Library Image

စာအုပ်ဈေးရောင်းပွဲ ဒီဇင်ဘာ 29 ရက်ကစပြီး ဇန်နဝါရီ 6 ရက်ထိ ၉ ရက်တိုင်တိုင် ကျင်းပမည်

22/12/18



စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ နှစ်စဉ်ကျင်းပနေကျ နွေဦးကြိုစာအုပ်ဈေးရောင်းပွဲလေးကို လာမယ့် ဒီဇင်ဘာ 29 ရက်ကစပြီး ဇန်နဝါရီ 6 ရက်ထိ ၉ ရက်တိုင်တိုင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ နှစ်တိုင်းလိုပဲ ရန်ကုန်နဲ့ မန္တလေးရှိ စိတ်ကူးချိုချိုစာအုပ်ဆိုင်များမှာပဲ ရောင်းချမှာပါ။
စာအုပ်အားလုံးကို တစ်ဦးချင်း 20%၊ ကိုယ်စားလှယ်နဲ့ စာကြည့်တိုက် 30% နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
မန္တလေး မိတ်ဆွေဖြစ်စာဖတ်သူများအစီအစဉ် အလှည့်ကျ ဇန်နဝါရီပွဲမို့ မန္တလေးဆိုင်တွေမှာ ထုံးစံအတိုင်း အစီအစဉ်များ ရှိမှာပါ။ ရန်ကုန်မှာတော့ သြဂုတ်လ ဈေးရောင်းပွဲက လက်ခံစီစဉ်ပေးခဲ့ပြီးဖြစ်လို့ တစ်နှစ်ပြည့်မယ့် 2019၊ သြဂုတ်လမှာမှ မိတ်ဆွေဖြစ်စာဖတ်သူများအစီအစဉ် ပါ၀င်မှာပါ။ 
မိတ်ဆွေဖြစ်ကတ် မရရှိတဲ့ ကျပ်နှစ်သောင်းဖိုးအထက် ၀ယ်ယူသူများကို စာရေးဆရာနှင့် ကဗျာဆရာကြီး 12 ဦး ပါ၀င်တဲ့ ပြက္ခဒိန် လက်ဆောင်ပေးသွားဖို့ ရှိပါတယ်။ စောင်ရေ အတော်များများရိုက်ထားပေမဲ့ မကုန်ခင် အရောက်လာဖို့တော့ လိုတာပေါ့နော်။ 
ဒီနှစ်မှာ စာအုပ်အသစ် 49 အုပ် ထွက်သွားဖို့ ရှိပြီး စာအုပ်စာရင်းကိုလည်း First Comment မှာ တင်ပေးထားပါတယ်။ စာတိုက်က မှာယူလိုသူများနဲ့ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက်မှာယူလိုသူများအတွက် ဇန်နဝါရီလ 6 ရက်နေ့ကနေ 15 ရက်နေ့အတွင်း ရောက်ရှိနိုင်အောင် ကျပ်တစ်သောင်းဖိုးအတွင်း ပို့ခစရိတ်ငြိမ်း၊ ကျပ်တစ်သောင်းဖိုးအထက်စာအုပ်တန်ဖိုး 10% လျှော့နှုန်းနှင့် ပို့ခစရိတ်ငြိမ်း ပို့ဆောင်ပေးသွားဖို့ ရှိပါတယ်။ လူအင်အားပေါ်ကြည့်ပြီး ဒါ့ထက်စောပြီး ရောက်အောင်လည်း ကြိုးစားပို့ဆောင်ပေးပါ့မယ်။ message box မှာ ယခုကစပြီး အမှာလက်ခံနေမှာမို့ ဇန်နဝါရီ 10 ရက်နေ့နောက်ဆုံးထား ၀င်ရောက်မှာကြားနိုင်ပါပြီနော်။
ထွက်ရှိပြီးသမျှ အခြားစာအုပ်များလည်း ပါ၀င်မှာကြားနိုင်ပါတယ်ရှင့်။

#SeikkuChoCho #စာအုပ်ဈေးရောင်းပွဲ