Library Image

မန္တလေး စာကြည့်တိုက်များတွေ့ဆုံပွဲ (၂၄.၃.၂၀၁၉)

20/03/19



မန္တလေး စာကြည့်တိုက်များတွေ့ဆုံပွဲ
(၂၄.၃.၂၀၁၉)

သက်ဝင်လှုပ်ရှား ရွေ့လျားစာကြည့်တိုက်များ တွေ့ဆုံပွဲကို
တောင်လေးလုံးကျောင်းတိုက် ၊ မန္တလေးမြို့တွင် ပြုလုပ်မည်။ 
(အနယ်နယ်အရပ်ရပ်မှ စာကြည့်တိုက်များ တက်ရောက်နိုင်ပါသည်)

ရွေ့လျားစာကြည့်တိုက်များတွေ့ဆုံပွဲကို ရွေ့လျားမဟုတ်သော 
စာကြည့်တိုက်များ နှင့် စာပေချစ်သူများ တက်ရောက်နိုင်သည်။ (တက်ရောက်မည် စာကြည့်တိုက်များအနေဖြင့် ဆက်သွယ်စာရင်းပေးကြပါရန်)

အစီအစဉ် 

၁။ စာကြည့်တိုက်မိတ်ဆက်ဏ္႑

၂။ ကြုံတွေ့နေရသော အခက်အခဲများအတွက် ဖြေရှင်းရန်နည်းလမ်းများ အကြံပြုဆွေးနွေးကြရန်

၃။ စာကြည့်တိုက်တွင် ထားရှိသင့်သော စာအုပ်များအကြောင်း (စကား၀ိုင်း)

၄။ Save the Library (စာကြည့်တိုက်များကွန်ရက်) မှ ရွေ့လျားစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းခြင်း

နေ့ရက် ။ ။ ၂၄-၀၃-၂၀၁၉ (တနင်္ဂနွေနေ့)
အချိန် ။ ။ (၁၀) နာရီ မှ (၀၂) နာရီ ၊
နေရာ ။ ။ တောင်လေးလုံးကျောင်းတိုက် ၊ အမရပူရမြို့။

မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက် (ရန်ကုန်) နှင့် လူငယ်နှင့်အိပ်မက်များရွေ့လျားစာကြည့်တိုက် (မန္တလေး) ပူးပေါင်းဆောင်ရွက်သည်။

ကိုဖြိုးေ၀ဦး ၀၉၂၅၃၆၇၀၀၉၈
ကိုခန့်ကျော်ထက် ၀၉၆၉၇၂၃၇၆၉၃ (နယ်မှတက်ရောက်မည့် စာကြည့် 
                          တိုက်များနေရာထိုင်ခင်း စီစဉ်ပေးသည်)

စာအုပ်များဝယ်ယူချင်သူများအတွက်
********************************
စာကြည့်တိုက်များ(ရွေ့လျား)တွေ့ဆုံပွဲမှာ
"နန်းတော်ဝင်"စာပေနှင့်အခြားစာပေတိုက်နှစ်တိုက်ပူပေါင်း၍ စာကြည့်တိုက်များကို စာအုပ်များ ဈေးနှုန်းချိုသာစွာနှင့် ရောင်းချပေးမှာဖြစ်ပါသည် ။

ဒါ့အပြင် စာပေဝယ်ယူဖတ်ရှု့သူတစ်ဦးချင်းအနေဖြင့် လာရောက်ဝယ်ယူကြည့်ရှုချင်ရင်တော့
၁၉ ရက်နေ့ (အဂါၤ)မှစ၍ ပွဲနေ့မတိုင်ခင် ၂၃ရက်နေ့(စနေ)အထိ မဟာဂန္ဓာရုံကျောင်းတိုက် အရှေ့ဘက်မုဒ် (ဦးပိန်ကားပါကင်အနီး)ဘေးဘယ်ညာနှစ်ဘက်မှာခင်းကျင်းရောင်းချပေးမှာဖြစ်ပါတယ်။