Library Image

Success Stories 6.4.2019 ညနေ ၆နာရီ မှ ၉နာရီ

05/04/19



Success Stories သည် ၁၃၇၉-၁၃၈၀ နှစ်မှ စတင်ကာ 
နယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိလာသော ၊ 
အောင်မြင်အောင်ကြိုးပမ်းနေကြသူ အသင်းအဖွဲ ့ ၊ 
တစ်ဦးတစ်ယောက်ချင်းစီအား ဇရပ်တွင် ဖိတ်ခေါ်ကာ 
အတွေ့အကြုံများ မျှေ၀ဖလှယ်ရာမှ ဖြစ်တည်လာပါသည်။ 
ယခုနှစ် ၁၃၈၀ အတွက် အသိပညာရှင် အတတ်ပညာရှင်များ 
နယ်ပယ်အသီးသီးတွင် တစ်ဖက်တစ်လမ်းမှ 
ပြည်သူ ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေကြသော 
အသင်းအဖွဲ ့များ ၊ အနုပညာရပ်၀န်းမှ ကြိုးစားရင်း
အောင်မြင်မှုရရှိနေပြီးဖြစ်သော လူငယ်များလည်း 
ပါ၀င်ကြမည်ဖြစ်ပါသည်။ 
တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သော အစီအစဉ်ကောင်းများ
ပေါ်ထွက်ပြီး ပြည်သူများအတွက် အကျိုးရှိစေမည့် အစီအစဉ်
တစ်ရပ် အနေဖြင့် ယခုနှစ်တွင်လည်း ဇရပ်မှထပ်မံစီစဉ်
ဆောင်ရွက်ခဲ့ပါသည်။ ဇရပ် အနေဖြင့် connect the dots 
ဆိုသည့်အတိုင်း လူမှုရေးရာနယ်ပယ်အသီးသီးတွင် 
တစ်ဦးတစ်ယောက် ချင်းသော်လည်းကောင်း ၊ အသင်းအဖွဲ ့အလိုက်သော်လည်းကောင်း အကျိုးပြုနေပြီး
နို်င်ငံအတွက် တစ်ထောင့် တစ်နေရာ တွင် ပါ၀င် ပတ်သက်နေသူများအတွက် 
အချင်းချင်း ချိတ်ဆက်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုရှိလာစေရန် 
ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ 
ဤပွဲအား YTV (YTV tv Channel) မှ Exclusive Media Partner အနေဖြင့် ပါ၀င်ပြသသွားမည်ဖြစ်ကြောင်းကိုလဲ 
သတင်းကောင်းလေးပေးလိုက်ပါရစေ ..