Library Image

စာပေဟောပြောပွဲ ပညာအလင်းစာကြည့်တိုက် ဧရာဝတီတိုင်း ၊ဘိုကလေးမြို့နယ်၊မြင်ကကုန်းကျေးရွာ ၂၄.၁၂.၂၀၁၈

22/12/18



စာဟောပွဲ

စာပေဖတ်ငြား အလင်းထွားဖို့
စိတ်နားကိုဖွင့် အားမာန်လွင့်လော။

ဝင့်ကြွားထည်ဝါ ဉာဏ်ဥစ္စာကို
ပြည့်ကာကြွယ်ဝ နှလုံးလှဖို့
သာစွငွေနှင်း မြေသို့ဆင်းခိုက်
ခင်းကျင်းညီညာ သုတစာနှင့်
ဖြာဖြာစာသံ ခြိမ့်ခြိမ့်ညံအောင်
စိတ်ဉာဏ်နှိုးစွ မျိုးစေ့ချမည်
တို့ရဲ့ရွာက စာဟောပွဲ။

စာပွဲပေမို့ အားခဲလို့ဆို
ပိုမိုနတ္တိ စာကဝိတို့
ထိမိလေးနက် ကလောင်ချက်ဖြင့်
သပ်ရပ်လိမ္မာ ဟောကြရှာမည်
ဇာနည်မွေးမယ့် စာဟောပွဲ။

စွဲငြိခံစား နှလုံးသားမှ
အားတက်သရော သြဘာနှောပြီး
စိတ်ရောကိုယ်ပါ လန်းဆန်းဖြာမည်
ပညာအလင်း၏ စာဟောပွဲ။ 
             ကောင်းမြတ်သူ (မြန်မာစာ)