Library Image

နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်

25/04/19





မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဒလသစ္စာ စာကြည့်တိုက် တို့ပူးပေါင်းစီစဉ်ပြုလုပ်သော နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် 

ဒလသစ္စာစာကြည့်တိုက်မှ စီစဉ်ပြုလုပ်တဲ့ စာပေအနုပညာ ပွဲတော် ကို ဖိတ်ပါတယ် 


စာပေအနုပညာ ပွဲတော် စာပေဟောပြောပွဲ နှင့် စာအုပ်စျေးရောင်းပွဲတော်လဲ ပါဝင်ပါမယ်


ပုံပြောပြိုင်ပွဲ ကဗျာရွတ်ပြိုင်ပွဲ စာစီစာကုံးပြိုင်ပွဲ ကျပန်းစကားပြောပြိုင်ပွဲ စာဖတ်စွမ်းရည် ပြိုင်ပွဲ ပြိုင်ပွဲ (5)မျိူးအတွက် 

ဒလမြို့နယ် ပြန်ဆက်ရုံး 

ဒလမြို့နယ် ပညာရေးမှူးရုံး

သီရိဇေယျနော်ရထာခန်းမ ဒလမြို့နယ် ခန်းမ နှင့် 

သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး များသို့သွားရောက်စုံးစမ်း စာရင်းပေးသွင်းနိုင်ကြပါပြီ 


ကဗျာရွတ်ပြိုင်ပွဲ (မူလတန်းအရွယ်ကလေးများ )

ဆရာကြီးမင်းသုဝဏ်ကဗျာ 6 ပုဒ်ပေးထားပါသည် 

ကဗျာခေါင်းစဉ်များမှာ ပန်းသည် ကိုဇီးကွက် တောက်တဲ့ စင်ရော်ငှက်ကလေးဘယ်ကလာ ရွေခဲကြက်တူရွေး ဥပုဒ်စောင့် တို့ဖြစ်ပါသည်) 

 ထို ကဗျာ ၆ ပုဒ်ထဲ မှ နှစ်သက်ရာ တစ်ပုဒ်ကို ရွေးချယ်ရွတ်ဆို ယှဉ်ပြိုင်နိုင်ပါသည် ။ကဗျာများကို စာရင်းပေးနိုင်သည့်ရုံးခန်းတိုင်းတွင် ထုတ်ယူနိုင်ပါသည် 


ပုံပြောပြိုင်ပွဲ (အလယ်တန်းအရွယ်ကလေးများ)

ခေါင်းစဉ် မပေးထားပါ 

မိမိ နှစ်သက်ရာ ပုံပြင်တစ်ပုဒ်အား ရွေးချယ်၍ စိတ်ကြိုက်ယှဉ်ပြိုင်နိုင်ပါသည် 


စာဖတ်စွမ်းရည် ပြိုင်ပွဲ (အလယ်တန်း အထက်တန်း)

ဖတ်ရမည့်စာအုပ် 

ဆရာမဒေါ်သန်းမြင့်အောင်၏ ပြည်သူ့နီတိစာအုပ် ကို ဖတ်ရှု၍ မိမိကောက်နှုတ်သုံးသပ်ချက်များအား ချရေး၍ ပြောဆိုယှဉ်ပြိုင်ရပါမည် 

စာအုပ်ပေးပါသည် 

သီရိဇေယျနော်ရထာခန်းမ ရှိ ပြိုင်ပွဲ ကျင်းပရေးကော်မတီထံတွင် လာရောက်ထုတ်ယူနိုင်ပါပြီ 


စာစီစာကုံးပြိုင်ပွဲ(အလယ်တန်း အထက်တန်း)

ခေါင်းစဉ် (3)ခု ပေးထားပါသည် 

၁ လူငယ်နှင့်ကိုယ်ကျင့်တရား

၂ ပတ်ဝန်းကျင် စိမ်းလန်းရေး 

၃ ဒလ၏ နံနက်အာရုဏ်ဦး 


ကျပန်းစကားပြောပြိုင်ပွဲ (အလယ်တန်း အထက်တန်း)

ခေါင်းစဉ် ကြိုပေးမထားပါ 

မဲနှိုက်၍ ကျရာခေါင်းစဉ်ပြောဆိုယှဉ်ပြိုင်ရပါမည် 

သို့သော် နမူနာ ခေါင်းစဉ် များ ပေးထားပါသည် 

ဥပမာ 

သိန်း တစ်သောင်းစု ပေါက်သော ညတစ်ည 

အရူးလက်မှတ်ရသောအခါ 

ကံဆိုးသောနေ့တစ်နေ့ 

မေ့မရနိုင်သော နေ့ တစ်နေ့ စသည်ဖြင့် ကျရာခေါင်းစဉ် ကို မိမိစိတ်ကြိုက်ဇာတ်လမ်းဆင်ဟာသနှော ၍ လည်း ပြောဆိုယှဉ်ပြိုင် နိုင်ပါသည်


ဒလသစ္စာ မိသားစု