Library Image

စင်ကာပူ - မြန်မာ စာပေနှီးနှောဖလှယ်ပွဲ ဧပြီ ၅, ၂၀၁၉ ( သောကြာနေ့) မနက်ကိုးနာရီခွဲမှ ညနေ ၅ နာရီထိ

03/04/19



စင်ကာပူ - မြန်မာ စာပေနှီးနှောဖလှယ်ပွဲ

ဧပြီ ၅, ၂၀၁၉ ( သောကြာနေ့)
မနက်ကိုးနာရီခွဲမှ ညနေ ၅ နာရီထိ

             မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပမယ့် မြန်မာ-စင်ကာပူ စာပေနှီးနှောဖလှယ်ပွဲကို Yangon Book Plaza မှာကျင်းပတော့မှာ ဖြစ်ပါတယ်။
            မြန်မာပြည်က စာပေပညာရှင်များစွာ+ စင်ကာပူကစာပေပညာရှင်များစွာတို့ စကား၀ိုင်းဖွဲ့ဆွေးနွေးကာ စာပေဗဟုသုတများ၊ အနုပညာများ နှီးနှောဖလှယ်သွားကြမှာ ဖြစ်ပါတယ်။
             မည်သူမဆို လွတ်လပ်စွာ တတ်ရောက်နိုင်ပါတယ်။ တတ်ရောက်သူတိုင်းအတွက် အကျွေးအမွေးများ စီမံထားသလို ဘာသာပြန်များလည်း ထားရှိပေးထားပါတယ်။
 ♦️♦️♦️♦️            
စင်္ကာပူ စာပေကောင်စီ (Singapore Book Council) နှင့် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF) တို့မှ စီစဉ်၍ Yangon Book Plaza နှင့်အတူ ပူးပေါင်းကျင်းပသော Myanmar Literary Forum ကို အစီအစဉ်ခွဲ (၄) ခုဖြင့် စင်္ကာပူနိုင်ငံနယ်ပယ် အသီးသီးမှ စာရေးဆရာများနှင့် မြန်မာနိုင်ငံမှ နယ်ပယ်စုံမှ စာရေးဆရာများ၊ စာကြည့်တိုက်အရေး၊ စာဖတ်အလေ့အထတိုးတက်ရေးကို အစဉ်တစိုက်လုပ်ကိုင်လျက်ရှိသော ပညာရှင်အသီးသီးမှအောက်ပါ ခေါင်းစဉ်များအား သက်ဆိုင်ရာ အဖွဲ့အလိုက် တက်ကြွစွာပါ၀င်ဆွေးနွေးပေးသွားကြမည် ဖြစ်ပါသည်။ 
၁။ အဖွင့်အမှာစကားပြောကြားနှင့် စကား၀ိုင်းဆွေးနွေးပွဲ
၂။ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးပေါ်၌ စာပေအရေးအသားက သက်ရောက်မှုရှိပုံ 
၃။ ကလေးစာပေ - စာဖတ်ခြင်းတွင် မွေ့လျော်တက်လာစေရန် မြေတောင်မြှောက်ပေးခြင်း
၄။ စင်္ကာပူနှင့် မြန်မာစာရေးဆရာများ ပူးပေါင်းလုပ်ဆောင်မည့် စီမံကိန်းများ