Library Image

ရန်ကုန်ကဗျာဆု (၂၀၁၉) ဆုကြေငြာခြင်း

03/03/19



ရန်ကုန်ကဗျာဆု (၂၀၁၉) ဆုကြေငြာခြင်း
========================•

(၁) ရန်ကုန်ကဗျာဆု ........ခင်ဇော်မြင့်

(၂) ရန်ကုန်ကဗျာအထူးဆု(ဆောင်းပါး)......မျိုးသန့်

(၂၀၁၉) ရန်ကုန်ကဗျာဆု ရွေးချယ်ရာမှာ တစ်ပုဒ်ချင်း တစ်နှစ်ချင်းထက် ကဗျာရေးသူရဲ့ ကဗျာတွေနဲ့ ကဗျာအပေါ် နေထိုင်ရပ်တည်မှုအပေါ် ခြုံငုံသုံးသပ်ပြီး ကဗျာရေးသူအချင်းချင်း နွေးထွေးမှုကို မျှဝေတဲ့ သဘောလည်း ပါဝင်ပါတယ်။ 

အဲဒီလိုပဲ (၂၀၁၉) ရန်ကုန်ကဗျာအထူးဆု( ဆောင်းပါး)မှာလည်း မျိုးသန့်ရဲ့ ခေတ်ပေါ်ကဗျာတွေအပေါ် ပြောစရာတွေ အသိအမှတ်ပြုစရာအချက်အလက်တွေကို အစောပိုင်းနှစ်များကတည်းက ကြိုးစားရပ်တည်လုပ်ဆောင်လာခဲ့တဲ့ အတွက် ဂုဏ်ပြုခြင်းလည်း ဖြစ်ပါတယ်။ 

အကျယ်တဝင့်ကိုတော့ ဆုပေးပွဲနေ့ မတ်လ (၉ )ရက်နေ့မှာ ဆက်လက် တွေ့ဆုံကြပါစို့။

ကဗျာ ချစ်သူအားလုံးအား နွေးထွေးအေးမြကြပါစေကြောင်း။

ရန်ကုန်ကဗျာဆုရွေးချယ်ရေးအဖွဲ့
(၃-၃-၂၀၁၉) တနင်္ဂနွေနေ့ နေ့လည် (၁၁ )နာရီ