Library Image

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စာတတ်သူတိုင်း စာဖတ်ရေး လွုပ်​ရှားမွု အခမ်းအနား တက်ရောက် အဖွင့်အမှာစကားပြောကြား နေပြည်တော် ဒီဇင်ဘာ ၂ဝ

21/12/18



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
စာတတ်သူတိုင်း စာဖတ်ရေး လွုပ်​ရှားမွု အခမ်းအနား 
တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂ဝ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် စာတတ်သူတိုင်းစာဖတ်ရေး လွုပ်​ရှားမွု  အခမ်းအနားသို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွွတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွွတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီး အကဲ များ ၊ စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာတမ်းဖတ်ကြားသူများ၊ ဆုရစာကြည့် တိုက်မှူးများ၊ စာကြည့်တိုက်ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စာပေကို စိတ်ပါဝင်စားကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကားပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကျွန်မကို ဆရာဒေါက်တာ ဖေမြင့်က ဒီအခမ်းအနားမှာ စကားပြောဖို့လို့ ပြောတဲ့အခါမှာ အားလုံးကို စာဖတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မကို ဖိတ်ခေါ်ပြီး ပြောခိုင်းတယ်လို့ပဲ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက စာအုပ်တွေကို မြတ်နိုးတယ်၊ တက်တက်ကြွကြွ စာဖတ်တဲ့ အလေ့အထရှိတယ်။ အဲဒီအရည်အချင်းတွေ ရှိရုံနဲ့ ကျွန်မအနေနဲ့ စာဖတ်ခြင်းရဲ့ အကျိုးကို အပြည့်ပြည့်စုံစုံ ပြောနိုင်ပါ့မလားလို့ စဉ်းစားပါတယ်။ 

မနေ့ညနေတုန်းက ဆရာဖေမြင့်ကကျွန်မကို နိုင်ငံတစ်ဝန်းက စာရေးဆရာ၊ ဆရာမများနဲ့အတူ ထမင်းလက်ဆုံစားပြီး ဆွေးနွေးပြောကြားဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ဒီ ထမင်းစားပွဲကို မတက်ခင် ကတည်းက ကျွန်မစဉ်းစားတယ်။ စာရေးတယ်ဆိုတာ ဘာဖြစ်လို့ ရေးတာလဲ၊ ဒါနဲ့ ပတ်သက်ပြီး စာရေးဆရာ၊ဆရာမများက ဒီအဖြေကိုပေးနိုင်မှာပဲလို့ ကျွန်မ စဉ်းစားပြီး စားပွဲဝို်င်း တစ်ဝိုင်းမှာ ထိုင်တဲ့အခါ ကျွန်မမေးပါတယ်။ စာဘာဖြစ်လို့ရေးကြတာလဲလို့။ ကျွန်မ မသွားခင်စဉ်းစားတာက အကြောင်းနှစ်ခုရှာလို့ရတယ်။ စာရေးတယ်ဆိုတာ ကိုယ့်ရဲ့ ခံစားမွုတွေနဲ့ အတွေ့အကြုံတွေကို မျှဝေချင်လို့ ဒါတစ်ခုဖြစ်နိုင်တယ်။ ဒုတိယ တစ်ခုက ကိုယ့်ရဲ့အတွေးအခေါ်တွေနဲ့ အမြင်တွေကို သူတစ်ပါးအပေါ်မှာ လွွမ်းမိုးစေချင်လို့၊ ကိုယ်တွေးသလို တွေးစေချင်လို့၊ သူများတွေရဲ့ အတွေးအခေါ်ကို ဩဇာလွွမ်းမိုးစေချင်လို့၊ ဒီ အကြောင််း နှစ်ခုပဲ ရှိနိုင်မယ်လို့ ကျွန်မစဉ်းစားတယ်။ တခြားအကြောင်းတွေကို ခြုံငုံလိုက်ရင်လည်း ဒီနှစ်ခုကိုပြန်ပြီး ရောက်လာတာပဲ။

ဥပမာ -သာမန်စာရေးရင် မိတ်ဆွေအချင်းချင်း ကိုယ့်အတွေ့အကြုံတွေကို မျှဝေတယ်။ ဘယ်သွားခဲ့တယ်၊ ဘာလုပ်ခဲ့တယ် စသည်ဖြင့် မိတ်ဆွေ အချင်းချင်းနီးစပ်အောင်၊ အဆက်မပြတ်အောင်လို့။ တခါတလေကျရင်စာရေးတယ် ဆိုတာကလည်း ကိုယ့်အတွေးအခေါ် ကိုယ်ထင်သလို တစ်ခြားသူကို ထင်စေချင်လို့။ အကြောင်းကြောင်းကြောင့်တခြားသူကို တမျိုးတွေးစေချင်လို့၊ တစ်ခြားသူအတွေးတွေအပေါ်မှာ ဩဇာလွွမ်းမိုးချင်လို့၊ ဒီအကြောင်းနှစ်ခုပဲ အခြေခံအားဖြင့် ရှိနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ 

ကျွန်မဆွေးနွေးခဲ့တဲ့ ဆရာ၊ဆရာမတွေကလည်းအများအားဖြင့် သဘောတူတယ်လို့ နားလည် ပါတယ်။ ရေးတဲ့သူရဲ့စေတနာက မျှဝေချင်လို့လည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဩဇာ လွွမ်းမိုး ချင်လို့လဲဖြစ်နိုင်တယ်။ ဖတ်တဲ့သူတွေဟာ ဘာကြောင့်ဖတ်ကြသလဲ ဆိုတာလည်း ကျွန်မတို့ စဉ်းစားစရာပါ။ အခုအခမ်းအနားမှာ ဆွေးနွေးနေတာကတော့ ရသစာပေလို့ ကျွန်မနားလည်ပါတယ်။ သုတစာပေကတော့ ကိုယ်လေ့လာခဲ့တဲ့ ဘာသာရပ်နဲ့ဆိုင်လို့မဖြစ်မနေ လေ့လာရမယ့် စာအုပ်တွေကို ဖတ်ခြင်းကရေှာင်လို့မရပါဘူး။

ဒါကို ကျောင်းသူကျောင်းသားတွေသာမက လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီးတွေလည်း မိမိတို့ရဲ့ လုပ်ငန်းခွင်မှာပိုမိုပြီးထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ဆက်လက်ပြီး သုတစာပေတွေကို ဖတ်ရွုလေ့လာရတာက ထူးထူးထွေထွေရှင်းပြနေစရာ မလိုပါဘူး။ ရသစာပေကို ကိုယ့်အလုပ်ခွင်အချိန်ပြင်ပမှာ၊ ကျောင်းခန်းပြင်ပမှာ၊ ကျောင်းခန်းထဲမှာ ဒီဟာဖတ်ရမယ်ဆိုပြီး ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေမှအပ ဝါသနာကြောင့် ဖတ်ချင်လို့ဖတ်ရွုတဲ့ဟာကို ဘာကြောင့် ဖတ်ကြသလဲဆိုတော့ ပထမဦးဆုံးကကျွန်မထင်တယ်၊ အလေ့အကျင့်ပါပဲ။ ဒါကတော့ ကိုယ့်မိသားစု အသိုင်းအဝိုင်း၊ ကိုယ့်ရဲ့ကျောင်း၊ ဆရာ ဆရာမအသိုင်းအဝိုင်းနဲ့ဆိုင်ပါတယ်။ 

စာဖတ်ချင်အောင်၊ စာဖတ်တတ်အောင် လေ့ကျင့်ပေးတာအဲဒါက တစ်ခု။ လေ့ကျင့်ပေးတိုင်းလည်း အတန်းတစ်တန်းထဲမှာ ဆရာမက တစ်ပုံစံထဲသင်တယ်။ မိသားစုတစ်စုထဲမှာ မိဘတွေက တစ်ပုံစံထဲဦးဆောင်မွုပေးတယ် ဆိုပေမယ့်လည်း သားသမီးတိုင်း၊ ကျောင်းသူ၊ ကျောင်းသားတိုင်းက တစ်ပုံစံတည်းထွက်လာတာ မဟုတ်ပါဘူး။ အားလုံးဟာ တန်းတူညီတူ စာပေဝါသနာပါကြတာမဟုတ်ပါဘူး။ အများအားဖြင့် မိဘတွေစာဖတ်တဲ့မိသားစုမှာဆိုရင် သားသမီးတွေစာဖတ်တာများပါတယ်။ သို့သော်ငြားလည်း သားသမီးတွေက မိဘများစာဖတ်လို့ သားသမီးတွေစာဖတ်ရင် စာဖတ်နွုန်းချင်းမတူဘူး။ စာအုပ်ကို မြတ်နိုးတဲ့အတိုင်းအတာချင်းမတူဘူး။ တချို့က ထူးထူးခြားခြား မြတ်နိုးတယ်။ တချို့က ထူးထူးခြားခြားမမြတ်နိုးဘူး။ စာဖတ်နေတဲ့အခါမှာထိုင်ပြီးထိုင်ပြီး အတူတူဖတ်နေတဲ့ ကလေးတွေကို ကြည့်လိုက်ရင် ပုံစံချင်းက မတူဘူး ။ တချို့က တကယ့်ကို ဒီစာအုပ်ထဲမှာ နစ်မြုပ်နေတယ်။ ဖတ်နေတဲ့စာအုပ်ထဲမှာ သူ့အတွေးတွေ၊သူ့နှလုံးသားတွေ၊ ဦးနေှာက်တွေရော အားလုံးမြုပ်နှံပြီး ဖတ်နေတယ်ဆိုတာ သိသာပါတယ်။

တချို့က ဖတ်လိုက်၊ ဟိုကြည့်လိုက် ဒီကြည့်လိုက် ဘယ်တော့များဖတ်လို့ပြီးပါ့မလဲ။ ဖတ်ချိန်မကုန်သေးဘူးလား။ အဲဒီလိုဟာတွေလည်း မြင်ရတယ်။ ဒါကတော့ ဗီဇပဲ။ ဗီဇကိုတော့ ကျွန်မတို့လုံးဝပြောင်းလဲလို့မရဘူး။ သို့သော်လည်း သိပ္ပံပညာရှင်တွေပြောတယ်။ DNA တောင်မှတစ်ဘဝအတွင်းမှာ ပြောင်းသွားနိုင်တယ် တဲ့။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့အနေအထားအရ၊ ကိုယ့်ရဲ့ ကြိုးပမ်းဆောင်ရွက်မွုအရ ဗီဇကိုတောင်ပြောင်းလို့ရတယ်ဆိုတော့ ဒါ ဗီဇပဲ၊ ဖတ်တဲ့လူက ဖတ်တယ်၊ မဖတ်တဲ့လူက မဖတ်ဘူးဆိုပြီးတော့ အဲဒီအဖြေကတော့ မလုံလောက်ဘူး လို့ ထင်ပါတယ်။ လေ့ကျင့်မွုလည်းရှိမယ်၊ ဗီဇလည်းရှိတယ်၊ ဗီဇကိုလည်းအတိုင်းအတာ တစ်ခုအထိကိုယ်ကနေပြီးပြုပြင်ပေးလို့ရှိရင် ပြုပြင်ပေးလို့ ရပါတယ်။ 

ဒီတော့ စာဖတ်တဲ့ဗီဇရှင်သန်အောင်၊ အားသန်အောင်၊ ဘာဖြစ်လို့လုပ်ဖို့လိုသလဲဆိုတာအဲဒါကို ကျွန်မတို့ မေးရမယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးရတာပေါ့ ။ ကျွန်မ ဘာဖြစ်လို့စာအုပ်တွေကို မြတ်နိုးသလဲ၊ ဘာဖြစ်လို့စာဖတ်ဖို့စိတ်အားထက်သန်သလဲဆိုတော့ ပြောရမယ်ဆိုရင် ကျွန်မအတွက် အကျိုးရှိတယ်လို့ ကျွန်မမြင်လို့ပဲ။ အကျိုးရှိတယ်ဆိုတာဟာ ဗဟုသုတရတာက လည်း တစ်ဖက်ပေါ့။ ဒါကတော့ လက်တွေ့ကျကျဆိုပါတော့။ 

ဒါပေမယ့် စာအုပ်တွေဖတ်တဲ့အခါကျရင် ကျွန်မစိတ်ချမ်းသာမွုရတယ်။ ကျွန်မစိတ်ထဲမှာ ကျေနပ်မွုရတယ်။ ကျွန်မရဲ့ ကမ္ဘာကြီးဟာ ပိုပိုပြီးကျယ်သွားသလိုပဲ။ ကျွန်မရဲ့ ကမ္ဘာကြီးဟာ ကျွန်မတစ်ယောက်တည်းနဲ့ ဆိုင်တဲ့ဟာ မဟုတ်တော့ဘူး။တကယ့်ကို နေရာအရပ်ရပ်မှာ ရှိတဲ့ ပုဂ္ဂိုလ်များအားလုံးနဲ့ ဆိုင်တဲ့ ကမ္ဘာကြီးဖြစ်သွားတယ်လို့ ကျွန်မခံစားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်မ သိပ်မကြာခင်ကာလတုန်းကရန်ကုန်တက္ကသိုလ်မှာ ကျောင်းသူကျောင်းသား များနဲ့ စာဖတ်ခြင်းကိစ္စ၊ ရသစာပေနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ အဲဒီမှာ အဖြစ်အပျက်လေးတစ်ခုကို ကျွန်မစိတ်ဝင်စားတယ်။ အဲဒါက ဘာလဲဆိုတော့ တချို့ဒီဆွေးနွေးပွဲကို နားထောင်တဲ့ ပရိသတ်ထဲကတချို့မှတ်မိချင်မှတ်မိပါလိမ့်မယ်။

လူငယ်တော်တော်များများဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ကအမေရိကန်စာရေးဆရာတစ်ယောက်ရေးထားတဲ့ “The Catcher in the Rye” ကို မြန်မာလိုပြန်ထားတာပါ - လေလွင့်သူ ဆိုတဲ့စာအုပ်။ အဲဒါကိုပထမပြောတဲ့လူငယ်သုံးယောက်လောက်ကတက်တက်ကြွကြွနဲ့ဒီဟာကိုသူတို့ဖတ်ထားတဲ့အကြောင်းကိုပြောတော့ နောက်ပိုင်းမှာလေးငါးယောက်မြောက်လို့ ထင်ပါတယ်၊အဲဒီလူငယ်လေးကသူလုံးဝမကြိုက်ဘူးလို့ ပြောတယ်။အဲဒီလိုမကြိုက်ဘူးလို့ပြောတော့တချို့ကဩဘာပေးတယ်။အဲဒီတော့ကျွန်မကနည်းနည်းရယ်ချင်တယ်။ဘာဖြစ်လို့လဲဆိုရင်အားလုံးကကြိုက်ပါတယ်ပြောပြီးမှသူတစ်ယောက်တည်းကမကြိုက်ပါဘူးလို့ပြောတာကိုသဘောကျလို့အဲဒါကိုဩဘာပေးတာလား၊သူတို့ကိုယ်တိုင်မကြိုက်လို့ဒါပေမယ့်အရင်တုံးကတော့ တခြားလူတွေက ကြိုက်နေတော့ မကြိုက်ဘူးဆိုတဲ့ဘက်ကမရပ်တည်ရဲလို့၊အခုက ဒီတစ်ယောက်ကဒီလိုမကြိုက်ဘူးဆိုပြီး ပြောတာကိုသဘောကျလို့ဩဘာပေးတာလားမသိဘူး။ဩဘာပေးကြတယ်။အဲဒီတော့မကြိုက်တာလည်းသူ့မှာမကြိုက်ပိုင်ခွင့်ရှိပါတယ်။

ဘာဖြစ်လို့မကြိုက်သလဲဆိုတာကို ဒီလူငယ်ရှင်းပြတာက ဘယ်လိုလဲဆိုတော့ သူသိတဲ့ ဘဝနဲ့ လုံးဝမတူလို့ပေါ့။ သူတို့ပတ်ဝန်းကျင်၊ ယဉ်ကျေးမွုနဲ့လုံးဝမတူတဲ့ပတ်ဝန်းကျင်၊ ယဉ်ကျေးမွုကအတွေ့အကြုံတွေမို့လို့သူမကြိုက်ဘူးဆိုတော့အဲဒါကျတော့ကျွန်မသိပ်သဘောမတူဘူး။ဘာဖြစ်လို့လဲဆိုတော့စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတစ်ခုဟာကိုယ်နဲ့မတူတဲ့၊ကိုယ့်ပတ်ဝန်းကျင်နဲ့မတူတဲ့ပတ်ဝန်းကျင်တွေအကြောင်းကိုယ်သိလာရတာ၊ ကိုယ့်လိုလူတိုင်းမစဉ်းစားဘူးဆိုတာကိုကိုယ်နားလည်လာရတာ။ လောကကြီးမှာ၊ ဒီကမ္ဘာကြီးမှာဆိုရင်ယဉ်ကျေးမွု၊ အတွေးအခေါ်၊ ထုံးတမ်းစဉ်လာအမျိုးမျိုးရှိကြပါတယ်။အဲဒီအမျိုးမျိုးတွေဟာမတူဘူး။မတူကွဲပြားမွုတွေဟာကြိုက်တာမကြိုက်တာတစ်မျိုးပေါ့။ကိုယ်ကြိုက်တဲ့ဟာကိုကြိုက်မယ်၊မကြိုက်တဲ့ဟာကိုမကြိုက်ဘူး။ဒါပေမယ့်မတူလို့၊ကိုယ်သိတဲ့ပတ်ဝန်းကျင်နဲ့ကွာခြားတဲ့ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်တဲ့စာပေမို့လို့မနှစ်သက်ဘူးဆိုတာကကျွန်မအနေနဲ့လက်ခံတဲ့အမြင်တစ်ခုမဟုတ်ပါဘူး။

ကျွန်မတို့ကလူငယ်တွေကိုစာဖတ်စေချင်တယ်။လူငယ်တွေကိုစာဖတ်စေချင်တယ်ဆိုတာလူငယ်တွေရဲ့ကမ္ဘာကြီးကျယ်ဝန်းသွားအောင်လို့ပါ။ကျွန်မစောစောကပြောသလိုကျွန်မအတွက်စာဖတ်ခြင်းဟာကျွန်မရဲ့ကမ္ဘာကြီးကျယ်ဝန်းသွားသလိုပဲ။ကျွန်မတစ်ဦးတည်းရဲ့ဦးနေှာက်အကြောင်းသာကျွန်မနားလည်တာမဟုတ်ဘူး။တခြားလူတွေရဲ့ဦးနေှာက်အကြောင်း။ နောက်ပြီးကျွန်မတစ်ယောက်တည်းရဲ့နှလုံးသားတင်မကဘူး၊ တခြားသူတွေရဲ့နှလုံးသားအမြင်အကြောင်းကိုအများကြီးရသစာပေကနားလည်စေတယ်။အဲဒီလိုခံစားမွုနဲ့ကျွန်မကစာဖတ်တယ်။

စာဖတ်တဲ့အခါအကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင်ရသစာပေကိုဒီစာကိုဖတ်လို့အရေးအသားကိုကြိုက်လို့ကိုဒီစာအုပ်ကိုချလို့မရတာမျိုးတွေရှိတယ်။ ရေးပုံရေးနည်း၊သူ့ရဲ့အတွေးအခေါ်တွေ၊သူမြင်ရတဲ့ကိစ္စတွေ၊သူခံစားရတဲ့အတွေ့အကြုံတွေကိုသူသရုပ်ဖော်နည်းပေါ့၊ရေးတတ်တာ၊ ရေးပုံလှပတာ၊ အဆင့်ရှိတာအဲဒါကြောင့်ဒီစာအုပ်ကိုမချနိုင်အောင်လို့ဖတ်ရတာမျိုးတွေလည်းရှိတယ်။

တစ်ခါတလေကျ အရေးအသားသိပ်မကောင်းပေမယ့် ဇာတ်လမ်းက အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတယ်။ ဘာဖြစ်တော့မလဲ၊ ဘာဖြစ်တော့မလဲဆိုပြီး ဥပမာ စုံထောက် ဝတ္ထုတွေဆိုရင် ကျွန်မအလေ့အကျင့်က စောစောစီးစီးကတည်းက ဒီလူပဲဖြစ်ရမယ်လို့ သတ်မှတ်ပြီး မှန်သလားဆိုပြီးကြည့်ချင်တာပါ။ အဲဒီဟာကို မြန်မြန်ဖတ်ပြီး ဇာတ်လမ်းကို သိချင်လို့ အဲဒါကတစ်မျိုးပါ။ တခါတလေကျတော့လည်း ဒီလိုစာအုပ်တွေ ဖတ်တဲ့အခါကျရင် သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ဗဟုသုတတွေရတယ်။ ရေးသားပုံကလည်း ဒီလောက်ကြီး ကောင်းချင်မှကောင်းမယ်။ ကိုယ့်အတွက်ဆွဲဆောင်မွုဒီလောက်ရှိချင်မှရှိမယ်။ ဇာတ်လမ်းကလည်း ဒီလောက်စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းမယ်။ဒါပေမယ့်ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့်ကိုယ်မသိတဲ့ကိစ္စတွေအကြောင်း၊ ဥပမာဆိုရင်ကိုယ်တစ်ခါမှမဖတ်ဖူးတဲ့နိုင်ငံတစ်ခုကစာရေးဆရာတွေရဲ့စာအုပ်ဖတ်လိုက်တယ်ဆိုရင်တစ်ခါမှဒီဟာကိုမသိခဲ့ဘူး။သူတို့ရဲ့ယဉ်ကျေးမွုကဒီလိုပါလား၊သူတို့နိုင်ငံရဲ့သမိုင်းကြောင်းကဒီလိုပါလား၊သူတို့အမြင်တွေကဒီလိုပါလားဆိုပြီးအဲဒါကျတော့သုတနဲ့ဆက်နွယ်သွားတာပေါ့။သုတပေးတဲ့ရသစာပေဖြစ်လို့ဖတ်တာလည်းရှိပါတယ်။အကောင်းဆုံးကသုံးခုစလုံးပါတဲ့ဟာပါ။အရေးအသားကောင်းလို့လည်းဖတ်ချင်စရာကောင်းတယ်။ဇာတ်လမ်းက ကောင်းလို့လည်းဆက်ပြီးစိတ်ဝင်စားစွာဖတ်လို့ကောင်းတယ်။ နောက်ပြီးသုတလည်းအများကြီးရတယ်။ နောက်ဆုံးကိုယ့်ကမ္ဘာကြီးကသိပ်ကျယ်သွားတယ်။

မကြာခင်ကဆရာဒေါက်တာဖေမြင့်ရဲ့အစီအစဉ်အရကျွန်မတို့ရဲ့သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များနဲ့တွေ့တဲ့အခါကျွန်မကဆရာကြီးဦးအုန်းကြိုင်ကိုမေးတယ်။သတင်းဆိုတာဘာအတွက်လဲ။ကျွန်မကဘာအတွက်လဲဆိုတာကိုမေးတာသိပ်ဝါသနာပါတယ်။ငယ်ငယ်ကတည်းကတစ်ချိန်လုံးဘာကြောင့်လဲ၊ဘာအတွက်လဲဆိုတာကလေးဘဝကတည်းက လူကြီးတွေကိုမေးခဲ့တာပေါ့။ဒါကဘာကြောင့်ဖြစ်ရတာလဲ။ဒါကဘာဖြစ်လို့ဒီလိုခေါ်ရတာလဲ။ဒီဟာကဘာကြောင့်ဒီလိုယုံကြည်ရတာလဲစသဖြင့်ပေါ့။

ကျွန်မကဆရာကြီးဦးအုန်းကြိုင်ကိုမေးတယ်။သတင်းဆိုတာဘာအတွက်လဲမေးတယ်။ကျွန်မတို့ဆွေးနွေးရင်း နောက်ဆုံးခြုံငုံပြီးဆရာကြီးပြောတာကကျိုးရှိမှန်ကန်သူခံသာတဲ့စကားနဲ့သူမခံသာတဲ့စကားဒီအပေါ်မှာအခြေခံပြီးသတင်းတွေဟာ ရေးသင့်မရေးသင့်၊ထုတ်သင့်မထုတ်သင့်၊တန်ဖိုးရှိမရှိကိုဆုံးဖြတ်ရတယ်လို့ဆရာကြီးကဒီလိုပြောပါတယ်။ကျွန်မလည်းဒါကိုသဘောတူတယ်။သတင်းပဲမဟုတ်ဘူး၊ စာပေဆိုတာလဲဒီလိုပဲ။ ကျိုးရှိမှန်ကန်သူခံသာတဲ့စကား၊သူမခံသာတဲ့စကားဆိုတော့တချို့ကတော့ပြောမယ်၊ အများကြီးအငြင်းအခုန်ဖြစ်ခဲ့တဲ့ကိစ္စပေါ့။အနုပညာဆိုတာအနုပညာစိတ်ဓာတ်သက်သက်နဲ့သင်ခန်းစာပေးဖို့လည်းမဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်၊ကိုယ့်အသိုင်းအဝိုင်းကိုပိုကောင်းအောင်လုပ်ဖို့လည်းမဟုတ်ဘူး၊ ပိုပြီးဆိုးအောင်လုပ်ဖို့လည်းမဟုတ်ဘူး၊ အနုပညာစိတ်သက်သက်နဲ့ပဲဆိုပြီးတချို့က ပြောကြတယ်။

အဲဒီလိုဆိုရင်ကျိုးရှိမှန်ကန်သူခံသာတာတွေ၊မခံသာတာတွေဘာမှမပါဘူးပေါ့။ကိုယ်ရေးချင်တာကိုယ်ရေးလိုက်မယ်။ကိုယ်ရေးသင့်တယ်ထင်လို့က်ိုယ်ရေးတယ်ဆိုပြီးဒီလိုအမြင်မျိုးကလည်းရှိတယ်။ဒါပေမယ့်အကျိုးရှိတယ်ဆိုတာကရသစာပေဆိုတာမှန်ကန်တယ်ဆိုတဲ့ကိစ္စကိုအမြဲပြောလို့မရဘူး။ ဒဏ္ဍာရီတွေဆိုရင် တချို့မဖြစ်နိုင်တဲ့အကြာင်းလေးတွေ ရေးတယ်ဆိုရင် ဒါပေမယ့် လူတိုင်းက သိတာပဲ။ ဥပမာ မြင်းပျံကြီးဆိုတာ တကယ်က ရှိတာမဟုတ်ဘူး။ ကလေးပုံပြင်ထဲမှာ မြင်းပျံကြီးကို အခြေခံပြီး ပုံဝတ္ထုဖွဲ့ထားတယ်ဆိုရင် ကလေးတွေက သူရေးတာဖတ်ပြီး စာဖတ်ချင်တဲ့စိတ် ဖြစ်သွားတယ်ဆိုရင် ဒါက အမှားမဟုတ်ပါဘူး။ အကျိုးတော့ရှိတာပေါ့။ 

သူခံသာတဲ့စကားနဲ့သူမခံသာတဲ့စကားဆိုတော့အဲဒီအပိုင်းကအများကြီးဆွေးနွေးစရာ ဖြစ်ပါတယ်။သတင်းဘက်ကပဲဖြစ်ဖြစ်ရသစာပေဘက်ကပဲဖြစ်ဖြစ်။ ခံသာတာမခံသာတာကိုထည့်ပြီးတော့တွက်ဖို့လိုသလား။ခံသာသည်ဖြစ်စေ၊ မခံသာသည်ဖြစ်စေ ရေးသင့်ရေးထိုက်လို့ ရေးတယ်ဆိုပြီးတော့အဲဒါကဘယ်သူကဆုံးဖြတ်သလဲ။ မသိဘူးပေါ့။မိဘဆရာတွေဘက်ကကြည့်တယ်ဆိုရင်ဆုံးမစကားပေါ့။ဆုံးမတယ်ဆိုတာလည်းတခါတလေဆူရတာနဲ့သိပ်ပြီးမကွာပါဘူး။ဆူရတယ်၊ ကြိမ်းရတယ်ဆိုရင်မခံသာပေမယ့်လည်းအကျိုးရှိလို့၊မှန်ကန်လို့လုပ်တယ်လို့ဒီလိုပြောလို့ရပါတယ်။

ရသစာပေနဲ့ပတ်သက်လို့တော့ အဲဒီအပိုင်းကို ကျွန်မမဆွေးနွေးချင်ဘူး။ လူတိုင်းလူတိုင်းတစ်ယောက်အမြင်နဲ့တစ်ယောက်မတူဘူး။ အကျိုးရှိသလား၊ မရှိသလားပေါ့ ။ ကျွန်မက ဒီမှာလာပြီးတော့ စာဖတ်ပါလို့ဆော်ဩခြင်းဟာအကျိုးရှိသလားဆိုတာကျွန်မအနေနဲ့သုံးသပ်ဖို့တော့ တာဝန်ရှိတယ်။ပြီးတော့တချို့ကပြောတယ်၊ စာအုပ်ကောင်းတွေဖတ်မှအကျိုးရှိတာ၊မကောင်းတဲ့စာအုပ်တွေဖတ်ရင်အကျိုးရှိတာမဟုတ်ဘူးဆိုပြီးပြောမယ်။ ကောင်း၊ မကောင်းသိဖို့ဆိုတာလည်းဖတ်မှသိတာပါ။စာများများဖတ်မှဘယ်စာအုပ်တွေကကောင်းတယ်။ဘယ်စာအုပ်တွေကမကောင်းဘူး။ဘယ်စာအုပ်တွေကတန်ဖိုးရှိတယ်။ဘယ်စာအုပ်တွေကတန်ဖိုးမရှိဘူးဆိုတာများများဖတ်မှသိမှာပါ။များများမဖတ်ဘဲနဲ့မသိဘူး။ နောက်ပြီး လေ့လာရပါမယ်။

စာအုပ်တွေလေ့လာပြီးစာအုပ်တွေနဲ့ပတ်သက်လို့သုံးသပ်ချက်၊ ဝေဖန်ချက်တွေကိုစာရေးဆရာကြီးများ ရေးကြတယ်။အဲဒီဝေဖန်ချက်၊သုံးသပ်ချက်တွေကိုဖတ်ပြီးတော့ဒီစာအုပ်ကိုဖတ်ချင်တဲ့စိတ်၊မဖတ်ချင်တဲ့စိတ်တွေ ဖြစ်ကြတယ်။ဒီမှာလည်းတစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူကြဘူး။စာအုပ်တွေဝေဖန်တဲ့အခါမှာတစ်ယောက်ကသိပ်ကောင်းပါတယ်လို့ပြောပြီးနောက်တစ်ယောက်ကလုံးဝမကောင်းပါဘူးလို့ ပြောရင်လည်း ပြောတာပဲ။ နောက်ဆုံးကျတော့့ ကိုယ့်ဘာသာကိုယ်ဝေဖန်တတ်အောင်၊ဆုံးဖြတ်တတ်အောင်ကိုယ်ဖတ်မှပဲရမှာပါ။ဒါကြောင့်စာအုပ်ဖတ်ခြင်းဟာတန်ဖိုးဘယ်လောက်ရှိသလဲ၊မရှိသလဲဆိုတာကိုကျွန်မ ပြောလို့လဲမရဘူး။ကိုယ်ကိုယ်တိုင်သင်ယူရမှာပါပဲ။

ကျွန်မကတော့ကျွန်မအတွက်တန်ဖိုးရှိတယ်လို့ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ စောစောကပြောသလိုကမ္ဘာကြီးကကျယ်သွားတယ်။ နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့အတွင်းအင်အားကိုခိုင်မာလာအောင်၊တိုးတက်လာအောင်စာဖတ်ခြင်းဟာအများကြီးအထောက်အကူဖြစ်ပါတယ်။

ကျွန်မတို့အခုခေတ်မှာဆိုရင်မူးယစ်ဆေးဝါးမသုံးစွဲဖို့လူငယ်တွေကိုအမြဲပဲတိုက်တွန်းတယ်။ကိုယ့်ဘဝကိုပျက်မယ်စသဖြင့်ပေါ့။ဒါပေမယ့်မူးယစ်ဆေးဝါးပဲဖြစ်ဖြစ်၊အရက်သေစာပဲဖြစ်ဖြစ်၊ ဆေးလိပ်သောက်တာပဲဖြစ်ဖြစ်၊ကွမ်းဝါးတာပဲဖြစ်ဖြစ်အဲဒီအလေ့အကျင့်တွေကိုကျွန်မမကြိုက်တဲ့အကြောင်းအရင်းတစ်ခုကဘာလဲဆိုတော့ ပြင်ပအရာတွေကိုအားကိုးပြီးကိုယ့်စိတ်ရဲ့အင်အားကိုရှာတာဒီလိုကျွန်မမြင်တယ်။အရက်ကိုအားကိုးတယ်ဆိုရင်အားလုံးသိတဲ့အတိုင်းပဲအရက်ကြိုက်တဲ့သူကအရက်ကိုစိတ်ချမ်းသာလို့သောက်တာရှိတယ်။စိတ်ဆင်းရဲလို့သောက်တာလည်းရှိတယ်။မိဘနဲ့ရန်ဖြစ်လို့သောက်တာလည်းရှိတယ်။တစ်ခါတစ်လေစာမေးပွဲအောင်လို့ ပျော်လို့သောက်တာတွေရှိတယ်။အမျိုးမျိုးပဲ။ သောက်ချင်တော့သောက်ရမယ့်အကြောင်းအရာတွေကအများကြီးပါပဲ။ ဆေးလိပ်သောက်တယ်ဆိုရင်လည်းဒါပြင်ပအရာတစ်ခုကိုအားကိုးသွားတယ်။ ဆေးလိပ်မသောက်ရရင်မနေနိုင်ဘူး။

ကျွန်မတို့နိုင်ငံရေးလွုပ်ရှားခဲ့ရတဲ့အချိန်ကာလမှာဆိုရင်ကျွန်မတို့ရဲဘော်ရဲဘက်တွေ တော်တော်များများဟာအကျဉ်းကျတဲ့ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။အဲဒီအကျဉ်းကျတဲ့အခါမှာကွမ်းမစားရလို့၊ ဆေးလိပ်မသောက်ရလို့စိတ်ဒုက္ခရောက်ရတဲ့သူတွေကအများကြီး၊အဲဒီတော့ကျွန်မကကိုယ့်စိတ်ဒုက္ခကိုရှာခဲ့တာပဲလို့။ဘာလို့အစတုန်းကစသောက်ခဲ့လဲ။ကျန်းမာရေးအတွက်လည်းမကောင်းဘူး။ပိုက်ဆံလည်းကုန်တယ်။ကျွန်မပြောတယ်။ ဆေးလိပ်သောက်မယ့်အစားဒီဆေးလိပ်ဖိုးပိုက်ဆံတွေကိုမီးရွို့လိုက်ပါလား။ဘာလို့လဲဆိုအတူတူပဲ။ဒါပေမယ့်ကျန်းမာရေးကိုမထိခိုက်ဘူး။ ဆေးလိပ်အတွက်ဒီပိုက်ဆံနဲ့ဆေးလိပ်ဝယ်တယ်။ပြီးတော့ ဆေးလိပ်သောက်တယ်ဆိုရင်ဒီပိုက်ဆံကိုမီးရွို့တာနဲ့အတူတူပဲ။ဒါထက်ပိုဆိုးတာကကိုယ့်ကျန်းမာရေးလည်းထိခိုက်တယ်။ကိုယ့်ပတ်ဝန်းကျင်ကသူတွေရဲ့ကျန်းမာရေးလည်းထိခိုက်တယ်။အဲဒီဟာတွေကိုကျွန်မမကြိုက်တာပါ။ ပြင်ပကမလိုအပ်တဲ့ အရာတွေကိုကိုယ့်ကိုယ်ကိုယ် အားကိုးအောင်ကိုယ်လုပ်ယူတာ။သူများကလုပ်ယူလို့လည်းမဟုတ်ဘူး။ကိုယ့်ဟာကိုယ်ဒီဟာကိုစွဲသွားအောင်လုပ်တယ်။ကိုယ့်ဟာကိုယ်ကိုဒီစွဲသွားခြင်းကြောင့် စိတ်ဒုက္ခရောက် အောင်လုပ်တယ်။ဒါမသောက်ရရင်၊ဒါမစားရရင်မနေနိုင်ဘူးဆိုတဲ့အခြေအနေဖြစ်အောင်လုပ်တယ်။

စာအုပ်ကျတော့စာအုပ်သိပ်စွဲသွားတဲ့သူတွေကမှန်ပါတယ်၊စာအုပ်ဖတ်ချင်တယ်။စာအုပ်မရှိတဲ့အခါကျရင်စာအုပ်ကိုတမ်းတတယ်။ဒါပေမယ့်အဲဒါကဘာလဲဆိုတော့စာအုပ်မြတ်နိုးသူတွေကစာအုပ်မရှိတဲ့အခါကျရင်အရင်ကိုယ်ဖတ်ခဲ့တဲ့စာအုပ်တွေအကြောင်း ပြန်စဉ်းစားပြီးတော့အားပြန်ယူလို့ရတယ်။ ဆေးလိပ်သောက်ခဲ့တဲ့သူဟာအရင်တုန်းကသောက်ခဲ့တဲ့ ဆေးလိပ်ထောင်ပေါင်းများစွာကိုစဉ်းစားပြီးတင်းတိမ်မှာမဟုတ်ဘူး။ဒီဆေးလိပ်လေးအခုချက်ချင်းလက်ငင်းဆေးလိတ်တစ်လိတ်သောက်လိုက်ရမှသူ့စိတ်ထဲမှာ ကျေနပ်သွားမှာ။ဒါပေမယ့်စာအုပ်ဖတ်တဲ့သူတွေ၊စာအုပ်တွေအများကြီးဖတ်ထားပြီးစာအုပ်မြတ်နိုးသူတွေကအချိန်မရွေးကိုယ့်မှာအဖော်ရှိနေတယ်။ဟိုးအရင်တုန်းကဖတ်ခဲ့တဲ့စာအုပ်ပေါင်းမြောက်များစွာဟာကိုယ်တစ်ယောက်တည်းရှိတဲ့အချိန်မှာကိုယ့်ရဲ့များစွာသောအဖော်တွေပဲ။ရိုးရိုးအဖော်တွေတောင်မဟုတ်ဘူး။ကိုယ့်ကိုအားပေးမယ့်အဖော်တွေ၊အဲဒီစာအုပ်တွေထဲမှာဖတ်ခဲ့ရတဲ့၊သိခဲ့ရတဲ့အတွေးအခေါ်တွေနဲ့ဘဝကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုအမျိုးမျိုးကိုယ့်အတွက်အကြံဉာဏ်တွေရတယ်။ကိုယ့်ကိုယ်ကိုယ်ဘေးကနေပြီးတော့ဒီလိုလုပ်ရင်၊ဒီလိုဖြစ်နိုင်တယ်လို့ ပြောနေတဲ့မိတ်ဆွေတွေလိုပဲ။ဒါကြောင့်စာအုပ်ဖတ်ပါ။စာဖတ်ပါဆိုတာကျွန်မကတော့နံပါတ်တစ်ကကိုယ့်အတွက်အကျိုးအများကြီးရှိတယ်။ဗဟုသုတရတယ်ဆိုတာကသက်သက်ပေါ့။အဲဒါအပြင်ကိုယ့်ရဲ့စိတ်ဓာတ်ကိုခိုင်ခိုင်မာမာနဲ့ကိုယ့်ကိုယ်ကိုအားကိုးနိုင်စွမ်းကိုစာများများဖတ်ခြင်း၊ သင့်တော်တဲ့စာပေတွေပေါ့။ဒါပေမယ့် စောစောက ပြောသလိုသင့်တော်တာမသင့်တော်တာစာများများဖတ်မှပဲကိုယ့်ဘာသာကိုယ်ဆုံးဖြတ်နိုင်မှာပါ။ 

ဒီဆုံးဖြတ်နိုင်တဲ့အခြေအနေမရောက်ခင်ကလေးသူငယ်တွေကျတော့ မိဘဆရာများက ကူညီပေးရမယ်။ ဖတ်သင့်တဲ့စာအုပ်တွေကိုငယ်ငယ်ကတည်းကနေစာအုပ်ကောင်းတွေဖတ်အောင်အလေ့အကျင့်လုပ်ပေးရင်ကြီးလာတဲ့အခါကျတော့ကိုယ့်ဘာသာကိုယ်ရွေးတတ်လာမယ်။ဒီစာအုပ်တွေကအကျိုးရှိတယ်။ဒီစာအုပ်တွေကအကျိုးမရှိဘူး။ နောက်ဘယ်စာအုပ်တွေ၊ဘယ်စာရေးဆရာရေးတဲ့စာအုပ်တွေဆိုရင်အနှစ်သာရပိုပြီးရှိတယ်။ဘယ်စာရေးဆရာ၊ ဆရာမတွေကျတော့သူတို့စာအုပ်တွေကယှဉ်ကြည့်ရင်အနှစ်သာရနည်းတယ်ဆိုတာပထမပိုင်းမှာလူကြီးတွေရဲ့သွန်သင်ဆုံးမမွုအရဒီအတွေးတွေကဝင်လာတာပဲ။

နောက်ကျတော့ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်နိုင်တဲ့အခြေအနေ ရောက်လာတယ်။အဲဒီအခြေအနေရောက်လာတဲ့အခါကျတော့တစ်ယောက်နဲ့တစ်ယောက်လည်းအမြင်ချင်းတူချင်မှတူမှာ။အမြင်ချင်းမတူတာကိုကစာအုပ်များရဲ့ကွာခြားမွုရဲ့အကျိုးဆက်တစ်ခုကိုကကျွန်မတို့အတွက်အများကြီးတန်ဖိုးရှိပါတယ်။မတူတဲ့အမြင်တွေ။ဒီစာအုပ်တစ်အုပ်ဖတ်လိုက်ခြင်းအားဖြင့်ကိုယ့်အမြင်တွေဘယ်လောက်ပြောင်းသွားသလဲ။စာအုပ်ဖတ်တယ်ဆိုတာတချို့ကနေဇာတ်လမ်းကိုပဲဖတ်ပြီးတခြားဘာမှသိပ်မစဉ်းစားတော့ဘူး။ဒါပေမယ့်စာအုပ်တွေရဲ့အဓိကအနှစ်သာရကအတွေးအခေါ်ပဲ။အရေးအသားကောင်းမွန်တာလည်းအရေးကြီးပါတယ်။ဒါပေမယ့်အတွေးအခေါ်ကအမြဲပဲကိုယ်နဲ့ရှိနေတာပေါ့။ကိုယ့်ရဲ့ဘဝအပေါ်မှာအများကြီးဩဇာလွွမ်းမိုးနိုင်တယ်။တချို့စာရေးဆရာတွေလည်းဒါကိုပဲဦးတည်တာပဲ။ကျွန်မ ခုနက ပြောသလိုပဲ စာရေးတာဘာဖြစ်လို့ရေးသလဲ။မျှဝေချင်လို့ရေးတယ်။တချို့ကျလည်းတခြားသူတွေကိုဒီလိုဒီလိုတွေးစေချင်တယ်ဆိုတဲ့ဩဇာလွွမ်းမိုးချင်တဲ့စိတ်နဲ့ ရေးတာတွေလည်းရှိပါတယ်။ဒါကတော့သုတစာပေမှာလည်းရှိတယ်။ရသစာပေမှာလည်းရှိတယ်။အခုကျွန်မတို့ ပြောနေတာကတော့ရသစာပေအကြောင်းပါ။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ကလေးများငယ်ငယ်ကတည်းကနေစပြီးစာဖတ်ဖို့အတွက်မိဘတွေကအားပေးကြပါ။ နောက်ပြီးတော့ဖတ်တဲ့စာတွေကို ဆွေးနွေးတဲ့အလေ့အကျင့်လည်းလုပ်ပေးပါ။ကျွန်မတို့စာဖတ်ဝိုင်းလုပ်တယ်ဆိုတာဒါပါပဲ။ကိုယ်ဖတ်ထားတဲ့စာကိုကိုယ်သုံးသပ်နိုင်အောင်လို့၊ ဆွေးနွေးတတ်အောင်လို့တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူတာကိုယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးနိုင်အောင်လို့ ဖြစ်ပါတယ်။

ငါနဲ့မတူငါ့ရန်သူဆိုတဲ့စိတ်ဓာတ်မဟုတ်ဘူး။ငယ်ငယ်ကတည်းကစာအုပ်တစ်အုပ်ဖတ်လိုက်တဲ့အခါကျရင်ကလေးငါးယောက်ကစာအုပ်တစ်အုပ်ဖတ်တယ်။သူတို့အတွေးကငါးမျိုးထွက်လာတယ်။အဲဒီကတည်းကဪ - တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။မတူပေမယ့်လည်းဟိုလူကမှားတယ်၊ငါ့လူကမှန်တယ်။ဟိုလူကသာတယ်။ငါကညံ့တယ်။ဒီလိုဟာမျိုးလည်းမဟုတ်ဘူး။သူ့အတွေးနဲ့သူ့အတွေးအားလုံးပေါင်းလိုက်တဲ့အခါကျရင်ပိုပြီးအတွေးပေါင်းစုံသွားလို့ပိုပြီးပြည့်စုံတယ်ဆိုတဲ့စိတ်ဓာတ်တွေကိုလည်း ဖြစ်စေလို့စာဖတ်ဝိုင်းတွေကိုကျွန်မတို့အားပေးတာဖြစ်ပါတယ်။

ဒါကြောင့်လည်းစာကြည့်တိုက်တွေကိုအားပေးတာဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီး ရွေ့လျားစာကြည့်တိုက်စပြီးလုပ်တယ်ဆိုတာလည်းဒီရည်ရွယ်ချက်နဲ့ပါ။ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားများဟာစာမဖတ်ချင်လို့မဟုတ်ဘူး။စာမဖတ်နိုင်လို့၊စာအုပ်မရှိလို့၊ဖတ်နိုင်တဲ့အခွင့်အရေးမရှိလို့မဖတ်တာများတယ်လို့ကျွန်မကအဲဒီယုံကြည်ချက်နဲ့ရွေ့လျားစာကြည့်တိုက်တွေကိုစလုပ်တာပါ။တချို့ကသိပ်ပြီးတော့သဘောမတူဘူး။ဒါပေမယ့်အင်မတန်မှထိရောက်ပါတယ်။

ဘယ်လိုစာကြည့်တိုက်ပဲဖြစ်ဖြစ်ကျွန်မတို့စပြီးထူထောင်ရင်တလေးတစားလုပ်ဖို့လိုပါတယ်။ဥပမာ - ကျွန်မခဏခဏပြောပါတယ်။ တချို့မြို့နယ်တွေမှာစာကြည့်တိုက်၊ မြို့ထဲကစာကြည့်တိုက်တွေသွားကြည့်လိုက်ရင်ဘယ်သူမှမလိုချင်တဲ့စာအုပ်အဟောင်းကြီးတွေ၊မဂ္ဂဇင်းအစုတ်ကြီးတွေ၊ တခါတလေဟိုကျောင်းစာအုပ်အနွမ်းကြီးတွေအိမ်မှာမထားချင်လို့၊ နေရာယူတယ်ဆိုပြီးပေးထားတဲ့ဟာတွေဘယ်သူကဖတ်ချင်မှာလဲ။ စာဖတ်ချင်တဲ့စိတ်ဖြစ်အောင်ဒီလိုဟာမျိုးတွေကမလွုံ့ဆော်ဘူး။ 

ကျွန်မတို့ရွေ့လျားစာကြည့်တိုက်မှာဆိုရင်အထူးသဖြင့်ကလေးတွေဖတ်ချင်တဲ့စာအုပ်မျိုးကိုကျွန်မတို့အများကြီးထည့်ပါတယ်။ရုပ်ပုံလေးတွေအများကြီးနဲ့အရောင်တွေကလှလှပပတောက်တောက်ပပဖတ်ချင်အောင်ဒီစာအုပ်လေးတွေဖွင့်ကြည့်ချင်အောင်လို့၊ အဖုံးကိုကြည့်တာနဲ့ဒီစာအုပ်ကိုဖွင့်ပြီးဒီစာအုပ်လေးကိုစမ်းကြည့်ချင်အောင်၊ မြည်းကြည့်ချင်အောင်လို့အဲဒီပုံစံနဲ့ကျွန်မတို့လုပ်ပါတယ်။

ငယ်ငယ်ကတည်းကစာအုပ်တွေကိုချစ်မြတ်နိုးတဲ့စိတ်တွေသန္ဓေတည်သွားရင်တစ်သက်လုံးစာဖတ်ခြင်းဟာကိုယ့်အတွက်အကျိုးပြုနိုင်သလိုကိုယ့်ပတ်ဝန်းကျင်အတွက်အကျိုးဖြစ်အောင်လည်းသုံးတတ်သွားကြမှာဖြစ်ပါတယ်။ကျွန်မအနေနဲ့ ပြောချင်တာက ဝါသနာအရစာဖတ်ပါ၊စာဖတ်ခြင်းဆိုတာ ဆေးလိပ်သောက်တာထက်အများကြီးပိုကောင်းပါတယ်။ နောက်ပြီးဆေးလိတ်ကတစ်ခါသောက်ပြီးရင်မီးရွို့ပစ်လိုက်ရောစာအုပ်တစ်အုပ်ကဝယ်ထားပြီးရင်တစ်သက်ထားချင်ရင်လည်းတစ်သက်ထားလို့ရတယ်။ဒါကိုကောင်းကောင်းမွန်မွန်ထားရင်ပေါ့။ ဆေးလိပ်တို့၊ အရက်တို့အပေါ်မှာပိုက်ဆံကုန်ခံမယ့်အစားစာအုပ်ကောင်းတွေဝယ်ပါ။ဒါမှမဟုတ်တခြားသူတွေအတွက်ဝယ်ပြီးလှူပေးပါ။ ကိုယ်ကိုယ်တိုင်မဖတ်ချင်ရင်တောင်မှကိုယ်ကိုယ်တိုင်ဖတ်ဖို့အချိန်မရှိဘူးဘဲဆိုဆို၊ တခြားအကြောင်းကြောင်းကြောင့် မဖတ်ချင်ဘူးဆိုရင်တောင်မှ စာကြည့်တိုက်တွေ၊ ကျောင်းစာကြည့်တိုက်တွေ၊မြို့နယ်စာကြည့်တိုက်တွေကိုလွူပါ။ စာအုပ်ကောင်းတွေကိုလှူပါ။ မဖတ်ချင်တဲ့စာအုပ်၊ ကိုယ်မလိုချင်တဲ့စာအုပ်တွေ၊ အိမ်ရှင်းတဲ့အနေနဲ့ ပေးချင်တဲ့ စိတ်ဓာတ်နဲ့လှူတာက သိပ်ပြီးသန့်တဲ့ အလွူ မဟုတ်ဘူးလို့ ကျွန်မကတော့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့လူငယ်တွေ စာအုပ်ချစ်မြတ်နိုးအောင်လို့၊ စာဖတ်တတ်အောင်၊ စာဖတ်တဲ့ ဝါသနာ ရှင်သန်အောင် အားလုံးဝိုင်းဝန်းပြီး ကူညီပေးကြပါလို့ ကျွန်မအနေနဲ့ ဆော်ဩရင်း၊ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ် ဟုပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာတတ်သူတိုင်းစာဖတ်ရေး လွုပ်ရှားမွု အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရွုအားပေး သည်။