Library Image

ရောင်ခြည်သစ်လုထုစာကြည့်တိုက်မှလူငယ်တွေ့ဆုံပွဲဦးဆောင်ကျင်းပ

27/11/16



၂၆.၁၁.၂၀၁၆ ရက်နေ့မှ ၂၇ .၁၁.၂၀၁၆ ရက်နေထိ ပွင့်ဖြူမြို့နယ် လူငယ်တွေ့ဆုံပွဲအား ပွင့်ဖြူမြို့နယ်မှ လူငယ်များဦးစီးပြီး ယောစုကျေးရွာ ရောင်ခြည်သစ် လူထုစာကြည့်တိုက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အခမ်းနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ပြန်/ ဆက် ဌာန နှင့် ကျေးရွားပေါင်း ၃၀ မှ လူငယ် ၇၀ ဦးတက်ရောက်ခဲ့ပါသည်။ 
 ထူးခြားမှု့အနေဖြင့် ှဒေသတွင်းလိုအပ်ချက်များကို လူငယ်များ၏ အမြင်များကို လွှတ်တော်ကိုယ်စားလှယ် နှင့် အမေးအဖြေ ကဏ္ဍတွင် 
၁ ။ မြို့နယ်အတွင်း စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး
၂ ။ အလုပ်အကိုင်အခွင့်အလမ်း
၃ ။ ကျန်းမာရေး
၄ ။ ပညာရေး နှင့်
၅ ။ ဒေသတွင်းဖွံ့ဖြိုးရေးအတွက် အစီအစဉ်များကို မေးမြန်းခဲ့ပါသည်။

ကျွန်တော့်၏ အတွေးမှာ လူငယ်များ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးလာပါသဖြင့် လူငယ်များအား လေးစားဂုဏ်ယူမိပါသည်။ လူငယ်တွေရဲ့ အတွေးထဲတွင် တိုင်းပြည်ဖွံ့ဖြိုးမှု့ အခန်းကဏ္ဍတွင် စာကြည့်တိုက်သည် အရေးကြီးသော အချက်တွင်ပါဝင်ကြောင်း သိရှိလာခြင်းသည် ကျွန်တော်တို့နိုင်ငံ၏ အနာဂတ်ပုံရိပ် ကောင်းမည်ဟု ယုံကြည်မိပါသည်။  ထို့နောက် လွှတ်တော် ကိုယ်စားလှယ်မှ ၂၀၁၇ / ၂၀၁၈ ဘာဂျက်တွင်လည်း စာကြည့်တိုက်များအတွက် ထည့်သွင်းစဉ်းစားထားပြီး မည်သို့ တောင်ဆိုရမည်ဆိုသည့် အချက်ကိုလည်း လူငယ်များအား ရှင်းလင်းပြောကြားသွားပါသည်။