာချုပ် (၂၀၁၇)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် မွန်ပြည် သစ် ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မွု ရပ်စဲရေးသဘောတူ စာချုပ်(၂၀၁၈) စသည်တို့ကို ခင်းကျင်းပြသ သွားမည်ဖြစ်သည်။

မော်ကွန်းမှတ်တမ်း အထောက်အထားများနှင့် ရေှးဟောင်းစာပေများ ထိန်းသိမ်း နည်း ပြသခြင်းတွင် မိုက်ကရိုဖလင်ဖြင့် ထိန်းသိမ်းခြင်းနည်းပညာ (မိုက်ကရိုဖလင် Scanner တစ်လုံး)၊ မိုက်ကရိုဖလင်မှ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသိမ်းဆည်း ခြင်း နည်းပညာ(Portable Scanner နှစ်လုံး)၊ Database System မှ မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားသော အကြောင်းအရာများ ရှာဖွေခြင်း (PC ၅ လုံး)နှင့် Paper Conservation Process များကို ပါဝင်ပြသသွားမည်ဖြစ်သည်။ 

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နှင့် ၂၁ ရက် တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသ သွားမည်ဖြစ်ပြီး စိတ်ပါ၀င်စားသူ မည်သူမဆို လာရောက်လေ့လာ နိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)