Library Image

ကမ္ဘာ့စာအုပ်များနေ့ ဧပြီလ (၂၃) ရက် အင်္ဂါနေ့

22/04/19




"ကမ္ဘာ့စာအုပ်များနေ့" အထိမ်းအမှတ်အစီအစဉ်များကို ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ဧပြီလ (၂၃) ရက် အင်္ဂါနေ့၌ အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါသည်။ 

✔ နံနက် ၁၀နာရီ - Library Orientation (စာကြည့်တိုက်အကြောင်း ရှင်းလင်းတင်ပြပေးသည့် အစီအစဉ်ဖြစ်ပြီး အသင်းဝင်အသစ်များနှင့် အသင်းဝင်ရောက်ရန်စိတ်ဝင်စားသူများအား လာရောက်လေ့လာရန် ဖိတ်ခေါ်ပါသည်။)
✔ နေ့လည် ၃နာရီ - Reading Challenge (စာကြည့်တိုက်အသင်းဝင် အသက် (၇)နှစ်မှ (၁၄)နှစ် အရွယ်ကလေးများအတွက် 'Reading Challenge' စာဖတ်ပြိုင်ပွဲ အစီအစဉ်အကြောင်းကို ရှင်းလင်းပြောပြပေးပါမည်။)
✔ ညနေ ၅နာရီ - စာရေးဆရာမြေမှုန်လွင်၏ စာပေလောကအတွေ့အကြုံများ မျှဝေခြင်းအစီအစဉ် (ဆရာနှင့် သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပြီး အသင်းဝင်များနှင့် စာပေကို ချစ်မြတ်နိုးသူများ အားလုံးကို အတူတကွ ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ပါသည်။)

စာရေးဆရာ မြေမှုန်လွင်သည် "ငါတို့စာပေ" ပုံနှိပ်တိုက်နှင့် Yangon Book Plaza ၏ တည်ထောင်သူတစ်ဦး ဖြစ်ပါသည်။ "ငါတို့စာပေ" ပုံနှိပ်တိုက်မှ များစွာသော ရောင်းအားအကောင်းဆုံးစာအုပ်များနှင့် မြန်မာ့ဂန္တဝင်စာပေများအပါအဝင် လုံးချင်းစာအုပ်ပေါင်း ၁၅၀ခန့်ထုတ်ဝေပြီးဖြစ်ပါသည်။ စာရေးဆရာ မြေမှုန်လွင်သည် ၂၀၁၄ခုနှစ်က နိုင်ငံတကာထုတ်ဝေသူများအသင်းမှ ပေးအပ်ချီးမြှင့်သည့် 'Freedom to Publish' ဆုကိုရရှိခဲ့သည့်အပြင် အသက် ၂၄နှစ်၌ စလိုင်းတင်မောင်ဦးစာပေဆုကိုလည်း ရရှိခဲ့ပါသည်။ စာရေးဆရာ မြေမှုန်လွင်၏ အကျော်ကြားဆုံးလုံးချင်းဝတ္ထုနှင့် ဝတ္ထုတိုများမှာ 'ကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ'၊ 'အရိပ်တကြည့်ကြည့်'နှင့် 'ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်မှ ဖျံတစ်ကောင်လွတ်နေ' တို့ဖြစ်ပါသည်။ 

တက်ရောက်လိုသူများ အနေဖြင့် ဧပြီလ (၂၂) ရက် တနင်္လာနေ့နောက်ဆုံးထား၍ www.surveymonkey.com/r/wbd0419 တွင်စာရင်းပေးသွင်းနိုင်ပါသည်။ လာရောက်သည့်အခါတွင် မှတ်ပုံတင် (သို့) ပတ်စ်ပို့မူရင်းယူဆောင်လာပါရန် အသိပေးအပ်ပါသည်။ 

ဧပြီလ (၂၃) ရက် အင်္ဂါနေ့တွင် လာရောက်အသင်းဝင်သူများနှင့် အသင်းဝင်သက်တမ်းတိုးသူများအားလုံးကို "ကမ္ဘာ့စာအုပ်များနေ့" အမှတ်တရလက်ဆောင်ပေးမည့် အစီအစဉ်လည်းရှိပါသည်။ 

ဗြိတိသျှကောင်စီစာကြည့်တိုက်ဝန်ဆောင်မူများအကြောင်းကို အသေးစိတ်သိရှိလိုပါက www.britishcouncil.org.mm/english/libraries တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

#BritishCouncilMyanmar #WorldBookDay2019