Library Image

မေတ္တာရိပ်ရွွေ့လျားစာကြည့်တိုက် (၃)နှစ်ပြည့် အမှတ်တရပွဲ

16/04/19



မေတ္တာရိပ်ရွွေ့လျားစာကြည့်တိုက် 
(၃)နှစ်ပြည့် အမှတ်တရပွဲ …… 

နေရာ : သခင်မြပန်းခြံ
နေ့ရက် : 21.4.2019(sunday)
အချိန် : 2pm-5pm

ပွဲအစီအစဉ်
* ပွဲတက်ရောက်လာသူတိုင်းကို Bookmark လက်ဆောင်ပေးပါမယ် … 
Bookmark များ အခမဲ့ပေးအပ်နိုင်ဖို့ ကိုဇေယျာလင်းမှ သုံးသောင်းကျပ်လှူဒါန်းပေးထားပါတယ် 

* စာအုပ်ကံစမ်းမဲလက်ဆောင်အစီအစဉ်
စာရေးဆရာတွေအကြောင်း စာအုပ်တွေအကြောင်း မေတ္တာရိပ်စာကြည့်တိုက်အကြောင်း မေးခွန်းလေးတွေမေးပါမယ် အဖြေအများဆုံးမှန်တဲ့သူတွေကို စာအုပ်လက်ဆောင်ပေးမှာဖြစ်ပါတယ်

* စာကြည့်တိုက်အတွက် စာညွှန်းအမြဲရေးပေးနေတဲ့ မောင်လေး ညီမလေးတွေကို အထူးဆု ချီးမြှင့်ပေးမယ့်အစီအစဉ် … 

* စာအုပ်စကားဝိုင်းအစီအစဉ်
"ဆရာမြသန်းတင့်သို့ အလွမ်းစာ"  
ဆရာမြသန်းတင့်ရဲ့ စာအုပ်တွေအကြောင်း ဆရာ့အကြောင်း … အမှတ်တရ အလွမ်းစကားဝိုင်းလို့ပဲ အမည်တပ်ပါရစေ …
စိတ်ပါဝင်စားလို့ ပါဝင်လိုသူ နားထောင်လိုသူတွေကို ဖိတ်ခေါ်ပါရစေရှင်

*စာအုပ်နှင့်ပတ်သက်တဲ့ ပျော်စရာကစားပွဲလေးတွေပါ စီစဉ်ထားမှာမို့ လာခဲ့ကြပါလို့ အားလုံးကု်ိဖိတ်ပါတယ်

နွေးထွေးစွာကြိုနေမယ့်
#မေတ္တာရိပ်မိသားစု