Library Image

ကလေးစာပေပွဲတို့ မတ်လ(၂၈ မှ ၃၀)

26/03/19



ကလေးစာပေပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ပဲခူး မတ် ၂၅

မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက် ထားလျက်ရှိရာ ပွဲတော်ကျင်းပမည့် ပဲခူးတက္ကသိုလ် ဝင်းပေါက်မုခ်ဦးများတွင် ကလေး စာပေပွဲတော် ဆိုင်းဘုတ်များ၊ အဝင်လမ်းတစ်လျှောက်တွင် ကြက်လျှာ အလံများနှင့် ကြော်ငြာဘုတ်များ စိုက်ထူထားလျက်ရှိပြီး ကဏ္႑တစ်ခုချင်းစီအလိုက် ကျင်းပမည့်နေရာ တွင်လည်း ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ 

၃ ရက်ကြာကျင်းပမည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကခေါက်ပြိုင်ပွဲ၊ ပုံတူ ပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ ပန်းချီရေးဆွဲနည်းပြိုင်ပွဲ၊ အိမ်ဆောက်ကစားပြိုင်ပွဲ၊ အရုပ်ဆက် ကစားနည်းပြိုင်ပွဲ၊ စကားပုံဆက်ကစားနည်းပြိုင်ပွဲ၊ ဂိမ်းကစားနည်းများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ရှန်တီစေတနာ ့ဝန်ထမ်းအဖွဲ့ ပုံပြောပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ပညာရေးပြခန်း၊ စာအုပ်ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။ 

ဝေလျှံ