Library Image

ဧရာဝတီကို ပြန်ရွေးယူကြမယ် ဧပြီ၂၀ နိုဗိုတယ် မွန်းလွှဲ ၂ နာရီ မှ ၅ နာရီထိ

19/04/19



ဧရာဝတီကို ပြန်ရွေးယူကြမယ် ဧပြီ၂၀ နိုဗိုတယ် မွန်းလွှဲ ၂ နာရီ မှ ၅ နာရီထိ

■ စာရင်းပေးရန်မလိုဘဲ မည်သူမဆို တက်ရောက်နိုင် 


ဧပြီ ၂၀ ရက်၊ စနေနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်း (စိုက်ပျိုးရေး မှတ်တိုင်အနီး) ရှိ နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်သော “ဧရာ၀တီကို ပြန်ရွေးယူကြမယ်” စကား၀ိုင်း ဆွေးနွေးပွဲသို့ ကြိုတင် စာရင်းပေးသွင်းရန် မလိုဘဲ မည်သူမဆို လွတ်လပ်စွာ ပါ၀င်တက်ရောက်နိုင်ပါသည်။ 


တက်ရောက်မည့် သူများကို ဦးရာလူစနစ် (first come first served) ပုံစံဖြင့် ထိုင်ခုံနေရာ စီစဉ်ပေးမည်ဖြစ်ပြီး ထိုင်ခုံနေရာ အကန့်အသတ် ရှိပါသဖြင့် ပွဲ မစတင်မီ ဆောလျင်စွာ ရောက်ရှိနေရာ ယူပေးပါရန် ကြိုတင် မေတ္တာ ရပ်ခံအပ်ပါသည်။ 


မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများနှင့် ကိုယ်၀န်ဆောင် မိခင်များအတွက် Priority seats များ ထားရှိပေးထားပါသည်။ ထို့အတူ မီဒီယာများ သတင်း ရယူရာတွင် အဆင်ပြေစေရန် သီးခြားနေရာများကိုလည်း စီစဉ်ပေးထားပါသည်။ 


အခမ်းအနားသို့ လာရောက်နိုင်ခြင်း မရှိသူများအတွက် DVB TV News Facebook Page နှင့် Save the Irrawaddy by offering compensation Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။