Library Image

ပခုက္ကူမြို့တည်​သက်​ (၁၃၁)နှစ်​ပြည်​့ ပခုက္ကူစာ​ပေပွဲ​တော်​ အစီအစဉ်​များ (ဒီဇင်ဘာ ၂၅ရက်နေ့ မှ ၂၉ရက်)

24/12/18




ပခုက္ကူမြို့တည်​သက်​ (၁၃၁)နှစ်​ပြည်​့ ပခုက္ကူစာ​ပေပွဲ​တော်​ အစီအစဉ်​များ
(ဒီဇင်ဘာ ၂၅ရက်နေ့ မှ ၂၉ရက်)

ကျန်​းမာ​ရေး၊စီးပွား​ရေး၊သဘာဝပတ်​ဝန်​းကျင်​၊ကဗျာ၊အနုပညာ၊နိုင်​ငံ​ရေး ကဏ္႑အစုံအတွက် ​ပခုက္ကူမြို့တည်​သက် (၁၃၁)နှစ်​ပြည်​့ အထိမ်​းအမှတ်​ ပခုက္ကူစာ​ပေပွဲ​တော်​ကို ပခုက္ကူမြို့ ​ရွှေသိမ်​​တော်​ဓမ္မရိပ်​သာတွင်​ ဒီဇင်​ဘာလ ၂၅ရက်​​နေ့မှ ဒီဇင်​ဘာလ ၂၉ရက်​​နေ့အထိ ၅ရက်​တိတိ ကျင်​းပပြုလုပ်​သွားမည်​ဖြစ်​သည်​။
၎င်းပွဲ​တော်​ကြီးတွင်​ ကျန်​းမာ​ရေး၊စီးပွား​ရေး၊သဘာဝပတ်​ဝန်​းကျင်​၊ကဗျာ၊အနုပညာ၊နိုင်​ငံ​ရေး နယ်​ပယ်​အသီးသီးမှ ပညာရှင်​များ၊စာ​ရေးဆရာများမှ ​ဟော​ပြောသွားမည်​ဖြစ်​သည်​။
ပခုက္ကူစာ​ပေပွဲ​တော်​ တွင်​ ည ၇ နာရီအချိန်​မှစ၍ ​ဟော​ပြောကြမည်​့ ဆရာအချို့မှာ

 ၂၅.၁၂.၂၀၁၈ ​နေ့
          ဒါရိုက်တာကြည်စိုးထွန်း
          မုံရွာအောင်ရှင်
 ၂၆.၁၂.၂၀၁၈ ​နေ့
       အနုပညာရှင်​ ​မေတ္တာ
        စာ​ရေးဆရာ ဆူးငှက်​
 ၂၇.၁၂.၂၀၁၈ ​နေ့
       ကာတွန်​းဆရာ ​အော်​ပီကျယ်​
 . ​ေ​ဒာ်​​မေသင်္ကြဟိန်​( မြစ်​မခ မီဒီယာ)
 ၂၈.၁၂.၂၀၁၈ ​နေ့
        စာ​ရေးဆရာ ​မောင်​စိန်​ဝင်​း(ပုတီးကုန်​း)
       ကဗျာဆရာကြီး ကို​လေး(အင်​းဝဂုဏ်​ရည်​)
 ၂၉.၁၂.၂၀၁၈ ​နေ့
         ခင်မောင်ညို(ဘေဂဗေဒ)
         Drမြင့်သန်း(ညောင်လေးပင်)
                                  
တို့ဖြစ်​ကြသည်​။ 
ထိို့ပြင်​ စာ​ပေပွဲ​တော်​ရက်​များအတွင်​း ​နေ့လည်​ခင်​းအချိန်​များတွင်​ စာ​ရေးဆရာများနှင်​့ စာဖတ်​သူများ၏ ​ရေးသူ၊ဖတ်​သူ ​ဆွေး​နွေးပွဲ အပြင်​ ပန်ချီဆရာကြီးများဖြစ်​သည်​့ တင်​လှဝင်​းထင်​၊​ကျော်​​သောင်​း၊​ကျော်​ဖြူစံတို့၏ ပန်​ချီသင်​တန်​းများ၊ အ​ခြေခံပညာအဆင်​့ စကားရည်​လုပြိုင်​ပွဲ၊တက္ကသိုလ်​အဆင်​့ စကားရည်​လုပြိုင်​ပွဲများ နှင့် ​ပညာ​ပေးပြခန်​းများ၊စာအုပ်​​ဈေး​ရောင်​းပွဲ​တော်​များဖြင်​့ စည်​ကားသိုက်​မြိုက်​စွာ ကျင်​းပပြုလုပ်​သွားမည်​ဖြစ်​သည်​။
​ကျန်​ရှိ​နေ​သော စာ​ရေးဆရာများအား ထပ်​မံ​ဖော်​ပြသွားမည်​ဖြစ်​ပါသည်​။