Library Image

အခြေခံစာကြည့်တိုက်ပညာ(၂)ပတ်သင်တန်း တက်ရောက်ရန် ဖိတ်ခေါ်ခြင်း

27/02/19



အခြေခံစာကြည့်တိုက်ပညာ(၂)ပတ်သင်တန်း တက်ရောက်ရန်

ဖိတ်ခေါ်ခြင်း
**********************************************
            သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် ၁၉.၃.၂၀၁၉ ရက်နေ့မှ ၃၀.၃.၂၀၁၉ ရက်နေ့အထိ အခြေခံစာကြည့်တိုက်ပညာ(၂)ပတ်သင်တန်းကို ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
           အဆိုပါသင်တန်းကို နေပြည်တော်ကောင်စီနယ်မြေအတွင်းအလယ်တန်း အထက်တန်းကျောင်းများရှိ ကျောင်းစာကြည့်တိုက်များအားတာဝန်ယူဆောင်ရွက်နေသော ဆရာ/ဆရာမများအား ဖိတ်ခေါ်၍ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ ထို့ပြင် အခြားသောဝန်ကြီးဌာနများမှ စာကြည့်တိုက်ပညာရပ်များအား စိတ်ပါဝင်စားသူရှိပါကလည်း တက်ရောက်နိုင်ပါသည်။
             သင်တန်းသားလျှောက်လွှာများအား National Library Page မှဖြစ်စေ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင်ဖြစ်စေ ရယူလျှောက်ထားနိုင်ပါသည်။ 
လျှောက်လွှာနှင့်အတူ ဓာတ်ပုံ ၃ ပုံ
သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်
ပညာအရည်အချင်းထောက်ခံစာတို့နှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်သည်။

လျှောက်လွှာနောက်ဆုံးတင်ရမည့်နေ့ - ၁၅.၃.၂၀၁၉
စုံစမ်းရန် - အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
              0673418426

အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
၂၇.၂.၂၀၁၉