Library Image

မြန်မာ့ ပန်းချီအနာဂတ် အလားအလာ မတ်လ ၃၁ ရက် ၂၀၁၉ ခုနှစ် (တနင်္ဂနွေ) ကျင်းပမည့်အချိန် မွန်းလွဲ ၂ နာရီ မှ ၄ နာရီထိ

29/03/19



ရင်းနှီးလေးစားစွာ ဖိတ်ကြားလိုက်ပါသည် ။
Concept Note for.. Panel Discussion  
Project Title..'
မြန်မာ့ ပန်းချီအနာဂတ် အလားအလာ (သို့) မြန်မာ့ပန်းချီ နိုင်ငံတကာကို ဘယ်လိုထိုးဖောက်မလဲ'

Modeartor 'ဦးဆောင်ဆွေးနွေးသူ 'ပန်းချီ မိုးကျော်သန့်
Panelist...ဝိုင်းဖွဲ့ ဆွေးနွေးသူများ ..'
ပန်းချီ အောင်မြတ်ဌေး နှင့် ပန်းချီ ခင်ဇော် လတ် 

Summary  
ကမ်ဘာ့ ယဉ်ကျေးမှု မျက်နှာစာတွင် မြန်မာ့ယဉ်ကျေးမှု နေရာမှာ ယှဉ်ပြိုင်နိုင်သည့် အနေအထား တစ်ရပ်တွင်ရှိနေသည်။  
အထောက်အပံ့ကောင်းများ ရရှိမည်ဆိုပါက မြန်မာ့ပန်းချီကားများသည် ကမ်ဘာပေါ်တွင် လူအများအာရုံစိုက်ပြီး စောင့်ကြည့်၀ယ်ယူစုဆောင်း နေရသည့် အခြေအနေမျိုးတွင် ရှိနေနိုင်ပါသည်။
မြန်မာနို်င်ငံမှ ပန်းချီကားများကို နိုင်ငံတကာသို့ ထိုးဖောက်နိုင်လိုသည့် ပန်းချီဆရာများ အနေဖြင့် မြန်မာနိုင်ငံနှင့် အာရှ(or) ကမ်ဘာ့နိုင်ငံများ၏ အခြေအနေများကို ခြုံငုံသုံးသပ်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာမှ ပန်းချီဆရာများ၊ ဂယ်လာရီများ၏ သဘောသဘာ၀များကိုလည်း ဗဟုသုတ အချက်အလက်များစွာ ရရှိသွားနိုင်မည်ဖြစ်သည်။ 
ကမ်ဘာပေါ်တွင် အွန်လိုင်းမှ ပန်းချီကားရောင်းချရသည့်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည့်အတွက် မြန်မာနို်င်ငံအနေဖြင့် ပြင်ဆင်မှုကောင်း၊ ချိတ်ဆက်မှုကောင်းများဖြင့် အဆင်သင့်ပြုလုပ်ထားရန် လိုအပ်ပေသည်။ 
နိုင်ငံတကာသို့ ပန်းချီဆရာတစ်ယောက်အနေဖြင့် ထိုးဖောက်ရောင်းချလိုသည့်အခါ လုပ်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းရှင်းလင်းလင်း သိရှိသွားမည်ဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများ နှင့် မီဒီယာများအနေဖြင့် နိုင်ငံတကာသို့ ထိုးဖောက်လိုသော ပန်းချီဆရာများကို မည်ကဲ့သို့ အကူအညီများပေးရမည်ကိုလည်း သိရှိသွားမည်ဖြစ်သည်။  

ဖိတ်ကြားမည့်သူများ
Artists၊ Government Authority, Gallery owners, NGOs, INGOs, Media 
ကျင်းပမည့်နေရာ 
Asia Art Connect Office (Event Space) 
10th Floor, Royal River View Condo, 628/636 Merchant Road, Between 29th and 30th street (0.02 km) Yangon, Myanmar. 
ကျင်းပမည့်နေ့ရက်
မတ်လ ၃၁ ရက် ၂၀၁၉ ခုနှစ် (တနင်္ဂနွေ)
ကျင်းပမည့်အချိန် 
မွန်းလွဲ ၂ နာရီ မှ ၄ နာရီထိ